Monday, July 21, 2014

နောက်ကွယ်က လက်မည်းကြီးများက။

နောက်ကွယ်က လက်မည်းကြီးများက။

အကျဉ်းထောင်ကနေ ပြန်လွှတ်လာပြီးပြီးချင်းမှာဘဲ အာဏာရှင်နေ၀င်းရဲ့  မြေးတွေဖြစ်ကြတဲ့ ကျော်နေ၀င်း၊ အေးနေ၀င်း၊ ဇွဲနေ၀င်းတို့  ညီအကိုတွေက “နယ်စည်းမခြား အမျိုးဘာသာ သာသနာ စောင့်ရှောက်သူများအဖွဲ့ ” ကို လျှို့ ဝှက်ဖွဲ့ စည်းကာ မြန်မာနိုင်ငံတွင်းမှာသာမက အရှေ့ တောင်အာရှနိုင်ငံဒေသတွေမှာပါ ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်စောင့်ရှောက်မှုတွေ လုပ်မယ်ဆိုပြီး လုပ်ခဲ့ကြတယ်ဆိုတော့ ယခုမျက်မှောက်မှာ ဖြစ်ပွားခဲ့ကြတဲ့ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေ၊ “မဘသ - အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ” ပေါ်ပေါက်တာတွေ၊ ၀ိရသူ ထောင်က ထွက်လာပြီးနောက် ဘာသာခြားမုန်းတီးရေးပြောဆိုမှုတွေ အဆက်မပြတ်ပေါ်ထွက်လာတာတွေ၊ မျိုးစောင့်ဥပဒေပေါ်ပေါက်ဖို့  လှုံဆော်ကြိုးပမ်းမှုတွေ၊ သိန်းစိန်တို့ ရဲ့  လက်ပံတောင်းတောင်ကိစ္စ သံဃာတော်တွေ မီးလောင်တိုက်သွင်းမှုတွေ၊ မဟာသန္တိသုခကျောင်းတိုက် သံဃာတော်တွေကို သင်္ကန်းချွတ်ဖမ်းဆီးခဲ့မှုတွေ အစရှိတဲ့ ဖြစ်ပျက်မှုတွေအားလုံးရဲ့  နောက်ကွယ်က လက်မည်းကြီးဆိုတာ နေ၀င်းမျိုးဆက်ရဲ့  လက်မည်းကြီးတွေ သန်းရွှေမိသားစုရဲ့  လက်မည်းကြီးတွေနဲ့  သိန်းစိန်တို့ ရဲ့  လက်မည်းကြီးတွေလို့  ဆက်စပ်သုံးသပ်ရပါတယ်။



No comments: