ပြည်ထောင်စုဝန်ကြီးတွေလား ပြီထောင်စုဝံကြီးတွေလား။
ပြည်ထောင်စုဝန်ကြီးတွေလား ပြီထောင်စုဝံကြီးတွေလား။
သိန်းစိန်ရဲ့  ၀န်ကြီးတွေရှေ့ မှာ ထည့်ထည့်ထားတဲ့ “ပြည်ထောင်စုဝန်ကြီး” ဆိုတဲ့ “ပြည်ထောင်စု” စကားလုံးပါ ၀န်ကြီးတွေ ပြည်ထောင်စုနေ့ မှာ တစ်ဦးချင်းစီ ဘာများလုပ်ကြပါသလည်း၊ ပြည်ထောင်စုနေ့ မှာ တိုင်းရင်းသားများနဲ့  ချစ်ချစ်ခင်ခင်စကားလက်ဆုံပြောကြတာများ ရှိရဲ့ လား၊ တိုင်းရင်းသားဒေသတွေကို သွားရောက်ပြီး တိုင်းရင်းသားတွေ ကြုံတွေခံစားနေကြရတဲ့ အခက်အခဲတွေကိုများ မေးမြန်းဖြေရှင်းပေးဖို့  ကြိုးပမ်းဆောင်ရွက်ကြတာများ ရှိကြသလား၊ တိုင်းရင်းသားတွေရဲ့  စာပေ ယဉ်ကျေးမှု ဘာသာစကား ဓလေ့ထုံးစံတွေကိုများ မြှင့်တင်ဆောင်ရွက်ပေးဖို့  စိတ်ဝင်တစား ရှိကြရဲ့ လား၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်မက်ဖြစ်ပွားမှုတွေကို ရပ်တန့် အောင် တိုက်တွန်းပြောဆို ကြိုးပမ်းအားထုတ်တာများ ပြုလုပ်ကြသလား။
ဒီဟာတွေ တစ်ခုမျှ မပြုလုပ် မဆောင်ရွက်ဘဲ ပြည်ထောင်စုနေ့ မှာ ၀တ်စုံအလှအပလေးတွေနဲ့  အခမ်းအနားလေးတက်လိုက် ညစာစားပွဲလေးမှာ စားလိုက်သောက်လိုက် မြိုဆို့ လောက်နဲ့ ဆိုရင်တော့ “ပြည်ထောင်စုဝန်ကြီး” အမည်ခံမနေပါနဲ့ ၊ ပြီတီတီနဲ့ ရွှီးညာကာ ထောင်လွှားမောက်မာပြီး ကိုယ်ကျိုးအတွက်သာ စုဆောင်းနေတဲ့ “ပြီထောင်စု ၀ံကြီး” တွေလို့ သာ အမှန်ခေါ်တွင်လိုက်ပါတော့။
No comments:
Post a Comment