Monday, September 15, 2014

ဗုဒ္ဓဘာသာတရားတော်မြတ်အား ကာကွယ်စောင့်ရှောက်ရန်အတွက် သဘောထားထုတ်ပြန်ချက်။

ဗုဒ္ဓဘာသာတရားတော်မြတ်အား မိစ္ဆာဒိဌိများ၊ အာဏာရူးများ၊ ဘာသာတရား ခုတုံးလုပ်သူများ၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခဖန်တီးသူများ၊ အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးအတွက် အားပေးသူများ ရန်မှ ကာကွယ်စောင့်ရှောက်ရန်အတွက် သဘောထားထုတ်ပြန်ချက်။

နစ်နေမန်းမှ ဖော်ပြသည့် ၀ိရသူနှင့် ပတ်သက်သော ပို့ စ်များ၊ အာဏာရူးအုပ်စု၏ ဘာသာတရားအပေါ် ခုတုံးလုပ် ပဋိပက္ခဖန်တီးမှုအကြောင်း ဖော်ထုတ်တင်ပြသော ပို့ စ်များနှင့် ပတ်သက်၍ နစ်နေမန်း၏ သဘောထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ဗုဒ္ဓဘာသာတရားအား ခုတုံးလုပ် အသုံးချကာ အာဏာတည်တံ့ရေးအတွက် ယုတ်မာသော လုပ်ရပ်များ ဖန်တီးနေကြသည့် အာဏာရူးအုပ်စုနှင့် လက်ပါးစေ သာသနာဖျက်များအား ဆက်လက် ဆန့် ကျင်သွားမည်။

- အာဏာရှင်အဆက်ဆက် လက်ထက်တိုင်းတွင် စစ်မှန်သော ဗုဒ္ဓဘာသာတရားတော်၏ ဂုဏ်တော်မြတ်အား ညှိုးနွမ်းအောင် အမျိုးမျိုးသော နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ကြသည့်အပြင် အဆိုးရွားဆုံးဖြစ်သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း မြင့်မြတ်သော သံဃာတော်များအား ကိုယ်ထိလက်ရောက် ရိုက်ပုတ်သတ်ဖြတ် စော်ကားခဲ့သည့် အာဏာရူးအုပ်စုနှင့် လက်ပါးစေတို့ သည် ၂၀၀၇ ကာလအလွန် ယခုလက်ရှိထိတိုင်အောင် သာသနာတော်အား ပိုမိုညှိုးနွမ်းစေအောင် ဆောင်ရွက်နေသည်သာမက သံဃာတု သံဃာယောင်များ မွေးထုတ်ကာ သံဃာထုအတွင်း ဖြိုခွဲခြင်း၊ သံဃာထုနှင့် ပြည်သူလူထုအကြား သွေးခွဲခြင်းတို့ ကို လုပ်ဆောင်နေသဖြင့် စစ်မှန်သော ဗုဒ္ဓဘာသာတရားတော်မြတ်အား ကာကွယ်စောင့်ရှောက်ရန်အတွက် အဆိုပါ အတုအယောင်များအား သိသာထင်ရှားအောင် ဖော်ထုတ်သွားမည်။

- အထူးသဖြင့် မြန်မာပြည်တစ်ဝှမ်းသာမက ကမ္ဘာတစ်ဝှမ်းပါ ကျော်စောထင်ရှား လေးစားမှုရခဲ့သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၏ ဂုဏ်ရောင်တောက်ပြောင်မှုကို အာဏာရှင်အုပ်စုမှ အငြိုးကြီးစွာဖြင့် စနစ်တကျ ဖျက်ဆီးနေခြင်းဟု လုံးဝ ယုံကြည်သည်။

- ၀ိရသူသည် အမျိုးသားရေးကို ဘန်းပြ၍ အာဏာရှင်အလိုကျ ကြိုးဆွဲရာ ကနေသည့် ဖောက်ပြန်သော သင်္ကန်းအရည်ခြုံသမားအဖြစ် သတ်မှတ်သည့်အပြင် လူမျိုးရေးမုန်းတီးမှု ဘာသာတရားခွဲခြားမှု ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးစေရန် ဖန်တီးမှုများ ပြုလုပ်သည့် လက်သည်တရားခံတစ်ဦးအဖြစ် သတ်မှတ်သည့်အတွက် ၀ိရသူအား ဆက်လက်ဆန့် ကျင်သွားမည်။ ထို့ အပြင် ၀ိရသူအား ကြိုးဆွဲစေခိုင်းနေသူများအားလည်း ဖော်ထုတ်သွားမည်။

- အမျိုးသားရေးဘန်းပြကာ အာဏာရှင်စနစ် သက်တမ်းရှည်ရေး၊ အာဏာရူးအုပ်စုအား ၄င်းတို့  အလိုကျ အားပေးအားမျြောက်ပြုကာ မိမိတို့ ၏ စစ်မှန်သော ဗုဒ္ဓဘာသာတရားတော်မြတ်အား မှန်ကန်သော နည်းလမ်းများဖြင့် ကာကွယ်မှု မပြုဘဲ၊ ၀ိရသူနှင့် အာဏာရူးများဘက်မှ ရပ်တည်သူများအား ရှုတ်ချသည်။

- ယခုဖော်ပြသော သဘောထားနှင့်အတူ နစ်နေမန်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကြောင်းနှင့် မြန်မာလူမျိုးတစ်ယောက်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားအပ်သည့်အပြင်၊ ဗုဒ္ဓဘာသာတရားတော်မြတ်နှင့် စစ်မှန်သော သံဃာထုအကျိုးအတွက် ဗုဒ္ဓဘာသာတရားတော်အား ညှိုးနွမ်းအောင် ပျက်ပြားအောင် လုပ်ဆောင်နေကြသည့် ဘာသာတူ အာဏာရူးဘက်တော်သားများအား ဆက်လက်ဆန့် ကျင်သွားမည်။

- မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့် ဘာသာဝင်ဖြစ်စေ အမိမြန်မာနိုင်ငံ၊ တိုင်းပြည်နှင့် လူမျိုး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ထိခိုက်နာကျင်စေသော အကြမ်းဘက်မှုများကို လုံးဝ ကန့် ကွက်သည်။ သို့ သော် ထိပ်တန်းအာဏာရူးကြီးများနှင့် မိသားစုအနွယ်ဝင်များဖြစ်ကြသည့် နေ၀င်း၊ သန်းရွှေ၊ ရွှေမန်း၊ သိန်းစိန်တို့ အပါအ၀င် ၄င်းတို့ ၏ မိသားစုအနွယ်အပွားများ၊ ၄င်းတို့ နှင့်အတူ အခြားသော ထိပ်တန်းအာဏာရူးများအား မည်သို သောနည်းဖြင့်ဖြစ်စေ တော်လှန်တိုက်ခိုက်မှုများအား အားပေးသည်။

- ဗုဒ္ဓဘာသာတရားတော်မြတ်နှင့် စစ်မှန်သော သံဃာထုများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့်အတူ ဘာသာတူ အာဏာရူးဘက်တော်သားများအား ဆန့် ကျင်ဖော်ထုတ်မှုများ ပြုလုပ်နေချိန်တွင် အခြားသော ဘာသာမတူ လူမျိုးမတူသူများမှ ဗုဒ္ဓဘာသာတရားတော်မြတ်အား ထိခိုက်စေအပ်သော ၀င်ရောက်ပြောဆိုမှုများ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်သည်။ ထို့ အတူ အခြားသော ဘာသာဝင်အဖြစ် ဟန်ဆောင်ကာ ဘာသာရေး ပဋိပက္ခ လူမျိုးရေးပဋ္ဋိပက္ခဖြစ်စေရန် ဖန်တီးသူများ၏ အင်တာနက် ဖေ့စ်ဘွတ်အကောင့်များအား ၀ိုင်းဝန်းဖော်ထုတ်ပေးကြပါရန် ကျွမ်းကျင်သူ ပညာရှင်များအား အကူအညီတောင်းခံအပ်သည်။

- ဗုဒ္ဓဘာသာတရားတော်မြတ် တည်တံ့ခိုင်မြဲရေး၊ အာဏာရူးအုပ်စု၏ အသုံးချခံ ဘာသာတရား မဖြစ်ရေး၊ သာသနာတော် စင်ကြယ်သန့် ရှင်းရေးတို့ အတွက် စစ်မှန်သော ရဟန်းသံဃာတော်မြတ်များနှင့် ဗုဒ္ဓဘာသာတရားတော်မြတ်အား ယုံကြည်သက်ဝင်ကြသော ဗုဒ္ဓဘာသာဝင်သူတော်စင်များမှ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်သည်။

- ဗုဒ္ဓဘာသာတရားတော်မြတ် တည်တံ့ခိုင်မြဲရေးနှင့် သာသနာတော် စင်ကြယ်သန့် ရှင်းရေးအတွက် ဗုဒ္ဓဘာသာဝင် အမည်ခံ ဗုဒ္ဓဘာသာတရားအား ဖျက်ဆီးသူများသာမက၊ မစစ်မှန်သော သင်္ကန်းခြုံများအား ကွဲပြားခြားနားစွာ ဖော်ထုတ်ဆန့် ကျင်သွားမည်။

နစ်နေမန်း၏ သဘောထားနှင့် ပတ်သက်၍ တူညီသော ခံယူချက်ရှိသူများ ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်နိုင်ပါသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသစ္စာဖြင့် -

နစ်နေမန်း။


No comments: