Thursday, March 6, 2014

ဖွတ်ဝိုင်းအတွင်း အမျိုးဆောင့် ဘောကြီး ပုတ်နေကြသည်။

ဖွတ်ဝိုင်းအတွင်း အမျိုးဆောင့် ဘောကြီး ပုတ်နေကြသည်။

“အမျိုးစောင့်ဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနင့် ပတ်သက်သော ဥပဒေများကို ယခုအချိန်တွင် ပြဌာန်းသင့်မသင့်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ စဉ်းစားချင့်ချိန်ပြီး တင်ပြပြင်ဆင်ချက်များအပေါ် အခြေခံ၍ လွှတ်တော်က ဆွေးနွေးမယ်” လို့  ရွှေမန်းက ဒီနေ့ မတ်လ (၆) ရက်နေ့  လွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာများနဲ့  တွေ့ ဆုံစဉ်မှာ ပြောကြားလိုက်တယ်ဆိုတာနဲ့  ပတ်သက်ပြီး - ရွှေမန်းတို့ ရဲ့  ပုလင်းတူ ဗူးဆို့  ဖွတ်ဝန်ကြီး ၀န်လေးများကို မေးမှတော့ မမေးခင်ကတည်းက ဘောင်းတော်ငြိမ့် အရှင်ဘုရား သဘောတော်မြတ်အတိုင်းပါဘုရာ့လို့  ဆိုမှာပေါ့။

သိန်းစိန်က ရွှေမန်းဆီ ဘောပုတ်ပေးလိုက်၊ ရွှေမန်းက ၀န်ကြီးတွေဆီ ဘောပုတ်ပေးလိုက်၊ တစ်ခါ ၀န်ကြီးတွေက ဘယ်သူ့ ဆီ ဘောပုတ်မလည်း မသိဖူး။ နောက်တော့ ဘောက ဖွတ်ဝိုင်းထဲမှာဘဲ ရှိနေအောင် ပုတ်တဲ့ဘောမို့  ဖွတ်ဘောကြီးသာ ဖြစ်နေတဲ့ အမျိုးဆောင့်ဘောကြီး။

အမျိုးဆောင့်ဖို့  ဖင်ခုထိုင်နေကြတဲ့ သိန်းစိန် ရွှေမန်းတို့ ရဲ့  အမျိုးဆောင့်ဘောကြီးကို ဝေးဝေးလွှင့်သွားအောင် ၀ိုင်းပြီး ကန်ထုတ်ကြရအောင်။


No comments: