ဗြောင်လိမ်ဗြောင်ညာ သိန်းစိန်။
ဗြောင်လိမ်ဗြောင်ညာ သိန်းစိန်။
မျိုးစောင့်ဥပဒေကြမ်းအတွက် “ရဟန်းရှင်လူပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ” ဆိုပြီး သိန်းစိန်ကနေ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့  စည်းတာဝန်ပေးအပ်တဲ့ အမိန့် ကြော်ငြာစာကို ဒီနေ့  သိန်းစိန်က ထုတ်ပြန်လိုက်တာမှာ -
“ရဟန်းရှင်လူပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ” ဆိုတဲ့ အသုံးအနှုန်းကို ပြတ်ပြတ်သားသား ကန့် ကွက်လိုက်ပါတယ်။
မြန်မာတစ်နိုင်ငံလုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်တာ မဟုတ်ဘဲနဲ့  “ရဟန်းရှင်လူပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ” လို့  မိမိတို့  လိုအပ်ရာမှာ မဟုတ်မမှန် အသုံးချရေးသားဖေါ်ပြတာ ဖြစ်တဲ့အတွက် သမ္မတနေရာတာဝန်ယူထားသူ သိန်းစိန်ဟာ ဗြောင်လိမ်ဗြောင်ညာလုပ်တာပါ။
လူလိမ်သိန်းစိန်နဲ့  အပြောရွှေမန်းတို့  တက်ညီလက်ညီနဲ့  လိမ်လည်နေကြတဲ့ လုပ်ရပ်ပါ။
မျိုးစောင့်ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ဖွဲ့ စည်းမှုကို လုံးဝ ကန့် ကွက်ပါတယ်။
ရဟန်းရှင်လူပြည်သူလူထုအပေါ် ဗြောင်လိမ်တဲ့ သိန်းစိန် ရွှေမန်း ……
No comments:
Post a Comment