Sunday, March 22, 2015

သြစတြေးလျနိုင်ငံဟာ အာဏာရှင်တွေအသိုင်းအ၀ိုင်းအတွက် ခိုလှုံအခြေချရာ လွတ်လပ်သော စားကျက်နေရာ ဖြစ်နေသလား။

စစ်ကျွန်ပညာရေးဖြစ်တဲ့ လက်ရှိအမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့  ပြည်သူလူထုကို မြို့ တော်ခန်းမရှေ့ မှာ လူဆိုးသူခိုးတွေကို တာဝန်လက်ပတ် ပတ်ခိုင်းပြီး ရိုက်နှက်ခဲ့မှုမှာ တာဝန်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် မြင့်ဆွေရဲ့  သားဟာ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင်နေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေနဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) တ...ို့ ဟာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ သြစတြေလျနိုင်ငံရဲ့  နိုင်ငံသားခံယူပြီး ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ကြပါတယ်။

 ယခင် အမျိုးသားထောက်လှမ်းရေးဒုညွှန်ချူပ်ဟောင်း ကျော်ဝင်းရဲ့  သမီး၊ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့  တူမ၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် မြင့်ဆွေရဲ့  သားတို့ ဟာ သြစတြေးလျနိုင်ငံမှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေနဲ့  သားသမီး ဆွေမျိုးရင်းခြာတွေ မဟုတ်တဲ့ ပုံစံနဲ့  နေထိုင်လျက် ရှိနေကြတယ်လို့  သိရှိရပါတယ်။

ထို့ အတူ ဆက်လက်စုံစမ်းနေဆဲဖြစ်တဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်တွေရဲ့  သားသမီးတွေ ဆွေမျိုးသားခြင်းတွေဟာ သြစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံနဲ့  အာရှနိုင်ငံအချို့ မှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့  သက်ဆိုင်ရာနိုင်ငံရဲ့  အစိုးရပိုင်းကို လိမ်ညာပြီး နေထိုင်နေကြကြောင်း သိရှိရပါတယ်။ အာဏာရှင်အသိုင်းအ၀ိုင်းကို ပိတ်ပင်တားဆီးထားတဲ့ အဆိုပါနိုင်ငံများရဲ့  ဥပဒေတွေကို လက်တစ်လုံးခြား လှည့်ပတ်ပြီး နေထိုင်နေကြတာလို့  သိရှိရပါတယ်။ ထို့ အပြင် အဆိုပါနိုင်ငံများက ကူညီပံ့ပိုးပေးနေတဲ့ ပညာတော်သင်အခွင့်အရေးတွေကိုပါ ရယူခံစားနေကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို အဆိုပါနိုင်ငံများက မျိုးချစ်မြန်မာများက ထုတ်ဖော်ပြောဆိုသင့်ကြပါတယ်။

အထူးသဖြင့် ယခုခေတ်နောက်ပိုင်းမှာ သြစတြေးလျနိုင်ငံဟာ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့  ခရိုနီများရဲ့  အတွင်းမှာ အလွယ်တကူ သွားရောက် ပညာသင် နေထိုင်အခြေချလို့  ရတဲ့ နိုင်ငံအဖြစ် နံပတ် ၁ နေရာ ဖြစ်နေကြောင်း သိရှိရပါတယ်။

ဒီအတွက် သြစတြေးလျနိုင်ငံဟာ အာဏာရှင်တွေအသိုင်းအ၀ိုင်းအတွက် ခိုလှုံအခြေချရာ လွတ်လပ်သော စားကျက်နေရာ ဖြစ်နေသလားဆိုတာ မေးသင့်နေကြပါပြီ။

No comments: