Tuesday, February 4, 2014

ဒေါ်ခင်ဝိုင်းကြည် နာခံယူစေသော် …. ။

ဒေါ်ခင်ဝိုင်းကြည် နာခံယူစေသော် …. ။

လွန်ခဲ့တဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့ က ဒေါ်ခင်ဝိုင်းကြည်ဟာ ဦးဝိရသူထံမှာ သွားရောက်ပြီး ညွှန်ကြားချက်တွေ နာခံယူခဲ့ပြီးနောက် ယခုလို ရွှေမန်းကို သမ္မတအဖြစ် မဲပေးမယ်လို့  ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ရဲ့  ပြောဆိုချက်ဟာ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ်က ပြည်သူပြည်သားတွေရဲ့ အသံကို ကိုယ်စားပြု မပြုတော့ မသိနိုင်ပေမယ့်၊ ရွှေမန်း သမ္မတဖြစ်ရေးအတွက် ဦးဝိရသူတို့  ဒေါ်ခင်ဝိုင်းကြည်တို့  ဌေးဦးတို့  ရဲထွဋ်တို့  အောင်ကြည်တို့ အပါအ၀င် ကြံ့ ဖွတ်တစ်အုပ်လုံးက အချိတ်အဆက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ သူတို့  အားလုံးရဲ့  လုပ်ရပ်တွေ ပြောဆိုချက်တွေက ပေါ်လွင်လာနေပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (National Democratic Force – NDF) လွှတ်တော်ကိုယ်စားလှယ်ဖြစ်င်္ပြီး ကြံ့ ဖွတ်ပါတီအတွက် ဆော်သြော်ပေးနေတဲ့ ဒေါ်ခင်ဝိုင်းကြည်ရဲ့  လုပ်ရပ်ဟာ မိမိကိုယ်ပိုင်ရပ်တည်ချက် ခိုင်မာမှု အလျဉ်းမရှိဘဲ နှစ်ပင်လိမ် နှစ်ပင်ပူး နှစ်ဘက်ချွန် ဖြစ်နေပါတော့တယ်။





No comments: