Sunday, March 16, 2014

သူတို့  လက်ချက်လား ဒါမှမဟုတ် ပွဲလန့် တုန်း ဖျာဝင်ခင်းသလို အခြားသူ လုပ်ဆောင်တာကို သူတို့ ပါလို့  အမည်ဝင်ခံတာလား။

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ နောက်ထပ်သတင်းတစ်ခုကတော့ အယ်ကိုင်ဒါးအကြမ်းဘက်အဖွဲ့  ခေါင်းဆောင် သေဆုံးသူ အိုစမာ ဘင်လာဒင်ရဲ့  သားမက်ဖြစ်မယ့်သူ Saajid Badat ဆိုသူက နယူးယောက်တရားရုံးတစ်ခုကို ပြောဆိုတဲ့ ပြောဆိုချက်နဲ့  ပတ်သက်တာပါ။

မလေးရှားလူမျိုး လေးယောက် (သို့ ) ငါးယောက်ကနေ ရှူးဖိနပ် (shoe) ထဲမှာ လျှို့ ဝှက်ဗုံးထည့်ထားပြီး လေယာဉ်မောင်းခန်းတံခါးကို ဖေါက်ခွဲဝင်ရောက်ကာ လေယာဉ်ကို အပိုင်စီးထိန်းသိမ်းခဲ့တယ်လို့  ဆိုပါတယ်။ လေယာဉ်မောင်းခန်းတံခါးဟာ ကျည်ဆံမတိုးနိုင်အောင် စီစဉ်ထားတာဖြစ်ပြီး အတွင်းဘက်ကနေ တံခါးကို လုံခြုံအောင် ပိတ်ထားရတာ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းက မလေးရှားလုံခြုံရေးတပ်ဖွဲ့ ဟာ လေယာဉ်မောင်းသူရဲ့  နေအိမ်ကို ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမှန်တကယ်ဘဲ သူတို့  လက်ချက်လား ဒါမှမဟုတ် ပွဲလန့် တုန်း ဖျာဝင်ခင်းသလို အခြားသူ လုပ်ဆောင်တာကို သူတို့ ပါလို့  အမည်ဝင်ခံတာလားဆိုတာ ဆက်လက်ပြီး ကြည့်ရှူရမှာ ဖြစ်ပါတယ်။


No comments: