Myanmar Adoxy Cell Food အား ပြင်းထန်စွာ သတိပေးခြင်း။
Myanmar Adoxy Cell Food အား ပြင်းထန်စွာ သတိပေးခြင်း။
MyanmarAdoxy ဖေ့စ်ဘွတ်စာမျက်နှာပါ ၂၀၁၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့  နေ့ စွဲပါ ရေးသားဖေါ်ပြချက်ဖြစ်သည့် “ADOXY Cell Food သဘာဝဖြည့်စွက် အစာအာဟာရနှင့်ပတ်သက်၍ ရှင်းလင်းချက်” https://www.facebook.com/MyanmarAdoxy/posts/607239426013457 ၏ အောက်ဖေါ်ပြပါ စာပိုဒ်တွင် ရေးသားဖေါ်ပြထားသည့် -
“ADOXY Cell Food ကို ရဟန်းရှင် လူပြည်သူအများသုံးစွဲလာသည်မှာ တစ်နှစ်ခန့် ရှိလာချိန် ကောင်းသတင်းများ ထွက်ပေါ်လာချိန်တွင် တရားမ၀င် မှောင်ခိုလမ်းမှ အတုအပများပါ ရောနှောတင်သွင်းသူများ စီးပွားပြိုင် မနာလို မရှုဆိမ့်သော ၀ိသမလောဘသားများသည် စီးပွားရေးအောက်လမ်း နည်းပေါင်းစုံကို ဘက်စုံမှသုံးပြီး ADOXY Cell Food ကို သုံးစွဲသူ ပြည်သူအများနှင့်လည်းကောင်း အာဏာပိုင် အဖွဲ့အစည်းများ နှင့်လည်းကောင်း ဆေးပညာရှင်များနှင့်လည်းကောင်း၊ ထိပ်တိုက် ရင်ဆိုင်မှုဖြစ်စေရန် ကြိုးပမ်း လာကြပါသည်။
ဤရည်ရွယ်ချက်ကို ထင်ရှားစေသည့် သာဓကများမှာ -
(င) ထိုအထဲမှ ရေးသားသူ တဦးက February 28 Facebook တွင် ထိုင်းနိုင်ငံထုတ် ADOXY Cell Food သဘာဝအဟာရအရည်ကို ADOXA (DOXY CYCLINE HCL) ANTIBIOTIC ဆရာဝန်သုံးပိုးသတ်ဆေးနှင့် မှားယွင်းစွာဖော်ပြမိ ကြောင်းနှင့် ADOXY Cell Food သည် သဘာဝဖြည့်စွက် အစာအဟာရဖြစ်ပြီး - ရေ (သို့မဟုတ်) အရည်တွင် ဖျော် သောက်လျှင် ယင်းသုံးစွဲသူကို အောက်ဆီဂျင်အား ပံ့ပိုးဖြည့်ဆီးပေးနိုင်သော အာနိသင်ရရှိစေနိုင်ပြီး သူယခင်တင်ပြခဲ့သော အဆိပ်- မကောင်းသောဆိုးကျိုးများမှာ ဆရာဝန်များသုံး ANTIBIOTIC ADOXA (DOXYCYCLINE HCL) ၏ ဆိုးကျိုးများသာ ဖြစ်ကြောင်း မှားယွင်းကြောင်း ၀န်ချ တောင်းပန်သွားပါသည်။” - ရေးသားဖေါ်ပြချက်သည် Myanmar Adoxy အနေဖြင့် မည်သူမည်ဝါဟု တိတိကျကျ အမည်နာမနှင့်တစ်ကွ တရားဝင် ရေးသားဖေါ်ပြရဲခြင်း မရှိသော်ငြားလည်း၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ စွဲပါ နစ်နေမန်း၏ “ADOXY Cellfood အကြောင်းပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်” အား တိုက်ရိုက်ရည်ညွှန်းဖေါ်ပြသည်မှာ ထင်ရှားပေသည်။
နစ်နေမန်း၏ တောင်းပန်ချက်မှာ “ADOXY Cellfood (ခေါ်နေကြတဲ့ နတ်ဆေး ဒါမှမဟုတ် ကျန်းမာရေးအထောက်အကူပြု သဘာဝ ဆဲလ်အဟာရအရည်) ဆိုပြီး ထုတ်လုပ်ရောင်းချနေတဲ့ တံဆိပ်အမည်ဟာ “ADOXY” ဖြစ်ပြီး အခြားသော အမည်ဆင်သည့် ADOXA (DOXYCYCLINE HCL) Antibiotic ဆေးရဲ့  ဆိုးကျိုးများနဲ့  မှားယွင်းစွာ ဖေါ်ပြမိတဲ့အတွက် မူရင်းဆောင်းပါးရှင် ဒေါက်တာပြည့်ဖြိုးအောင်ရဲ့  မူလရေးသားဖေါ်ပြမှုနဲ့  လွဲချော်သွားတဲ့အတွက် ဦးစွာပထမ ဒေါက်တာပြည့်ဖြိုးအောင်ကို တောင်းပန်ပါတယ်၊ ထို့ အတူ ဒီရေးသားချက်ကို ဖတ်ရှူကြတဲ့ မိတ်ဆွေအပေါင်းအတွက် ADOXY Cellfood နဲ့  ADOXA Doxycycline နှစ်ခုအကြောင်း ရောထွေးသွားစေတဲ့အတွက် တောင်းပန်အပ်ပါတယ်။ အမည်တူပေမယ့် ဆေးမူရင်း ဆေးပညာအခေါ်ကို သတိမထားလိုက်မိဘဲ အမည်တူကို ကြည့်ရှူမိပြီး စေတနာဇောနဲ့  အလျင်စလို သတိပေးဖေါ်ပြလိုက်မိတဲ့အတွက် ကျွန်တော် နစ်နေမန်း၏ မှားယွင်းချက်သာ ဖြစ်ကြောင်းနှင့် ဒေါက်တာပြည့်ဖြိုးအောင် (https://www.facebook.com/pyaephyoaung) နှင့် မည်သို့ မျှ မသက်ဆိုင်ပါကြောင်း ပြောကြားလိုပါတယ်။” သည်ဟု မူလဆောင်းပါးရှင် ဒေါက်တာပြည့်ဖြိုးအောင်နှင့် ယခင်ရေးသားချက် ဖတ်ရှူသူများကို တောင်းပန်ထားခြင်းသာ ဖြစ်သည်။ ဤတောင်းပန်ချက်သည် Cell Food ၌ ဆိုးကျိုးများ မရှိဟု ဆိုလိုခြင်း လုံးဝ မရှိပေ။
နစ်နေမန်း၏ ရေးသားချက်ထဲတွင် “Cellfood သုံးစွဲမှုကြောင့် မည်သည့်ရောဂါကိုမျှ တိုက်ရိုက်ပျောက်ကင်းစေခြင်း မရှိဘဲ၊ သုံးစွဲမှုကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ၀မ်းသွားခြင်းတို့  ဖြစ်တတ်ပါတယ်။ “ ဟု တိတိကျကျ ဖေါ်ပြရေးသားထားပေသည်။
နစ်နေမန်း၏ ရေးသားချက်အပြည့်အစုံအား တိတိကျကျ ဖေါ်ပြခြင်း မရှိဘဲ၊ ဤကဲ့သို့  မိမိတို့  အကျိုးစီးပွားအတွက် လိုအပ်သည့်အပိုင်းကိုသာ ဖြတ်တောက်ဖေါ်ပြရေးသားကာ ထပ်မံလိမ်ညာဖေါ်ပြသည့် Myanmar Adoxy Cell Food အား လုံးဝ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
ထို့ အပြင် Myanmar Adoxy မှ “တရားမ၀င် မှောင်ခိုလမ်းမှ အတုအပများပါ ရောနှောတင်သွင်းသူများ စီးပွားပြိုင် မနာလို မရှုဆိမ့်သော ၀ိသမလောဘသားများသည် စီးပွားရေးအောက်လမ်း နည်းပေါင်းစုံကို ဘက်စုံမှသုံးပြီး ADOXY Cell Food ကို သုံးစွဲသူ ပြည်သူအများနှင့်လည်းကောင်း အာဏာပိုင် အဖွဲ့အစည်းများ နှင့်လည်းကောင်း ဆေးပညာရှင်များနှင့်လည်းကောင်း၊ ထိပ်တိုက် ရင်ဆိုင်မှုဖြစ်စေရန် ကြိုးပမ်း လာကြပါသည်။” ဟု စွပ်စွဲရေးသားထားချက်သည် မခိုင်လုံသော စွပ်စွဲပြောဆိုချက်ဖြစ်ကာ Adoxy Cell Food နှင့် ပတ်သက်၍ သတိပေးရေးသားကြသူများအပေါ် ထိခိုက်နစ်နာစေသော လုပ်ရပ်ဖြစ်သဖြင့် တရားဥပဒေအရ ငြိစွန်းလျက် ရှိသည်။
အဆိုပါ Myanmar Adoxy Cell Food ၏ မဟုတ်မမှန် ရေးသားဖေါ်ပြမှုများ၊ စွပ်စွဲပြောဆိုရေးသားသည့် လုပ်ရပ်များ၊ တရားဥပဒေနှင့် မညီသည့် မမှန်မကန် လိမ်ညာညွှန်းဆို ဖြန့် ချီရောင်းချနေခြင်းများကို အလျင်အမြန် ရပ်တန့် ခြင်း မရှိပါက ပြည်သူလူထုအတိုင်းအတာဖြင့် နိုင်ငံတကာဆေးဝါးဘေးအန္တရာယ်တားမြစ်ရေးအဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်းကာ Myanmar Adoxy Cell Food အပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေး ကြေညာလိုက်ပါတယ်။
နစ်နေမန်း။
No comments:
Post a Comment