Tuesday, February 18, 2014

“ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဌာန်းချက်” ပြင်ဆင်ရန် ရွှေမန်း ညွှန်ကြားချက်နှင့် ပတ်သက်၍။

“ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဌာန်းချက်” ပြင်ဆင်ရန် ရွှေမန်း ညွှန်ကြားချက်နှင့် ပတ်သက်၍။

၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ခေါင်းစဉ်အောက်မှာ ၏ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများဆိုင်ရာ အပိုဒ် (၅၉) အပိုဒ်ခွဲ (င) မှာ - သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည် - တဲ့ ပြဌာန်းချက်ထဲမှာ “သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရ” ပါပါတယ်။ ထို့ အတူ အပိုဒ် (၆၀) (က) နဲ့  (ခ) တို့ မှာလည်း - နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်ရေးတင်မြှောက်ရေးအဖွဲ့  ဖြင့် ရွေးချယ်တင်မြှောက်ရမည် - ဆိုတာ ပါပါတယ်။

အပိုဒ် (၆၂) ကျမှသာလျှင် နိုင်ငံတော်သမ္မတ သို့ မဟုတ် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ။ ဆိုပြီး ပြန်ထည့်ထားတာပါ။ ဒါပေမယ့် အပိုဒ် (၆၃) တွင် နိုင်ငံတော်သမ္မတ သို့ မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း ရွေးချယ်တင်မြောက်ခံရသည့်နေ့ မှစ၍ နုတ်ထွက်ပြီး သို့ မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ ဆိုသည့်အတွက် သမ္မတလောင်းအဖြစ် အရွေးခံတဲ့နေရာမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ရွေးကောက်ခံထားရသူ ဖြစ်ရမှာပါ။

ရွှေမန်းတို့  အဓိကပြင်ရမှာက - သမ္မတဖြစ်လာနိုင်တဲ့ ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက် ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က အမည်တင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်သာ ဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့အတွက် သမ္မတဖြစ်နိုင်တဲ့ ဒုတိယသမ္မတ သုံးဦးထဲမှာ ပါနေတာကြောင့် ဒီအချက်ကိုသာလျှင် တိတိကျကျ ပြင်ရမှာ ဖြစ်ပါတယ်။

“တပ်မတော်သားကိုယ်စားလှယ်ဟာ ပြည်သူကရွေးချယ်တင်မြှောက်ခြင်း ခံရမှသာလျှင် ဒုတိယသမ္မတ ဖြစ်ပိုင်ခွင့်ရှိသည်” ဆိုသော ပြဌားန်းချက်ကိုသာ ရွှေမန်းတို့  ပြင်ပေးရမှာ ဖြစ်ပါတယ်။

“ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက် ပြင်ဆင်ရန်ဆိုပြီး လုံးချလို့  မရပါဖူး။ ဒီလို လုံးချပြီး သူတို့ အချင်းချင်း လက်ဝါးရိုက်ထားပြီး အခန်း (၁၂) ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအရ - လွှတ်တော်ကိုယ်စားလှယ် ၂၀ % က တင်ပြမှ၊ ၇၅ % ကျော် ပြင်ဆင်ဖို့  သဘောတူညီချက်ရမှ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၅၀ % ကျော်မှ ပြင်ဆင်ရမည်ဆိုတော့ - ဒီအချက်တွေနဲ့  ပြင်မရပါဖူးဆိုကာ လိုရင်လိုသလို သုံးနိုင်တဲ့ သရေကွင်းဖွဲ့ စည်းပုံအခြေခံဥပဒေဖြစ်တာမို့ - ရွှေမန်းပြောတဲ့ ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက် ပြင်ဆင်ရန် ဆိုတာဟာ နားလှည့်ပြီး ပါးရိုက်မယ့် သူတို့  ဖြစ်စေချင်သူကိုကြတော့ ပြည်သူက ရွေးကောက်ခံရသူ မဖြစ်စေဘဲ၊ သူတို့  မကြိုက်နှစ်သက်သူကိုကျတော့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်ဖြစ်မှသာ ရမည်ဆိုပြီး လိုသလို သုံးစွဲမှာ ဖြစ်ပါတယ်။

“ရွေးကောက်ခံ မဟုတ်ဘဲ သမ္မတ ဖြစ်ခွင့်ရှိသည့် ဥပဒေပြဋ္ဌာန်းချက် ပြင်ဆင်ရန်ဆိုတဲ့ နေရာမှာ မည်သူ့ ကို မည်သူတွေက ရွေးကောက်မှာလည်းဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ထိုသို့ မဟုတ်ပါက တပ်မတော်အတွင်းမှ အာဏာရှင်ပါတီအတွင်းမှ မည်သူကိုမဆို ၄င်းတို့ ဖာသာ ရွေးကောက်တင်မြှောက်၍ သမ္မတဖြစ်ခွင့် ပေးလိုက်မည်ဆိုပါက အဆိုပါပြင်ဆင်မှုသည် သိန်းစိန်တို့  ရွှေမန်းတို့  အကွက်ဆင်သော လှဲ့ ဖြားချက်သာ ဖြစ်ပေမယ်။ ၄င်းတို့ က ရွေးကောက်ပေးလိုက်တယ် သမ္မတဖြစ်စေဆို ဖြစ်သွားပေတော့မည်။

သမ္မတရော ဒုတိယသမ္မတအားလုံးရော ပြည်သူအများစုက ရွေးချယ်တင်မြှောက်ပေးခြင်း ခံရသူဖြစ်မှသာလျှင် သမ္မတ သို့ မဟုတ် ဒုတိယသမ္မတဖြစ်ပိုင်ခွင့်ရှိသည်ဟု တိတျိကျကျ ဖြည့်စွက်ပြဌာန်းရန်သာ ဖြစ်သည်။ အထူးသဖြင့် - “တပ်မတော်သားကိုယ်စားလှယ်ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ခြင်း ခံရမှသာလျှင် ဒုတိယသမ္မတ ဖြစ်ပိုင်ခွင့်ရှိသည်” ဆိုသော ပြဌာန်းချက် (သို့ ) တပ်မတော်သားကိုယ်စားလှယ်ဆိုတာ လုံးဝပယ်ဖျက်ခြင်းတို့ ကိုသာ ရွှေမန်းတို့  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။




No comments: