Saturday, October 11, 2014

အထူးဗွီဒီယိုမှတ်တမ်း - Why and how Students Dormitories were gone systematically?

အထူးဗွီဒီယိုမှတ်တမ်း - Why and how Students Dormitories were gone systematically? - ကျောင်းသူကျောင်းသားတွေရဲ့  ကျောင်းနေအဆောင်တွေကို ဘယ်လို ဘာကြောင့် စနစ်တကျဖျက်ဆီးပစ်ခံခဲ့ရတာလည်း။
 
“Why and how Students Dormitories were gone systematically?” - ကျောင်းသူကျောင်းသားတွေရဲ့  ကျောင်းနေအဆောင်တွေကို ဘယ်လို ဘာကြောင့် စနစ်တကျဖျက်ဆီးပစ်ခံခဲ့ရတာလည်း ဆိုတဲ့ ဗွီဒီယိုမှတ်တမ်းပါ။
 
အာဏာရှင်အစိုးရရဲ့  ယုတ်မာသော စိတ်ဓါတ်တွေ၊ ကျောင်းသူကျောင်းသားတွေအပေါ် ထားရှိတဲ့ အငြိုးစိတ်တွေ၊ ပြည်သူလူထုရဲ့  သားသမီးရင်းချာတွေ ပညာသင်ကြားရေး နိမ့် ကျလေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေ၊ တိုင်းပြည်ရဲ့  အနာဂတ် ပြည်သူ့ ရင်သွေးတွေကို ချိုးနှိမ်ထားမှုတွေကို သက်သေပြလိုက်တဲ့ ဒီဗွီဒီယိုမှတ်တမ်းကို ကျောင်းသူကျောင်းသားများသာမက မြန်မာပြည်သူပြည်သားများအားလုံး ကြည့်ရှူကြပါ လက်ဆင့်ကမ်း အသိပေးကြပါလို့  အထူးမေတ္တာရပ်ခံပါတယ်။
 
ဒီဗွီဒီယိုမှတ်တမ်း ရိုက်ထူးခဲ့တဲ့  အက်ဂါ ဟိန်းဇ် "Edgar Heinz" ကို လေးစားစွာ ကျေးဇူးတင် မှတ်တမ်းတင်အပ်ပါတယ်။ ထို့ အတူ ဒီဗွီဒီယိုမှတ်တမ်းမှာ ပါဝင်ပြီး ပြည်သူ့ အရေး ကျောင်းသူကျောင်သားများအရေးအတွက် မိမိတို့ ရဲ့  အမြင်များကို ရဲရဲဝန့် ဝန့်  ပြောကြားခဲ့ကြတဲ့သူများအားလုံးကို လေးစားစွာ ဂုဏ်ယူမိပါတယ်။
 
ဒီဗွီဒီယိုမှတ်တမ်းကို ပေးပို့ ကာ ဖော်ပြခွင့်ပြုခဲ့တဲ့ အကိုကြီးကိုလည်း ကျေးဇူးများစွာတင်ရှိပါတယ်။
 
ကျောင်းသူကျောင်းသားတွေရဲ့  ကျောင်းနေအဆောင်တွေကို လစ်လျူရှု ပစ်ပယ်ထားမှုတွေ၊ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအဆင့်အတန်း နိမ့်ပါးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေကို ဘယ်သူလုပ်သလည်းဆိုရင်တော့ ခေတ်တိုင်းမှာ ကြီးစိုးချယ်လှယ် ဖိနှိပ်ချူပ်ခြယ် အနိုင်ကျင့် မတရားမှုတွေ လုပ်ဆောင်နေတဲ့ ယခင် ယခု အာဏာရှင်အုပ်စုသာဖြစ်ကြောင်း ရဲရဲကြီး တိတိကျကျ ဖြေလိုက်ပါတယ်။ 

ဘာကြောင့်လုပ်သလည်းဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် ငုံ့ မခံဘဲ တွန်းလှန်ဆန့် ကျင်ကြတဲ့ ကျောင်းသူကျောင်းသားများရဲ့  အနာဂါတ်လှပဖို့  အရည်အချင်းတိုးတက်မြင့်မားဖို့  နိုင်ငံခေါင်းဆောင်ကောင်းတွေ မဖြစ်လာဖို့ ကို ဟန့် တား ချိုးနှိမ်အမြစ်ဖြတ်ပစ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့  စနစ်တကျ ဖျက်ဆီးတာ ဖြစ်ပါတယ်။
 
ဒီဗွီဒီယို မှတ်တမ်းကို အများပြည်သူလူထုနဲ့  ကျောင်းသူကျောင်းသားတိုင်း သိရှိရအောင် ၀ိုင်းဝန်းဖြန့် ပေးကြပါ။
 
အာဏာရှင်အုပ်စုရဲ့  ယုတ်မာမှုကို ကျောင်းသူကျောင်းသားတွေတင်မက ပြည်သူပြည်သားအားလုံး အတူတစ်ကွ တွန်းလှန်ဖယ်ထုတ်ကြပါစို့  ...


 

No comments: