Tuesday, March 18, 2014

မြန်မာပြည် နှစ်ပိုင်းပြတ်နေတယ်။

ဒီ မြေပုံကို ကြည့်ရင်း မြင်ရတဲ့ အနေအထားက မြေပုံပါပုံစံအတိုင်းဘဲ မြန်မာပြည်ရဲ့  အနာဂတ်အတွက် စိုးရိမ်စရာပါဘဲ။

မြန်မာပြည် ရင်ဘတ်တဲ့တဲ့ကို ဓါးနဲ့  ခွဲချထားသလိုပါဘဲလား။ မြေပုံထဲမှာ မြန်မာပြည် နှစ်ခြမ်းပြတ်နေတာ သိသိသာသာကြီးပါလား။

ကျောက်ဖြူ - ကူမင်း (မြန်မာ - တရုတ်) ပိုက်လိုင်းနဲ့  မီးရထားလမ်းစီမံကိန်းတွေဟာ မြန်မာပြည်ရဲ့  အသွေးအသားတွေကို ၀ါးမြိုနေတဲ့အတိုင်း မြန်မာပြည်ရင်ဘတ်တည့်တည့်ကြီး နှစ်ခြမ်းကွဲနေပြီလို့  ပြနေသလိုပါဘဲ။

မြန်မာပြည်ကို ရင်ဘတ်တည့်တည့်ကနေ ကျောက်ဖြူ - ကူမင်း ပိုက်လိုင်းက ဟက်တက်ကြီး ခွဲလိုက်၊ မြန်မာပြည် ဦးခေါင်းထိပ်ပိုင်းကနေ ဧရာဝတီမြစ်ဆုံစီကိန်းကြီးလုပ်ကာ လည်ပင်းညှစ်လိုက်၊ မြန်မာပြည်အရှေ့ ဘက် သံလွင်မြစ်ရေကာတာတွေနဲ့  မြန်မာပြည်ခန္ဓာကိုယ်မှာ မစီးဆင်းစေဖို့  ပိတ်ဆို့ လိုက်၊ ထားဝယ်ရေနက်စီမံကိန်းတွေနဲ့  မြန်မာပြည်ခြေကျိုးအောင် ချိုးဖျက်ဖို့  လုပ်လိုက်နဲ့  အနာဂတ်မြန်မာပြည်ဘ၀ကတော့ ရင်လေးစရာဆိုတာ တွေးသိမိကြရင် မြန်မာပြည်နဲ့  မြန်မာလူမျိုးတွေရဲ့  အသွေးအသားတွေကို ၀ါးမြိုနေတဲ့ သစ္စာဖောက် လောက်ကောင် အာဏာရူေးတွ စီးပွားရေးသမားကြီးတွေနဲ့  တရုတ် ထိုင်း အစရှိတဲ့ တိုင်းတစ်ပါးရဲ့  စီမံကိန်းလုပ်ငန်းကြီးတွေကို ဆန့် ကျင်ကြဖို့  လိုပါတယ်။

မြန်မာပြည် ရင်ဘတ်တည့်တည့် နှစ်ခြမ်းကွဲနေတဲ့ ဒီပုံကို နမိတ်ပြအဖြစ် မြင်ကြည့်ကြပါ။



No comments: