Saturday, November 8, 2014

ဆက်လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်။

ကိုပါကြီးကို ရန်ကုန်မြေကို အခက်အခဲများစွာကြားထဲမှ အရောက်ပြန်လည်သယ်ဆောင်နိုင်ခဲ့တဲ့ ကိုပါကြီးရဲ့  ဇနီးဖြစ်သူ မသန္တာကို များစွာလေးစားမိပါတယ်။ ထို့ အတူ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ဒေသခံပြည်သူလူထုများနဲ့  ပြည်တွင်းပြည်ပ မိတ်ဆွေ သူငယ်ချင်း ရဲဘော်ရဲဘက်များရဲ့  ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း လွန်စွာဂုဏ်ယူမိပါတယ်။
 
ကိုပါကြီး ရန်ကုန်မြေမှာ လဲလျောင်းအေးချမ်းသွားပေမယ့် ကိုပါကြီးကို မတရား နှိပ်စက်ညဉ်းပမ်းသတ်ဖြတ်ခဲ့ကြတဲ့ အဓိကတရားခံများနဲ့  နောက်ကွယ်မှ တာဝန်ရှိသူများကို တရားဥပဒေအရ အရေးယူနိုင်သည့်အထိ ၀ိုင်းဝန်းဆောင်ရွက်ကြရဖို့  ရှိနေပါသေးတယ်။
 
နောက်ထပ် ဒီလို မတရားသတ်ဖြတ်မှုတွေ ထပ်မံ မပေါ်ပေါက်ရေးအတွက် ပြည်သူလူထုရဲ့  အသက်ဘေးအန္တရာယ်ကို အကာအကွယ်ပေးမယ့်၊ ဘ၀လုံခြုံရေးကို အာမ ခံမယ့် စစ်မှန်သော အခြေခံဖွဲ့ စည်းပုံဥပဒေနဲ့  ပြည်သူ့ အစိုးရအစစ်အမှန် ပေါ်ထွန်းရေးအတွက် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ အဓိကပြင်ဆင်ရမယ့် ၄၃၆ ကို မဖြစ်မနေ ပြင်ဆင်လို့ ရအောင် ပြည်သူ့ အားတစ်ရပ်လုံး လိုပါတယ်၊ ပြည်သူလူထု တစ်ဦးချင်းစီကနေ လက်တွေ့ ကျကျ ဆောင်ရွက်ကြဖို့  အလျင်အမြန် လိုအပ်နေပါတယ်။
 
 
 

No comments: