Thursday, February 5, 2015

ကြံ့ ဖွတ်ပါတီထဲက လူငယ်လူရွယ်တွေကို ပြောချင်ပါတယ်။

ကြံ့ ဖွတ်ပါတီထဲက လူငယ်လူရွယ်တွေကို ပြောချင်ပါတယ်၊ ခင်ဗျားတို့ နဲ့  ရွယ်တူသက်တူ ကျောင်းသူကျောင်းသားတွေ ခင်ဗျားတို့  အပါအ၀င် အားလုံးသော ပြည်သူ့ ရင်သွေးတွေ ယခုခေတ်မှာရော နောင်ခေတ်တွေအတွက်ရော ပညာအရည်အချင်း အဆင့်မြင့်မားဖို့ အတွက် ကြိုးစားပမ်းစားနဲ့  လုပ်ဆောင်နေကြပါတယ်။

ကြံ့ ဖွတ်ပါတီရဲ့  ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေဟာ နှစ်ပေါင်းအဆက်ဆက် အာဏာကို ဖက်တွယ်ထားကြတဲ့သူတွေမို့  သူတို့ မိသားစုအကျိုးစီးပွားအတွက်သာ လုပ်နေကြတာပါ။ သူတို့ ရဲ့  သားသမီးတွေကို နိုင်ငံရပ်ခြားက ကောင်းပေ့ဆိုတဲ့ေ...ကျာင်းတွေမှာ မြင့်မားတဲ့ ပညာရေးစနစ်ကို သင်ကြားစေပြီး ခင်ဗျားတို့  ကျွန်တော်တို့  သာမန်ပြည်သူ့ ရင်သွေးတွေကိုကြတော့ နုံခြာညံ့ဖြင်းနေတဲ့ ပညာရေးစနစ်အောက်မှာ ပညာရေးစရိတ်မဖြစ်စလောက်လေး အဖြစ်သဘောလောက်သာ လုပ်ပေးရင်း ကျွန်တော်တို့  အားလုံး ကျွန်တော်တို့ ရဲ့  အနာဂတ် သားသမီးအားလုံးကို ပညာရေးကင်းမဲ့အောင် လုပ်နေတာပါ။

ဘာလို့  သူတို့ ဒီလိုလုပ်လည်းဆိုတာ ရှင်းပါတယ်၊ သူတို့ သားသမီးမျိုးဆက်တွေအောက်မှာ ကျွန်တော်တို့  ခင်ဗျားတို့ တင်မကဖူး နောင် ကျွန်တော်တို့ ရဲ့  ရင်သွေးမျိုးဆက်တွေကို ကျွန်လို နေ ကျွန်လို ခိုင်းဖို့ ပါဘဲ။

အာဏာရူးခေါင်းဆောင်ကြီးတွေရဲ့  ကြံ့ ဖွတ်ပါတီထဲက နှုတ်ထွက်ကြပြီး အနာဂတ်ပညာရေးအတွက် ၀ိုင်းဝန်းကြပါ။


No comments: