မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုကို သိန်းစိန်တို့ မှ တာဝန်ယူဖေါ်ထုတ်ပေးပါ။
မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုကို သိန်းစိန်တို့ မှ တာဝန်ယူဖေါ်ထုတ်ပေးပါ။
မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံပါ။ မလေးရှားနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေ လက်လွတ်စပယ်ဖမ်းဆီးခံနေရတာတွေ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံရမှုတွေနဲ့  ပတ်သက်ပြီး မလေးရှားအစိုးရက တရားဥပဒေအရ ထိထိရောက်ရောက်ဆောင်ရွက် ပေးနိုင်ခြင်း မရှိသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချပါတယ်။ လူသတ်မှုကျူးလွန်သူတွေကို မည်သည့်လူမျိုးမဆို ဘာသာမဆို တရားဥပဒေအရသာ ကျောသားရင်သား မခွဲခြားဘဲ တစ်သားညီ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ထို့ အတူ အာဆီယံအဖွဲ့ ကြီးရဲ့  အလှည်ကျ ဥက္ကဌတာဝန်အဖြစ် မြန်မာနိုင်ငံက ကျရောက်နေလို့  အာဆီယံအစည်းအဝေးတွေကို ဦးဆောင်ကျင်းပနေတဲ့ သိန်းစိန်တို့ အနေနဲ့ လည်း မလေးရှားနိုင်ငံမှာ အသတ်ခံရတဲ့ လူသတ်မှုတွေ၊ သေနတ်နဲ့  ၀ိုင်းပစ်ခံရတဲ့ကိစ္စတွေအတွက် လက်သည်တရားခံများကို ဖမ်းမိသည်အထိ ဖေါ်ထုတ်နိုင်အောင် မလေးရှားနိုင်ငံအစိုးရကို ပြတ်ပြတ်သားသား ပြောဆိုလုပ်ခိုင်းရမှာ ဖြစ်ပါတယ်။ ခါတိုင်းလို ၀မ်းနည်းကြောင်းတို့  သံတမန်ရေးရာအရ ပြောဆိုတာတို့  စုံစမ်းရေးကိုယ်စားလှယ်အဖွဲ့ လေး ဟန်ပြစေလွှတ်တာတို့ လောက်နဲ့  အပေါ်ယံကြော လုပ်ပြနေတာတွေနဲ့  မလုံလောက်ပါဖူး။
ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ နိုင်ငံတကာ တိုင်းပြည်တွေမှာ လူလူချင်း တူပါရက်နဲ့  နှိမ်ချဆက်ဆံခံနေရတာတွေ၊ ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခံနေရတာတွေ၊ အမျိုးသမီေးတွ ကာယအိနြေ္ဒပျက်ရုံမက ဘ၀ပါ ပျက်ရတဲ့ အဓမ္မမှုတွေ၊ နောက်ဆုံး ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ခံရမှုတွေ မဖြစ်ရလေအောင် အကာအကွယပေးဖို့  စောင့်ရှောက်ကူညီဖို့ ဆိုတာ နိုင်ငံတစ်နိုင်ငံ အစိုးရရဲ့  အဓိကတာဝန်ကြီးတွေထဲမှာ ပါပါတယ်။ အမှုအခင်းဖြစ်ပွားနေချိန် ဖြစ်ပွားပြီးသည့်နောက်မှာလည်း သက်ဆိုင်ရာ အစိုးရ သံရုံးများနဲ့ တင်မက အစိုးရ ထိပ်တန်းအရာရှိ တာဝန်ရှိသူများကပါ လိုအပ်လျှင် သမ္မတအဆင့် ၀န်ကြီးအဆင့်တွေအထိပါ ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်ပေးဖို့  လိုပါတယ်။
ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံတွေမှာပါ ဖြစ်ပွားတဲ့ အရေးကိစ္စတွေမှာ ဒီလို တာဝန်ရှိရှိ မဆောင်ရွက်ဖူးဆိုရင် နိုင်ငံသားတစ်ဦးအပေါ်မှာ အကာအကွယ်ပေး စောင့်ရှောက်ပေးရမယ့် တာဝန်ဝတ္တရားပျက်ကွယ်တာမို့  အုပ်ချူပ်သူအစိုးရအဖွဲ့ ကို တာဝန်ပျက်ကွက်မှုနဲ့  နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အချက်တွေနဲ့  တရားစွဲဆောင်ရွက်ရမှာပါ။ မဲဆန္ဒရှင် ပြည်သူလူထုကနေ အယုံအကြည်မရှိအဆိုနဲ့  အဆိုပါ အစိုးရအဖွဲ့ ဝင်တွေကို ပေးအပ်ထားတဲ့ တာဝန်ကနေ ဖယ်ရှားပစ်ရမှာပါ။
ယခု မကြာခင်ကမှ ဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုမှာ လူသတ်တရားခံများကို ဖေါ်ထုတ်အရေးယူနိုင်ဖို့ ကိစ္စမှာ သိန်းစိန်တို့ အနေနဲ့  ထိထိရောက်ရောက် တာဝန်ယူ မဆောင်ရွက်ပေးနိုင်ဖူးဆိုရင် ဒီဖြစ်ပွားမှုကိစ္စရပ်တွေမှာ သိန်းစိန်တို့  စနက်မကင်းဖူးဖို့  ယူဆရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ကျကျ ဖန်တီးလုပ်ဆောင်နေရာကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ယခုနှစ် ၂၀၁၄ ခုနှစ်အတွင်းမှာ အကြမ်းဖက်မှုတွေ ပိုပိုပြီး ဖြစ်ပွားအောင် ပြည်ပနိုင်ငံတွေအထိ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိလုပ်ကိုင်စားသောက်နေကြတဲ့ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ဘေးအန္တရယ်တွေ ပဋိပက္ခတွေ တိုးချဲ့  လုပ်ဆောင်နေတယ်လို့  သိန်းစိန်တို့  အာဏာရှင်အုပ်စုကို တထစ်ချ လက်ညိုးထိုးရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment