Monday, October 27, 2014

ဆရာကြီး ဦးအောင်သင်းရေ .... ကွယ်လွန်သွားတာတောင် နောက်ကနေ လိုက်နှောင့်ယှက်နေကြလေရဲ့  ... ။

ဆရာကြီး ဦးအောင်သင်းရဲ့  တပည့် မင်းအောင်လှိုင်နှင့် ဇနီးတို့ ၊ ရွှေမန်းနှင့် အမှတ်စဉ် (၁၁) မှ တပည့်များတို့ ၊ ကျန်ရစ်သူ မိသားစုနဲ့ အတူ ကြေကွဲဝမ်းနည်းပြနေလိုက်ကြတာ။ ဆရာကြီး ဦးအောင်သင်းအတွက် စိတ်တောင် မကောင်းဖူး။ ဒီလို တပည့်ဆိုးဆိုသူတွေက သေမှ ဟန်ပြဆုတောင်းပေးနေကြလို့ ။ တိုင်းပြည်နဲ့  လူမျိုးကို လက်နက်အားကိုးနဲ့  ဗိုလ်ကျစိုးမိုးနေကြတဲ့သူတွေ ဆရာကြီး ဦးအောင်သင်းမှာ တပည့်အဖြစ် ရှိလိမ့်မယ်လို့  သတ်မှတ်လိမ့်မယ်လို့  လုံးဝ မယုံကြည်ပါဖူး။ ဆရာကြီး ဦးအောင်သင်းကိုသာ အတင်းအဓမ္မ တပည့်လိုက်တော်ပြနေကြတယ်လို့  သုံးသပ်ပါတယ်။ ဆရာကြီး ဦးအောင်သင်းရေ .... ကွယ်လွန်သွားတာတောင် နောက်ကနေ လိုက်နှောင့်ယှက်နေကြလေရဲ့  ... ။
 
 
 

No comments: