Saturday, February 15, 2014

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကို ဘယ်သူလုပ်ကြံသတ်ဖြတ်ခဲ့သလည်း။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကို ဘယ်သူလုပ်ကြံသတ်ဖြတ်ခဲ့သလည်း။

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ မှာ ချစ်သူများနေ့ ဖြစ်လို့  ချစ်သူခင်သူတွေ ပျော်ရွှင်ကြည်နူးကြတာ ရှိကြသလို ချစ်သူခင်သူတွေနဲ့  ဝေးကွာကြရလို့  လွမ်းဆွေးကြရသူတွေလည်း ရှိပါတယ်။ ခေတ္တဝေးကွာခြင်းနဲ့  ထာဝရဝေးကွာခြင်းဆိုပြီး ဝေးကွာမှုပေါ် မူတည်ပြီး ပိုမိုဝမ်းနည်းကြရပါတယ်။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ မှာ မိသားစုအတွက်ရော၊ ကရင်တိုင်းရင်းသားတွေအတွက်ရော၊ အာဏာရှင်ဆန့် ကျင်ရေး တော်လှန်တိုက်ပွဲကြီးအတွက်ရော ကြီးမားသော ဆုံးရှုံးမှုကြီးနဲ့  လွမ်းဆွေးမှုတွေကို ဖြစ်ပေါ်ခဲ့တာကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါဘဲ။

နေအိမ်မှာ အပန်းဖြေနေထိုင်နေရင်း လက်နက်ကိုင်လူရမ်းကားတစ်ုကနေ ၀င်ရောက်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့လို့  ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ ကွယ်လွန်သွားခဲ့ရပါတယ်။ ဒီလိုလုပ်ကြံသတ်ဖြတ်မှုဟာ ပုဂ္ဂိုလ်ရေးအရမဟုတ်ဘဲ နိုင်ငံရေး တော်လှန်ရေးအရ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးအား လုပ်ကြံခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလုပ်ကြံမှုနဲ့  ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကို ဘယ်သူလုပ်ကြံသတ်ဖြတ်ခဲ့သလည်း။ ယခုအချိန်ကာလမှာ ထုတ်ဖေါ်ကြဖို့  လိုပါပြီ။

No comments: