အာဏာရူးကြီး သန်းရွှေရဲ့  မွေးနေ့  ဖေဖေါ်ဝါရီလ (၂) ရက်နေ့ အတွက် အထူးကိတ်မုန့် များ။
အာဏာရူးကြီး သန်းရွှေရဲ့  မွေးနေ့  ဖေဖေါ်ဝါရီလ (၂) ရက်နေ့ အတွက် အထူးကိတ်မုန့် များ။
အာဏာရူးကြီး သန်းရွှေကို ကိတ်မုန့် မပေးခင်မှာ သန်းရွှေရဲ့  မွေေးန့  မွေးနက္ခတ်ကို အရင် ကြည့်ရအောင်ပါ။
သန်းရွှေရဲ့  ကျက်သရေယုတ်သောမွေးနေ့ မှာ သန်းရွှေရဲ့  မွေးဖွားရာ နက္ခတ်အပေါ် ကြည့်ပြီး ကမ္ဘာကျော် နက္ခတ်ပညာရှင်များကနေ တွက်ချက် ပြောဆိုထားတာတွေကို သိရှိရအောင် အကျဉ်းချူပ် ဖေါ်ပြလိုက်ရပါတယ်။
၁၉၃၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ ၊ မန္တလေးတိုင်း ကျောက်ဆည်မြို့ မှာ မွေးခဲ့တဲ့ သန်းရွှေရဲ့  စိုးမိုးသောနက္ခတ်များကတော့ Sun Aquarius, Moon Taurus တို့  ဖြစ်ပါသတဲ့။
ဖေဖေါ်ဝါရီလ (၂) ရက်နေ့  မွေးတဲ့ အနေအထားအရ သန်းရွှေရဲ့  အမူအကျင့်ဟာ အများအကျိုးစီးပွားအတွက်ကို ဆောင်ရွက်ပေးလိုတဲ့ စိတ်ဆန္ဒနည်းပါးလွန်းတယ်ပြီး လျှို့ ဝှက်ဖုံးကွယ်တတ်တဲ့ အကျင့်စရိုက်ရှိတယ်။
သန်းရွှေဟာ ငယ်စဉ်အရွယ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေချိန်ကာလတုန်းက စိုးရိမ်ထိတ်လန့် ကြောက်ရွံ့ မှုများနဲ့  ကြုံတွေ့ ခံစားခဲ့ဖူးသူဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်ဝန်းကျင်ခန့် မှာ စိတ်ရောဂါကုဆေးရုံမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ကုသခံယူခဲ့ရတယ်။
သန်းရွှေဟာ ကမ္ဘာကျော် ထင်ရှားသူ မဖြစ်ခဲ့ပေမယ့် သူ့ နဲ့  နီးစပ်သူများရဲ့  ပံ့ပိုးမှုများကြောင့် ချမ်းသာသူတစ်ဦး ဖြစ်ခဲ့တယ်။ တိုင်းသူပြည်သားတွေ ဆင်းရဲမွဲမေနေပေမယ့် သူ့ ရဲ့  သမီး မင်္ဂလာဆောင်ဟာ ထိပ်ထိပ်ကြဲ ကျင်းပဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ သက်သေပြနေတယ်။
သန်းရွှေရဲ့  စိတ်ဟာ ခံစားမှုကင်းမဲ့တဲ့ အခြေအနေဖြစ်ပြီး ခေါင်းမာသောသူ ဖြစ်တယ်။ ပျော့ပြောင်းကြင်နာတတ်သော စိတ်ခံစားမှု မရှိသူ ဖြစ်တယ်။
ဒါကတော့ အာဏာရူးကြီး သန်းရွှေရဲ့  မွေးနေ့ နဲ့  ပတ်သက်တဲ့ အကြောင်းအရာ အကျဉ်းချူပ်ပါ။ ဒီအချက်တွေအရ သန်းရွှေဟာ စိတ်ရောဂါဖြစ်ခဲ့ဖူးသူ ခေါင်းမာသူ အကြင်နာတရား ကိုယ်ချင်းစာတရား မရှိသူ အများအကျိုးအတွက် ပြုလုပ်လိုသော မရှိသူအဖြစ် တိုင်းပြည်နဲ့  လူမျိုးအပေါ် နှစ်ပေါင်းမြောက်မြားစွာ ဒုက္ခပေါင်းမြောက်မြားစွာ ပေးခဲ့ပါပြီ။
ဒုက္ခမြောက်မြားစွာ ပေးခဲ့တဲ့ အာဏာရူးကြီး သန်းရွှေကို မွေးနေ့ ကိတ်များ ပေးပါပြီ။
ဒီ ကိတ်မုန့် များကို သန်းရွှေက စတင်ခွဲပြီး၊ ကြိုင်ကြိုင်ကို အရင် စ ကျွေးပါတယ်၊ နောက် သားများ သမီးများ သမက်များ ချွေးမများ မြေးများကို ကျွေးပါတယ်၊ ပြီးတော့ သူကိုင်တိုင် အားရပါးရစားပါတယ်။ ကျန်နေသေးတဲ့ အောက်ခြေကပ်နေ ကြေမွကျနေတဲ့ ကိတ်တွေကိုတော့ သူ့ ရဲ့  ကျွန်ယုံတော် ဘယ်လက်ရုံး ညာဘက်ရုံး ဗိုလ်ချူပ်ကြီးများကို ပစ်ကျွေးပါတယ်၊ ပစ်ကျွေးလို့  လွင့်စင်သွားတဲ့ အကြေလေးတွေကိုတော့ လက်ပါးစေ ကပ်ဖား ယက်ဖားများက အလုအယက် တိုးဝှေ့  စားကြပါတယ်။ ဒီလိုစားကြတဲ့ ဗိုလ်ချူပ်ကြီးများနဲ့  လက်ပါးစေ ကပ်ဖား ယက်ဖားများရဲ့  အမည်များကို သိရှိသူများက ဖေါ်ထုတ်ပေးနိုင်ပါတယ်။
UnHappy Birthday ပါ သန်းရွှေ! ….. ။
No comments:
Post a Comment