Tuesday, February 3, 2015

သွေးမထွက်ရဲတော့တဲ့ မူတူးစေးဖိုး။

မူတူးစေးဖိုး ဘယ်လဲ ဘာလဲ။ သွေးမထွက်ရဲရင် မူးတူးစေဖိုး ကရင့်တော်လှန်ရေးထဲကနေ ထွက်ပြီး အာဏာရှင်နဲ့ ဘဲ အတူတူ နေလိုက်ပါတော့။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲကို အခြေခံပြီး သွေးထွက်သံယို စစ်မြေပြင်ကနေ သွေးမထွက်တဲ့ စစ်မြေပြင်ကို ဆင်နွှဲနေတယ်လို့ ပြောတဲ့ မူတူးစေဖိုးရဲ့  လုပ်ရပ်တွေက သိသိသာသာ ပြောင်းလဲနေတယ်။

ကရင့်တော်လှန်ရေးတစ်လျှောက်တုန်းက ပေးဆပ်ခဲ့ရတဲ့ ကရင်ပြည်သူလူထုနဲ့  ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဝင်တွေရဲ့  အသက်သွေးတွေ ရေနဲ့  မျှောလိုက်ပြီးလား။...

 သွေးမထွက်ရဲတော့တဲ့ မူတူးစေဖိုးကြောင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ခဲ့ကြတဲ့၊ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့  ကရင်ခေါင်းဆောင်ကြီးတွေလက်ထက် ခေတ်အဆက်ဆက်မှာ အသက်စွန့် ခဲ့ကြတဲ့ ကရင်တိုင်းရင်းသားညီအကိုမောင်နှမတွေအတွက် စိတ်မကောင်းဖူး။

ဘုံရန်သူဖြစ်တဲ့ အာဏာရှင်ကို တော်လှန်ရေးဆင်နွဲနေတဲ့ ကရင့်သမိုင်းကို ရိုင်းနေစေတဲ့ မူတူးစေဖိုး။ အာဏာရှင် သိန်းစိန်တို့  ရွှေမန်းတို့  မင်းအောင်လှိုင်တို့ နဲ့  ပေါင်းပြီး ဒီစကားထွက်တာပါလား။ ဒီစကားကိုလည်း ကရင့်တော်လှန်ရေးနေ့ မှာမှ ပြောရတယ်လို့ ။


No comments: