Wednesday, November 5, 2014

သေဆုံးခဲ့သူ ကိုပါကြီးလည်း လူစားထိုး မခံပါရစေနဲ့ ဗျာ၊ မသန္တာလည်း လိမ်လည်လှည့်ဖြားခြင်း မခံရပါစေနဲ့ ဗျာ။

သေဆုံးခဲ့သူ ကိုပါကြီးလည်း လူစားထိုး မခံပါရစေနဲ့ ဗျာ၊ မသန္တာလည်း လိမ်လည်လှည့်ဖြားခြင်း မခံရပါစေနဲ့ ဗျာ။

ဒီပုံအရ မျက်နှာတစ်ခုကို ဘယ်သူဘယ်ဝါ မသိရလေအောင် ဖျက်ဆီးထားတယ်၊ အလောင်းမြုပ်ထားတာ ရက် ၂၀ အနည်းဆုံးဆိုရင် ခန္ဓာကိုယ် အသားအရေတွေ မပျက်ဆီးသေးတာ၊ ၀တ်ထားတဲ့ အ၀တ်အစား အစိတ်အပိုင်း မြင်လို့ ရနေတာ၊ ရရှိတဲ့ ဒဏ်ရာတွေ အနေအထား ခန့် မှန်းနိုင်တာလောက်နဲ့  ကိုပါကြီးပါလို့  မခိုင်လုံဖူး။ အရပ်အမြင့် အရွယ်အစားတူတာလောက်နဲ့  စစ်တပ်ထဲမှာရော အပြင်မှာရော ရှာရတယ်။ ဖမ်းဆီးခံရစဉ်က အ၀တ်အစား တူအောင် လုပ်ရတယ်။

ဖြစ်စဉ်တစ်လျှောက်ကို ကြည့်ပြီး ကိုပါကြီးကို ညဉ်းပမ်းနှိပ်စက်ပြီးမှ သတ်တယ်ဆိုတာ မငြင်းနိုင်တော့လို့  အတတ်နိုင်ဆုံး တူအောင် လုပ်ပြီး လူတစ်ယောက်ကို သတ်ကာ အစားထိုးထားတယ်လို့  ယူဆတယ်။ အဲ့ဒီ အစားထိုးခံရသူဟာ ဘယ်သူလည်း၊ ကိုပါကြီးကို သတ်သူထဲကလား၊ စစ်တပ်ထဲက ထိုးကျွေးတာတော့ မဖြစ်နိုင်ဖူး။ အရပ်သားဘက်က ဖြစ်ရင်တော့ နောက်ထပ် ရက်စက်မှု တစ်ခုပါဘဲ။

ဒီ တူးဖော်ပြတဲ့ အလောင်း ကိုပါကြီး ဟုတ် မဟုတ်ကို ခိုင်လုံသော စစ်ဆေးချက်တွေနဲ့  ဘယ်လို သက်သေပြမလည်း။

DNA လို့  ခေါ်တဲ့ စစ်ချက်မှတ်တမ်းတွေတောင် အတုလုပ်လို့ ရပါတယ်။

သေဆုံးခဲ့သူ ကိုပါကြီးလည်း လူစားထိုး မခံပါရစေနဲ့ ဗျာ၊ မသန္တာလည်း လိမ်လည်လှည့်ဖြားခြင်း မခံရပါစေနဲ့ ဗျာ။





No comments: