Tuesday, December 16, 2014

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ရဲ့  Lindt Chocolate Cafe ကဖေးဆိုင် အကြမ်းဘက်မှု အဖြစ်အပျက်အပေါ် တွေ့ မြင်သုံးသပ်ချက်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ရဲ့  Lindt Chocolate Cafe ကဖေးဆိုင် အကြမ်းဘက်မှု အဖြစ်အပျက်အပေါ် တွေ့ မြင်သုံးသပ်ချက်။

(၁) အကြမ်းဘက်မှု ဖြစ်ပွားမှု စတင်ပြီး ၁၅ မိနစ်အတွင်းမှာ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ လုံခြုံရေးအင်အားစုတွေ ရဲတပ်ဖွဲ့ တွေ အရေးပေါ်ကယ်ဆယ်ရေးတွေ မီးသတ်ကားတွေ လူနာတင်ကားတွေ အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန်ရောက်ရှိခဲ့ကြတယ်။ ကျွမ်းကျင်တဲ့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ တွေ စနစ်တကျ အချိန်နဲ့ အမျှ အကြမ်းဘက်မှု ဖြစ်ပွားရာနေရာမှာ အသင့်အနေအထားနဲ့  တာဝန်ယူထားကြတယ်။

(၂) အစိုးရအဖွဲ့  ၀န်ကြီးချူပ်၊ သက်ဆိုင်ရာ ၀န်ကြီးတွေ၊ ရဲတပ်ဖွဲ့  အကြီးအကဲတွေ ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်တာဝန်ယူပြီး၊ နိုင်ငံတစ်နိုင်ငံလုံးက ပြည်သူလူထုတစ်ရပ်လုံး ဖြစ်ပွားမှုအခြေအနေတွေကို သိရှိရလေအောင် တီဗွီ ရေဒီယို မီဒီယာတွေကနေ လက်ရှိအနေအထားတွေကို အဆက်မပြတ် တင်ပြပြောဆို ထုတ်လွှင့်ပေးတယ်။

(၃) အကြမ်းဘက်မှု ဖြစ်ပွားတဲ့ အခြေအနေနဲ့  ပတ်သက်ပြီး သတင်းမေးလိုသူ သတင်းပေးပို့ အကြောင်းကြားလိုသူတွေအတွက် အရေးပေါ် ဆက်သွယ်ရေး ဖုန်းနံပါတ်ကို အစိုးရကနေ တရားဝင်ကြေညာထုတ်ပြန်ပေးပြီး၊ေးမမြန်းပြောဆိုလာမှုတိုင်းကို ဖြေကြားပေးတယ်။

(၄) အကြမ်းဘက်မှုမှာ ဓားစာခံဖြစ်ခဲ့သူတွေကို ထိတ်လန့် မှုကြောင့် စိတ်ထိခိုက်မှုပိုင်းဆိုင်ရာက အစ ထိခိုက်ဒဏ်ရာရမှုတွေအတွက် ဆေးကုသပေးမှုကို အစိုးရအဖွဲ့ အစည်းတွေက အပြည့်အ၀ တာဝန်ယူဆောင်ရွက်ပေးတယ်။

(၅) အကြမ်းဘက်မှုမှာ ဓားစာခံဖြစ်နေသူတွေရဲ့  မိဘဆွေမျိုးသားချင်းတွေထံ အဆက်အသွယ် အလျင်အမြန်လုပ်ပြီး အားပေးမှုတွေနဲ့  အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေကို အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ အဖွဲ့ အစည်းတွေက လုပ်ဆောင်ကြတယ်။

(၆) အကြမ်းဘက်မှုရဲ့  နောက်ဆက်တွဲ ဖြစ်ပွားနိုင်မယ့် အနေအထားတွေကို ကာကွယ်နိုင်ဖို့ အတွက် အနီးအနားရှိ ပြည်သူပြည်သားတွေကို ဘေးအန္တရာယ် ကင်းရှင်းရာနေရာကို အလျင်အမြန် ပို့ ဆောင်ပေးသလို၊ အခြားသော နေရာဒေသ အဆောက်အဦး အစရှိတဲ့ အရေးကြီးရာ ဌာနတွေ အများပြည်သူရှိရာနေရာတွေကိုပါ လုံခြုံရေးတပ်ဖွဲ့ အင်အားတွေ ရောက်ရှိကာ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ကြတယ်။

(၇) အကြမ်းဘက်မှု ကျူးလွန်သူကို အကြမ်းဘက်သူအဖြစ်သာ မြင်ပြီး၊ အခြားသော ဘာသာရေး ကွဲပြားမှု လူမျိုး မတူမှုတွေနဲ့  မရောယှက်ဘဲ အကြမ်းဘက်သူကို တရားဥပဒေအရသာ အရေးယူဆောင်ရွက်ဖို့  လိုလားကြတယ်။

(၈) အကြမ်းဘက်မှုကို အသားအရောင် ဘာသာ လူမျိုး မခွဲခြားဘဲ လူသားချင်းစာနာစိတ်ဓါတ်နဲ့  အပြန်အလှန် ရိုင်းပင်းကူညီ လက်တွဲဆောင်ရွက်ကြတယ်။

(၉) အကြမ်းဘက်မှုကြောင့် မဆီမဆိုင် မပတ်သက်သူတွေအပေါ် နောက်ဆက်တွဲ ရိုက်ခတ်နိုင်မယ့် ဂယက်ကို စိုးရိမ်ကြောက်လန့် နေကြတဲ့သူတွေကို စာနာတရားအပြည့်နဲ့  ဖေးမကူညီပြီး လက်တွေ့ ကျကျ အားပေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ကြတယ်။

(၁၀) တိုင်းပြည်အတွင်း ဖြစ်ပွားတဲ့ ပြည်တွင်းရေးရာကိစ္စတွေမှာ သြစတြေးလျစစ်တပ်က ၀င်ရောက်စွက်ဖက်ဆောင်ရွက်တာမျိုး လုံးဝ မရှိဖူး။ ရဲတပ်ဖွဲ့ ကသာလျှင် အပြည့်အ၀ တာဝန်ယူဆောင်ရွက်တယ်။

အစိုးရအဖွဲ့ တွေ၊ လုံခြုံရေးတပ်ဖွဲ့ တွေ ရဲတပ်ဖွဲ့ တွေဆိုတာ ပြည်သူလူထုရဲ့  အသက်အိုးအိမ်တွေကို အပြည့်အ၀ ကာကွယ်စောင့်ရှောက်ပေးရတဲ့ တာဝန်ဝတ္တရားအပြည့်ရှိတယ်။ ပြည်သူ့ အစိုးရဆိုတာ ပြည်သူလူထုက ယုံကြည်အားကိုးရတဲ့ ပြည်သူလူထုက လေးစားချစ်ခင်တဲ့ အစိုးရမျိုး ဖြစ်ရသလို၊ ပြည်သူ့ လူထုကနေ ရွေးချယ်တင်မြောက်ခြင်းနဲ့  ပြည်သူ့ အစိုးရဖြစ်လာသူတွေကလည်း ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အ၀ ကာကွယ်စောင့်ရှောက် တာဝန်ယူပေးရမယ့် တာဝန် ရှိတယ်။

မြန်မာပြည်မှာ ဖြစ်ပေါ်တဲ့ အကြမ်းဘက်မှုအခြေအနေတွေနဲ့  သြစတြေးလျနိုင်ငံရဲ့  မြို့ တစ်မြို့ ရှိ ကဖေးဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားတဲ့ အကြမ်းဘက်မှုအခြေအနေကို နှိုင်းယှဉ်ကြည့်တာပါ။

No comments: