Friday, November 7, 2014

၂၄ နာရီအတွင်း ကိုပါကြီးအလောင်းကို သင်္ဂြိုလ်ပါလို့  ပြောတာ အတင်းအဓမ္မ လုပ်ဆောင်တာဘဲ။

အာဏာရှင်အုပ်စုနဲ့  လက်ပါးစေတွေက ထုတ်ပြန်တဲ့ အမိန့် စာဟာ ၂၄ နာရီအတွင်း ကိုပါကြီးအလောင်းကို သင်္ဂြိုလ်ပါလို့  ပြောတာ အတင်းအဓမ္မ လုပ်ဆောင်တာဘဲ။
 
နောက်ဆက်တွဲ စစ်ဆေးချက်တွေ ထပ်လုပ်မရအောင် တားဆီးပစ်လိုက်တာဘဲ။ ကျန်ရစ်သူ မိသားစုနဲ့  မိတ်ဆွေတွေ ကိုပါကြီးကို နောက်ဆုံးနှုတ်ဆက်ခွင့် မရအောင် ပိတ်ပင်လိုက်တာဘဲ။ သေဆုံးသူ ကိုပါကြီးအပေါ် ထပ်မံယုတ်မာပြလိုက်တာဘဲ။ ဇနီးဖြစ်သူ မသန္တာနဲ့  သမီးဖြစ်သူတို့ အပေါ် ကိုယ်ချင်းစာတရား ကင်းမဲ့လိုက်တာဘဲ။
 
အာဏာရှင်အုပ်စုရဲ့  ပြည်သူလူထုအပေါ် ထားရှိဆက်ဆံနေတဲ့ အာဏာဆိုတဲ့ ရမ်းကားမှုကို ပေါ်ပေါ်တင်တင် သက်သေပြလိုက်တာဘဲ။ 

ကိုပါကြီးရဲ့  ဇနီး မသန္တာအပေါ် အနှောင့်အယှက် ပေးနေတာတွေ ရပ်တန့် ပေးပါ။
 
ကိုပါကြီးရဲ့  ဇနီးဖြစ်သူရဲ့  အဆင်ပြေစွာ စီမံမှုကို ရရှိနိုင်အောင် မလိုက်လျော မဆောင်ရွက်ဖူးဆိုရင် သိန်းစိန်တို့  အာဏာရှင်အုပ်စုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက ပြင်းပြင်းထန်ထန် တုန့် ပြန်ဖို့  လိုပြီ။
 
ကိုပါကြီးရဲ့  ဇနီး မသန္တား ပြည်သူလူထုတစ်ရပ်လုံးက ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးကြပါ၊ လိုအပ်သော အကူအညီများ ပေးကြပါလို့  အထူးမေတ္တာရပ်ခံအပ်ပါတယ်။
 
မသန္တာရဲ့  မေတ္တာရပ်ခံချက်ကို သိရှိရအောင် လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်။ 
 
“ကျမ ခင်ပွန်းသည်ကို ရန်ကုန်မှာ သင်္ဂြိုလ်ဘို့ အတားအဆီး အခက်အခဲတွေ အများကြီးဖြစ်နေပြီ၊ ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်မှာ ဂူသွင်းရတာ သားသမီးတွေအတွက်ပါ၊ ကိုပါကြီးနှင့် ကျမတို့ မိသားစုအားလုံး ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေပါ၊ သူ ရက်ရက်စက်စက်အသတ်ခံရမှုအတွက် စိတ်အစွဲဖြစ်သွားမှာစိုးလို့ အလှုလည်း ပြုချင်နေပါတယ်။ ဒါကြောင့် ဘယ်လိုမှ ရခိုင်လို ဖြစ်သွားချင်လားဆိုတဲ့ ညက ခြိမ်းခြောက်မှု မဖြစ်နိုင်ပါ။ ကိုပါကြီး အမှုတရားမျှတ မပေါ်ပေါက်လာရင် ကိုပါကြီးလို လူမသိဘဲ အသတ်ခံရတဲ့ မြန်မာနိင်ငံအတွင်းက လူမျိုးစုများ ဘာသာဝင်အသီးသီး ရဲ့အမှန်တရားပါ ပေါ်ပေါက်လာနိုင်ပါတယ်။
 
နောက်ကိုပါကြီးလို ထပ်မဖြစ်အောင်လည်း ကာကွယ်နိုင်မှာပါ၊ ကျမကို ဝိုင်းပြီးကူညီကြပါဦး။”
 
 
 

No comments: