Sunday, July 26, 2015

မင်းအောင်လှိုင်လည်း ရွှေမန်းလိုဘဲ အပြောကောင်းနေပြန်ပြီ။

မင်းအောင်လှိုင်ပြောတဲ့ - တပ်မတော်၏ဆန္ဒမှာ အာဏာကို လက်နက်ကိုင်ပြီး ရယူထားခြင်းကို မလိုလား ပါကြောင်း ၊ တည်ငြိမ်အေးချမ်း မှုကို ဥပဒေအရသာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း များရှိကြောင်း၊ ၎င်းအုပ်ချုပ်ရေးအဖွဲ့အစည်းကို အထောက်အကူပြုသည့် တရားသူကြီး၊ ရဲတပ်ဖွဲ့ ကဲ့သို့ တရားဥပဒေထိန်းသိမ်းရေး အဖွဲ့များလည်းရှိကြောင်း၊ ယင်းတို့၏ လုပ်ပိုင်ခွင့် များလည်းရှိကြောင်း၊ နောက် တစ်ဆင့်အနေဖြင့် ထို့ထက်ပိုပြီးစွမ်းဆောင်နိုင်သည့် အဖွဲ့အစည်းများရှိပြီး တိုင်းပြည်က...ို ဥပဒေနှင့်အညီ စီမံခန့်ခွဲမှုကိုသာ လိုလားကြောင်း - ဆိုတဲ့စကားကို ပြန်ပြောရရင် -

အုပ်ချုပ်ရေးအဖွဲ့ ဆိုတဲ့နေရာတွေမှာ စစ်တပ်ကလူတွေကို ထိုးထည့်ထားပြီး ယူနီဖောင်းဝတ်နဲ့ ရော အရပ်ဝတ် ၀တ်ပြထားမှုနဲ့ ရော လွှမ်းမိုးချယ်လှယ်ထားတာ ဘာပြောမလည်း၊

တရားသူကြီးတွေဆိုတဲ့ နေရာမှာ - အထက်က ခိုင်းစေတဲ့အတိုင်း အမိန့် ချမှတ်ရတဲ့ အဂတိလိုက်စားနေကြတဲ့ မတရားသူကြီးတွေ များများပြားပြား ရှိနေကြတာရော ဘာပြောမလည်း၊

ရဲတပ်ဖွဲ့ လို့ သာဆိုတယ် - စစ်တပ်ဘက်ကနေ ပြောင်းရွေ့ နေရာရာထူးပေးထားပြီး ရဲအသွင်ဆောင်ထားတဲ့သူတွေနဲ့  တရားဥပဒေကို ကိုယ်တိုင်က မလိုက်နာ ပြည်သူလူထုကို ရိုက်ပုတ်ညဉ်းပမ်း နှိပ်စက်သတ်ဖြတ်နေကြတဲ့၊ ဥပဒေကို မလိုက်နာနေကြသောသူတွေ ရှိနေကြတာရော ဘာပြောမလည်း၊

တိုင်းပြည်ရဲ့  အုပ်ချုပ်မှုအာဏာ စီမံခန့် မှုအာဏာတွေမှာ၊ အရေးပါတဲ့ ဌာနဆိုင်ရာနေရာတွေမှာ စစ်တပ်ကသူတွေသာ နေရာရယူ ကြီးစိုးချယ်လှယ်နေကြတဲ့သူတွေ ရှိနေသမျှ တိုင်းပြည်မှာ ဥပဒေစိုးမိုးရေးဆိုတာ စစ်ဥပဒေတွေ ဒါမှမဟုတ် အနိုင်ကျင့်ဗိုလ်ကျတဲ့ဥပဒေတွေ၊ လက်တစ်လုံးခြား လိုရင် လိုသလို မလိုရင် မလိုသလို ရှုံ့ ချည်နှပ်ချည်လုပ်ရတဲ့ မတရားဥပဒေတွေသာ ရှိနေမှာပါ။

စစ်မှန်တဲ့တရားဥပဒေဆိုတာ ပျောက်ကွယ်နေတာ ကြာပါပြီ။

No comments: