Monday, February 10, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးတွဲသဘောထားကြေညာချက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ပူးတွဲသဘောထားကြေညာချက်။

ရက်စွဲ - ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်။

ကျွန်ုပ်တို့သည် (၁၉၈၈) ဒီမိုကရေစီအရေးတော်ပုံမှ စတင်၍ ယနေ့တိုင် စဉ်ဆက်မပြတ် လက်တွဲ ကြိုးပမ်းလှုပ်ရှားနေကြသည့် ဒီမိုကရေစီအင်အားစုများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် အရေးကြီးသော ယခုအသွင်ကူးပြောင်းရေးကာလတွင် ပိုမိုပူးပေါင်းအဖြေရှာနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးမှုများ၏ ရလာဒ်အဖြစ်- အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်စေဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်း၍ တရားမျှတသော နည်းလမ်းများဖြင့် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း။


No comments: