Sunday, March 8, 2015

လှဆွေရဲ့  ဗေလုဝစောင်း။

လှဆွေရဲ့  ဗေလုဝစောင်း။

ဗေလုဝနတ်စောင်းဆိုတာ ဗေလုဝတီးတဲ့ စောင်း ထင်ပြီး၊ နတ်သားက ဗေလုဝဆိုပြီး လှဆွေက တစ်လွဲကြီး ပြောလို့ ပြောနဲ့ ၊ ခက်ပါဘိ။ သိန်းစိန်တို့  ၀န်ကြီးတွေ ပြောလိုက်ရင် တစ်လွဲချည်းဘဲ၊ ဟာသကြီးဘဲဆိုတာ မှတ်တမ်းတင်ရလောက်တယ်။

လှဆွေ သိအောင် ပြောပြဦးမယ်။...

ဗုဒ္ဓမြတ်စွာဘုရားရှင် သက်တော်ထင်ရှားတော်မူစဉ်က သီတင်းကျွတ်လပြည့်နေ့ မှာ - ဗုဒ္ဒမြတ်စွာဘုရားဟာ အဘိဓမ္မာတရားတော်ကို ဟောအပြီး၊ အရှင်မောဂ္ဂလန်က နတ်ပြည်သို့  တက်လာကာ အရှင်မြတ်စွာဘုရား လူ့ ပြည်သို့  ဘယ်နေရာဒေသကို ဆင်းသက်တော်မူပါမလည်းဘုရားလို့  လျှောက်တင်တဲ့အခါ မြတ်စွာဘုရားရှင်တော်မြတ်က ငါ၏ သားတော်ကြီး လက်ယာရံ ရှင်သာရိပုတ္တရနှင့် တပည့် ငါးရာရှိရာ သင်္ကဿမြို့ ကို ဆင်းတော်မူ မယ်လို့  မိန့် တော်မူခဲ့တယ်။

ဒီအခါမှာ ပရိသတ်များက ဘုရားရှင်တော်မြတ်၏ လက်ဝဲဘက် ငွေစောင်းတန်းမှ၎င်း၊ နတ်ပရိသတ်များက လက်ယာဘက် ရွှေစောင်းတန်းမှ၎င်း၊ ပဉ္စသိင်္ခ နတ်သားက ဘုရားရှင်တော်မြတ်ကြီး၏ လက်ယာဘက်မှ ဗေလုဝနတ်စောင်းကို တီးခတ်ကာ ဂုဏ်တော်တို့ကို ရွတ်ဆို သီကျူးလျက်၎င်း၊ မာတလိနတ်သားက လက်ဝဲဘက်မှ နတ်ပန်းနံ့ သာများဖြင့် ၄င်း၊ ဗြဟ်မာ့ပြည်မှ တန်ခိုးအကြီးဆုံး မဟာဗြဟ္မာကြီးသည် ဘုရားရှင်အား ထီးမိုးလျက်၎င်း၊ သုယာမ နတ်မင်းကြီးသည် ဘုရားရှင်အား သားမွှေးယပ် ခပ်ပေးလျက်၎င်း ကြည်နူး မဆုံးနိုင်သော အသရေတော်ဖြင့် ရတနာစောင်းတန်း အသီးသီးမှ ဆင်းသက်တော်မူခဲ့သည်။

ဗေလုဝစောင်းဆိုတာ နတ်သား ပဉ္စသိင်္ခရဲ့  လက်စွဲ တူရိယာဖြစ်တဲ့ Beluvapanduvina ကို အတိုကောက်စာလုံးအဖြစ် Beluva ဗေလုဝဆိုပြီး ခေါ်တာ။ ဒါတောင် ဒီတူရိယာပစ္စည်းဟာ စောင်းအမျိုးအစား အစစ်အမှန် မဟုတ်ပါဖူး။ ကုလားလူမျိုးများ တီးခတ်တဲ့ Beluva ဥသျှစ်သီးအခွံနဲ့  ပြုလုပ်ထားတဲ့ တူရိယာပစ္စည်းတစ်မျိုးသာ ဖြစ်ပါတယ်။

အဲ့ဒီ ဗေလုဝစောင်းဆိုတာ သကြားမင်းကနေ မာရ်နတ်ရဲ့  ပခုံးမှာ လွယ်ထားလေ့ရှိရာကနေ ပြုတ်ကျ ကျန်ရစ်တာကို တွေ့ ရှိပြီး နတ်သားပဉ္စသိင်္ခကို ပေးခဲ့တဲ့ တူရိယာစောင်းဘဲ။

ဒါ ဗေလုဝစောင်းနဲ့  ပဉ္စသိင်္ခနတ်သားအကြောင်းပါ။

လှဆွေက ဗေလုဝနတ်စောင်းဆိုတာတဲ့  ဗေလုဝတီးတဲ့ စောင်း ထင်ပြီး၊ နတ်သားက ဗေလုဝဆိုပြီး ပြောလို့  ပြောနဲ့ ၊ ခက်ပါဘိ။ သိန်းစိန်တို့  ၀န်ကြီးတွေ ပြောလိုက်ရင် တစ်လွဲချည်းဘဲ၊ ဟာသကြီးဘဲဆိုတာ မှတ်တမ်းတင်ရလောက်တယ်။

ဒါကို မသိတဲ့ လှဆွေ ရမ်းသမ်းပြီး ပြောတာ နောက်ထပ်ဟာသတစ်မျိုးလို့  ဆိုရမလို၊ သူတို့  ပြောတာနဲ့  ဗေလုဝတောင် အဲ့ဒီ ၀န်ကြီးတွေကို စောင်း တီးပြရမလို ဖြစ်နေပြီ။ နေရင်းထိုင်ရင်း ဗေလုဝကို နတ်သား အောင်းမေ့ပြီး ထိုင်ကန်တော့နေလို့  ဗေလုဝ ဘုန်းတန်ခိုးကြီးဦးမယ်။

သိန်းစိန်အပါအ၀င် ၀န်ကြီးတွေ အသိဥာဏ် နည်းပါးလွန်းလှတယ်ဆိုတာပါ။


No comments: