Wednesday, January 7, 2015

အလွမ်းအိမ် (facebook account name – Alwan Eain) ဆိုတဲ့သူ နစ်နေမန်းထံ ရေးသားလာမှုအား ပြန်လည်ဖြေကြားခြင်း။

အလွမ်းအိမ် (facebook account name – Alwan Eain) ဆိုတဲ့သူ နစ်နေမန်းထံ ရေးသားလာမှုအား ပြန်လည်ဖြေကြားခြင်း။

နစ်နေမန်းကို ပြောလာတဲ့အထဲမှာ - နစ်နေမန်းဟာ -

တပ်ကို ဖြိုခွဲနေတာလား -

ဟုတ်ပါတယ်၊ မြန်မာ့တပ်မတော်ထဲမှာ အာဏာရူးဗိုလ်ချူပ် ဗိုလ်ရှုပ်တွေရယ်၊ ကပ်ဖားယက်ဖား လက်ကိုင်တုတ်လက်ပါးစေဖြစ်နေကြတဲ့ တိုင်းပြည်အတွက်အတွက် ဆန်ကုန်မြေလေး ယူနီဖောင်းဝတ်သမားတွေနဲ့  တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပြီး ဘယ်အခွင့်အရေးမှ မရရှိကြဘဲ စစ်မှန်တဲ့ တပ်မတော်သားကျင့်ဝတ်နဲ့ အညီ နေထိုင်နေကြတဲ့ ပြည်သူ့ တပ်မတော်သားပီသသူ ပီသလိုသူတွေနဲ့ ကို ခွဲခြားနေတာပါ။ တပ်မတော်နဲ့  အာဏာရူးအုပ်စုကို ခွဲခြားပါတယ်။

Online သတင်းတွေမှာ တသက်လုံး တပ်မတော်ကို အပုပ်ချလာတဲ့ကောင် -

နစ်နေမန်းရဲ့  ပို့ စ်ပေါင်း ဘယ်လောက်အရေအတွက် ရှိသလည်းဆိုတာနဲ့  ပို့ စ်တွေမှာ ဘာတွေ ရေးသားဖော်ပြလည်းဆိုတာ ဂဃနဏတောင် မသိဘဲ ပြောနေတာမို့  အရင်ဆုံး ပြန်လေ့လာဖတ်ကြည့်လိုက်ပါဦး။ ပြည်သူချစ်ခဲ့တဲ့ တပ်မတော်ရဲ့  မြင်မြတ်ခဲ့တဲ့ ဂုဏ်သိက္ခာကို တစ်စစီချိုးဖျက်ပြီး မိမိကိုယ်ကို အမွမ်းတင်၊ မိမိနဲ့  မိသားစုဆွေမျိုးသားချင်းတွေ ကောင်းစားရေးကို လုပ်၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို ခိုးယူမောင်ပိုင်စီးနေကြတဲ့ အာဏာရူးတွေရဲ့  မသေခင်ကတည်းက ပုပ်ပွနေတဲ့ လုပ်ရပ်တွေအကြောင်းကို အမြဲပြောနေပါတယ်။

စစ်သည်တော်တွေကို သနားသလိုလိုနဲ့  -

အထက်က အမိန့် ကို မတရားမှန်း သိသိနဲ့ ဘဲ ခေါင်းငုံ့ ခံပြီး အောင်းအည်းကြိတ်မှိတ်ကာနေနေကြရတဲ့  စစ်သည်တော်တွေ၊ ရှေ့ တန်းစစ်မျက်နှာတွေမှာ အသက်ပေးခဲ့ကြရတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စွန့် လွှတ်ခဲ့ကြရတဲ့ စစ်သည်တော်တွေ၊ တပ်မတော်ကနေ ထွက်ခွာခဲ့ကြရပြီး အပြင်လောကမှာ စွန့် ပယ်ခံရ ဘ၀တွေ ရုန်းကန်လှုပ်ရှားနေကြရတဲ့ စစ်သည်တော်ဟောင်းတွေ၊ အာဏာရူးအရာရှိတွေရဲ့  အနိုင်ကျင့် ခိုင်းစေပြောဆိုမှုတွေကို မခံမရပ်နိုင်လွန်းလို့  ပြန်လည်တုန့် ပြန်မိလို့  မတရားအရေးယူခံလိုက်ရတဲ့ စစ်သည်တော်တွေ၊ တိုင်းပြည်နဲ့  လူမျိုး လွတ်မြောက်စေချင်လွန်းလို့  အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်မိလို့  အရေးယူခံလိုက်ရတဲ့ စစ်သည်တော်တွေကို ထပ်တူထပ်မျှ ကိုယ်ချင်းစာပြီး ညီရင်းအကိုသဖွယ် ရင်ထဲကနေ ကြင်နာသနားစိတ်ရှိတာ။ သနားသလိုလို မဟုတ်။ ခက်ခဲမွန်းကြပ်နေတဲ့ စစ်သည်တော်ကောင်းတွေရဲ့  ဘ၀တွေကို တကယ့်ကို ကြင်နာသနားတဲ့စိတ်နဲ့  အေးချမ်းစေချင် လွတ်မြောက်စေချင်တာ။

သမ္မတနဲ့  ကာချုပ်က တပ်ပေါင်းကို ရှင်းခိုင်းရအောင် မင်းတို့ က ဘာအဆင့်လည်း၊ မင်းနဲ့  တန်လို့ လား -

ပြည်သူ့ သမ္မတဆိုတာ တပ်မတော် ကာချုပ်ဆိုတာ ပြည်သူလူထုကနေ တာဝန်ပေးအပ်ခြင်းခံရပြီး ပြည်သူလူထုအတွက် ခိုင်းစေတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ရမယ့် ပြည်သူ့ ဝန်ထမ်းပါ။ မိုးပေါ်ကနေ ကျလာပြီး မိုးကျရွှေကိုယ် သမ္မတ ကာချုပ်ဖြစ်နေကြတဲ့ ကိုယ့်ဘာသာ မဲပေးရုံ အားမရ မဲခိုးပြီး နေရာတက်လုတဲ့ သမ္မတနဲ့  အာဏာရှင်သခင်က ကောက်ရွေးပြီး အာဏာပြနေတဲ့ ကာချုပ်ဟာ ပြည်သူ့ တပ်မတော်သား ရဲဘော်တစ်ယောက်လောက်တောင် အဆင့် မရှိပါဖူး။ အဆင့်ဆိုတာကို လက်မောင်းက အရစ် ပုခုံးထက်က အပွင့်လောက်ဘဲ မြင်တဲ့သူကတော့ အဆင့်ဆိုတာ ဘာလည်းဆိုတာ တစ်လွဲမြင်နေမှာပါ။

သမ္မတဆိုတာ နိုင်ငံသားတစ်ယောက်ပါ၊ ကာချုပ်ဆိုတာ နိုင်ငံသားတစ်ယောက်ပါ၊ နစ်နေမန်းဟာလည်း နိုင်ငံသားတစ်ယောက်ပါ။ မမှန်ကန်တဲ့ သမ္မတနဲ့  မစစ်မှန်တဲ့ ကာချုပ်ကို ဝေဖန်သုံးသပ်ပြောဆိုဖို့ ၊ ပြည်သူက ပေးအပ်ထားတဲ့ တာဝန်ကနေ ဖယ်ရှားပစ်ဖို့  နိုင်ငံသားတစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့  ပြောခွင့် လုပ်ဆောင်ခွင့် ရှိပါတယ်။ ဒီအတွက် နစ်နေမန်းရဲ့  လက်မောင်းမှာ အရစ်တစ်ရစ်လည်း ရှိစရာ မလိုသလို၊ ပုခုန်းထက်မှာလည်း အပွင့်တစ်ပွင့် ရှိစရာ မလိုပါဖူး။

အမြင့်မှာ နေပြီး ဝေလေလေ ပေါတောတော အရည်အချင်းမရှိ ဦးဆောင်နိုင်မှုမရှိတဲ့ သမ္မတနဲ့  ကာချုပ်ထက်စာရင် တိုင်းပြည်အတွက် အရည်အချင်းပြည့်ဝစွာနဲ့  ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်နေတဲ့ သာမန်ပြည်သူ့ ဝန်ထမ်းတစ်တစ်ယောက်နဲ့  တပ်မတော်သား ရဲဘော်တစ်ယောက်ကို ပိုပြီး အဆင့်မြင့်မြင့် တန်ဖိုးရှိရှိ လေးစားပါတယ်။

ဦးဝီရသူက လူမျိုးနဲ့  သာသနာအတွက် လုပ်နေတာ၊ မင်း ဘာလုပ်ဖူးလို့ လည်း -

အခု မေးလာတဲ့သူကရော ဘာလုပ်ဖူးလည်းဆိုတာ မသိချင်ပါဖူး။ နစ်နေမန်း ဘာလုပ်ဖူးလည်း ဘယ်သူ့ အတွက် လုပ်လည်းဆိုတာ ပြည်သူလူထု သိပါတယ်။ သဲတစ်ပွင့် အုပ်တစ်ချပ်ကို အိမ်ကောင်း စေတီမှန်တစ်ခုအတွက် လိုအပ်နေတဲ့ နေရာမှာ ရိုးရှင်းစွာနဲ့  ဖြည့်စွက်ပေးတာဘဲ ရှိပါတယ်။ ထိုနည်းတူဘဲ ၀ီရသူ ဘာလုပ်လည်းဆိုတာ ပြည်သူလူထု သိကြပါတယ်။ သိကြလို့ လည်း ပြည်သူလူထုရဲ့  ပြောဆိုဝေဖန်ရှုတ်ချသံတွေ ကြားနေမြင်နေရတာပါ။

လူမျိုးနဲ့  သာသနာအတွက်လုပ်တယ်ဆိုတာ ကိုယ့်လူမျိုး ကိုယ့်ဘာသာတရားရဲ့  ကောင်းမှုတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် မှန်ကန်တဲ့ လုပ်ဆောင်မှုတွေနဲ့  လုပ်မှသာ လူမျိုးနဲ့  သာသနာဂုဏ်ရောင် ပြောင်မြောက်မှာ။ ကိုယ့်လူမျိုးမှ ကိုယ့် လူမျိုး၊ ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ တစ်ဖက်စောင်းနင်းဖြစ်နေပြီး အခြားလူမျိုး အခြားဘာသာကို ပုတ်ခတ်စော်ကားတာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဖူး။ မိမိလူမျိုး မိမိဘာသာကို အခြားသူတွေ လေးစားအောင် လုပ်နိုင်စွမ်းရှိမှသာလျှင် အရည်အသွေး အရည်အချင်းပြည့်ဝတယ်။ နစ်နေမန်းဟာ မြန်မာလူမျိုးတစ်ယောက် ဗုဒ္ဓဘာသာဝင်တစ်ယောက်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကောင်းမွန်အောင် ကောင်းတာကို ယူ၊ မကောင်းတာကို ထောက်ပြဝေဖန်ပြီး ဖယ်ရှားရမယ်ဆိုတာ လက်ခံသူ။ မျက်စိစုံမှိတ်ပြီး မှန်လှပါဘုရား သင်တော်လှကြောင်းပါ ဘုရားဆိုပြီး အလိုကျ ဘုရားလိုက်ထူးပြီး သာသနာတော်မသန့် စင်မှုတွေကို သာသနာတော်ကို ဖျက်ဆီးနေကြတဲ့ ဗုဒ္ဓာဘာသာဝင်ယောင်တောင်တောင် မဟုတ်ဖူး။ ငြိမ်းချမ်းအေးချမ်းတဲ့ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး စစ်ပွဲတွေ သွေးချောင်းစီပွဲတွေ ဖန်တီးနေတဲ့ ဗုဒ္ဓဘာသာဝင်အမည်ခံတွေကို အားပေးမယ့်သူ မဟုတ်ဖူး။ ဗုဒ္ဓဘာသာသာသနာတော်ကို သန့် ရှင်းစင်ကြယ်စေဖို့  ဗုဒ္ဓဘာသာအတွင်းက အဓမ္မ၀ါဒီတွေ သံဃာပျက်တွေကိုပါ ဆန့် ကျင်မယ့်သူ။

ဝီရသူနဲ့  ပတ်သက်ပြီး နစ်နေမန်းရဲ့  အမြင်ကို သိချင်ရင်တော့ ပြောပါမယ်။ ၀ီရသူဟာ သင်္ကန်းကို ရုံပြီး လူသားတွေ အသက်တွေ ဆုံးရှုံးအောင် ဘ၀တွေ သေကြေပျက်စီးအောင် ဖန်တီးနေတဲ့ အဓမ္မ၀ါဒီ ဖြစ်တယ်လို့  လုံးဝ သတ်မှတ်ပါတယ်။ အခုမေးတဲ့သူက ၀ီရသူ မဟုတ်လို့  ဒီလောက်ဘဲ ပြောပါတယ်။

မင်းနဲ့  ပုံဆိုးခင်စိန် Online မှာ မရှိရင် ပြည်သူတွေ တော်တော်ဝမ်းသာမယ် -

ပုံဆိုးခင်စိန်က ဘယ်သူဘယ်ဝါလည်းဆိုတာ မသိလို့  သူ့ နဲ့  ဆိုင်ရာ သူရှင်းပါလိမ့်မယ်။ နစ်နေမန်းအနေနဲ့  ပြည်သူပြည်သားတစ်ယောက် ပြည်သူ့ အတွက် ပြည်သူတွေနဲ့ အတူ ခံစားချက်ချင်း ထပ်တူဖြစ်နေမှာမို့  လူကိုင်တိုင် အနီးအနားမှာ ရှိနေရင်လည်း ရှိနေမယ်၊ မရှိရင်လည်း မရှိနေဖူး။ ဒါပေမယ့် ပြည်သူ့ အတွက် နစ်နေမန်းက ပြည်သူ့ဘက်မှာဘဲ ရှိနေမယ်။ နစ်နေမန်း ရှိခြင်း မရှိခြင်းဟာလည်း ပြည်သူတွေ ၀မ်းသာမယ် မ၀မ်းသာဖူးဆိုတာ ပြည်သူတွေကဘဲ ဆုံးဖြတ်သုံးသပ်ပါလိမ့်မယ်။ နစ်နေမန်း ရှိခြင်း မရှိခြင်းဆိုတာထက် ပိုသေချာတာ တစ်ုခတော့ ပြောချင်ပါတယ်။ အမိမြန်မာနိုင်ငံမှာ ယနေ့  ယခု အာဏာရှင်အုပ်စုနဲ့  လက်ကိုင်တုတ် လူရမ်းကားတွေ နိုင်ငံတော်သူခိုးဓါးမြတွေ ကိုယ်ကျိုးရှာအခွင့်အရေးသမားတွေ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆန်ကုန်မြေလေးဖြစ်နေတဲ့သူတွေ မရှိရင်တော့ ပြည်သူလူထုတစ်ရပ်လုံးက အတော့်ကို ၀မ်းသာကြမှာ အမှန်ဘဲ။

ထမီခြုံထဲက လက်သီးပုန်းပြမနေပါနဲ့ ၊ ဒီမိုခွေးအဆင့်ဘဲ ရှိတယ်၊ ကိုယ့်နေရာ ကိုယ်နေ -

အဲ့ဒီစကားကို အမျိုးသမီးချိတ်ထမီတွေကို ၀တ်နေကြတဲ့ ယောင်္ကျားရင့်မာကြီးတွေကိုသာ ပြောလိုက်ပါ။ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာမရှိကြတဲ့သူတွေထက် လမ်းဘေးက ခွေးတစ်ကောင်က သခင်အပေါ်မှာ သစ္စာအပြည့်ရှိပါတယ်။ ပြည်သူသာ အမိ ပြည်သူသာ အဖဆိုတာကို နားမလည်ကြဘဲ ပြည်သူကပေး ပြည်သူကကျွေးတာ စားပြီး ပြည်သူကို ပြန်သတ်နေကြသူတွေသည်သာလျှင် ခွေးတစ်ကောင်လောက်တောင်အဆင့်မရှိပါ။ ကိုယ့်နေရာကိုယ်နေဆိုတာ ယခုလက်ရှိ ကာချုပ်တို့  သမ္မတတို့ နဲ့  အာဏာရူးတွေဟာ အိမ်ဦးခန်းထဲ ဘုရားခန်းထဲ ချီးဝင်ပါနေကြတဲ့သူတွေမို့  ကိုယ် ချီးပါရမယ့် နေရာမှာ ပြန်နေကြရမှာမို့  ကိုယ့်နေရာ ကိုယ်နေပါ။

အလွမ်းအိမ် (facebook account name – Alwan Eain) ဆိုတဲ့သူဟာ နစ်နေမန်းရဲ့  မိတ်ဆွေစာရင်းထဲမှာ မရှိပါဖူး။ နစ်နေမန်း ရေးသားဖော်ပြချက်တွေကို ခိုးကြောင်ခိုးဝှက်နဲ့  လာကြည့်ပြီး ယခုလို လာပြောတာပါ။ ပြောတဲ့အချက်တွေကို ပြန်သိရအောင် ပြန်လည်ရေးသားလိုက်ပါတယ်။ အခြားသော တပ်မတော်သားတွေကို မထိခိုက်စေချင်လို့  မပြောချင်ပေမယ့် သူဝတ်ထားတဲ့ စစ်ယူနီဖောင်းကို ကြည့်ပြီး ပြောပါမယ်။

လက်မောင်းမှာ သုံးရစ်နဲ့  ပုံဟာ အလွမ်းအိမ်ဆိုသူရဲ့  ပုံအမှန်ဖြစ်တယ်ဆိုရင် - အရစ်သုံးရစ်နဲ့  ယူနီဖောင်းကို ကော့နေအောင် ၀တ်၊ ကြွကြွရွရွနဲ့  ရှိုးထုတ်နေတာမျိုး ရှေ့ တန်းစစ်မြေပြင်နဲ့  နောက်တန်းစစ်တန်းလျားမှာ ယူနီဖောင်းအဟောင်းအနွမ်းလေးတွေသာ ၀တ်ဆင်ကြရပြီး တိုင်းပြည်အတွက် အသက်စွန့်  ဘ၀တွေပေးဆပ်နေကြရတဲ့ ပြည်သူ့ စစ်သည်တော် အကြပ်တပ်သားတွေ ဘာများပြောမလည်းဆိုတာ သိချင်မိပါတယ်။

အလွမ်းအိမ် (Alwan Eain) ဆိုသူ ဘ၀အမြန်လွတ်မြောက်ပါစေ ... ။


No comments: