ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ရေထဲမှာ မရှိဖူးဆိုရင် ကုန်းပေါ်များ ရောက်နေသလား။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ရေထဲမှာ မရှိဖူးဆိုရင် ကုန်းပေါ်များ ရောက်နေသလား။
ယနေ့  နောက်ဆုံးသတင်းက - ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ နောက်ဆုံးမြင်တွေ့ ရတဲ့ နေရာရောက်ရှိချိန် တစ်နာရီရယ်၊ နောက်ထပ် (၄) နာရီရယ် စုစုပေါင်း (၅) နာရီကြာအောင် ပျံသန်းနေတယ်လို့  သိရှိရကြောင်း လေယာဉ်အင်ဂျင်မှတ်တမ်း သတင်းပေးပို့ မှုအရ သိရှိရတယ်လို့  ဆိုကြပါတယ်။ ဒီ (၅) နာရီကြာအောင် ပျံသန်းမှုဟာ အိန္ဒိယသမုဒ္ဒယာထဲမှာ ရောက်ရှိပျံသန်းခဲ့တယ်လို့  တွက်ဆနေကြပါတယ်။ ယခုထက်ထိ ရှာဖွေ မတွေ့ ရှိသေးတာကြောင့် လေယာဉ်ပေါ်ပါတဲ့ သူတွေ အသက်ရှင်နေနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေတာနဲ့ အတူ တစ်နေရာရာမှာ ရှိနေလိမ့်မယ်လို့  ယူဆနေကြပါတယ်။ တရုတ်ဂြိုလ်တုက တွေ့ ရှိတဲ့ လေယာဉ်အရွယ် အဖြူရောင်အရာဝတ္ထုတစ်ခု ရေထဲမှာ မျောနေတယ် ဒါပမေယ့် ပုံကို ကြာ်ကြည်လင်လင်မတွေ့ ရဘဲ ၀ါးနေတယ်ဆိုတဲ့ သတင်းကလည်း မမှန်ပြန်ဖူးလို့  ဆိုပြန်တယ်။
အိန္ဒိယသမုဒ္ဒယာနေရာဒေသဆိုတော့ မလေးရှားနဲ့  အနီးဆုံးဆိုရင် အိန္ဒိယ၊ ဘင်္ဂဘားဒေ့ရှ်၊ မြန်မာ၊ သီရလင်္ကာ၊ ပါကစ္စတန်နဲ့  ထိုင်းနိုင်ငံတွေ တည်ရှိတဲ့ နေရာဒေသ ဖြစ်တာမို့  ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် ဒီနိုင်ငံတွေထဲက တစ်နိုင်ငံမှာများရောက်ရှိနေသလားလို့  သံသယရှိနေကြပါတယ်။
No comments:
Post a Comment