Wednesday, February 4, 2015

အခြေခံပညာကျောင်းဝတ်စုံ အဖြူအစိမ်းကို ခိုးထားတဲ့ ကြံ့ ဖွတ်။

အင်္ကျီအဖြူ လုံချည်အစိမ်းဆိုတာ မြန်မာနိုင်ငံ အခြေခံပညာရေးကျောင်းသူကျောင်းသားတွေရဲ့  အစဉ်အဆက် ၀တ်ခဲ့ကြတဲ့ ကျောင်းဝတ်စုံပါ။

ကျောင်းဝတ်စုံ အဖြူနဲ့ အစိမ်းဆိုတာ ဖြူစင်သန့် ရှင်း နုပျိုလန်းဆန်းတက်ကြွတဲ့ သင်္ကေတအဖြစ် ငယ်ရွယ်နုပျိုပြီး အပြစ်ကင်းစင်တဲ့ ကျောင်းသူကျောင်းသားငယ်လေးတွေ ၀တ်ဆင်ဖို့ အတွက် ရွေးချယ်ခဲ့ကြတာပါ။ အခြေခံပညာကျောင်းသူကျောင်းသားငယ်လေးတွေနဲ့  သူတို့ ကို ပညာနို့ ရည် တိုက်ကျွေးနေကြတဲ့ အခြေခံပညာ သင်ကြားပေးနေကြတဲ့ ဆရာဆရာမများကပါ မြတ်နိုးနှစ်သက် ဂုဏ်ယူလို့  အခြေခံပညာကျောင်း ယူနီဖောင်းဝတ်စုံအဖြစ် ခေတ်အဆက်ဆက်ကတည်းက သတ်မှတ်ဝတ်ဆင်ခဲ့ကြတာပါ။

ဒီအဖြူအစိမ်းကျောင်းဝတ်စုံကို ကြံ့ ဖွတ်ပါတီရဲ့  ၀တ်စုံ လုပ်ပစ်လိုက်ပြီး လူကြီးတွေ ၀တ်နေကြတာ အတော့်ကို အမြင်ရ ဆိုးလွန်းပါတယ်။ အထူးသဖြင့် အာဏာရူး ဗိုလ်ချုပ်ကြီးဟောင်းတွေက ဒီအဖြူအစိမ်းဝတ်စုံကို ၀တ်နေတော့ ပိုပြီးတောင် ဆိုးရွားလွန်းလှပါတယ်။ လိမ်ညာကောက်ကျစ် သွေးစွန်းလက်တွေနဲ့ သူတွေက ဖြူစင်သန့် ရှင်းသယောင်နဲ့  အမြင်ကောင်းအောင် ဟန်ဆောင်ပြနေကြတာ။

ဒီ ကျောင်းသူကျောင်းသားတွေရဲ့  အဖြူအစိမ်းဝတ်စုံကို လိုက်ပြီး ခိုးယူဝတ်နေကြတဲ့ ကြံ့ ဖွတ်ယူနီဖောင်းတွေ ချွတ်လိုက်ကြ စွန့် လိုက်ကြပါတော့။ ကြံ့ ဖွတ်လူကြီးတွေ ရှက်စရာ။


No comments: