ချီးစိမ်းပန်း သေမည့် ပြိတ္တာ ခင်ရွှေ။
ချီးစိမ်းပန်း သေမည့် ပြိတ္တာ ခင်ရွှေ။
ထီးဖြူဆောင်းတယ်ဆိုတာ ဘုရား ရဟန်းသံဃာ ရှင်ဘုရင်မင်းမြတ်တွေမှ ဆောင်းသင့်တယ်ဆိုတာ ခင်ရွှေ မသိလေရောလား။
ရှေးခေတ်က မြန်မာရှင်ဘုရင်မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူငါးပါးဖြစ်တဲ့ မင်းစံတော်မူသော သလွန်ထက်ဖွင့်လျက် အမြဲစိုက်ထားသောထီး၌ ရတနာ ၇ ပါးစီခြယ်ထားသော ကြဋ္ဌာန်းထီးဖြူ၊ တစ်နှစ်တစ်ကြိမ် သဘင်ခံရာ ဖွင့်ဆောင်းသော ထီး၌ န၀ရတ်ကိုးပါး စီခြယ်ထားသော ဥရူထီးဖြူ၊ ထွက်ဝင်မပြတ်ဆောင်းတော် ရွှေရိုးရွှေထွက်နှင့် တမ္ဗတ်ထီးဖြူ၊ တစ်တိုင်းတစ်ပြည်က သံကြီး တမန်ကြီး ရောက်လာသော် အရိုးအထွတ်အရွက်တို့၌ ရတနာ ၉ ပါး စီခြယ်ထားသော ကနက္ကဒါဏ်ထီးဖြူနဲ့  ဆင်ယာဉ်၊ မြင်းယာဉ်တို့၌ ဆောင်းသော အရိုး၊ အထွက် ရွှေခြယ်သော သမုတိ ထီးဖြူဆိုတဲ့ ထီးဖြူ ၅ ပါးရှိတယ်ဆိုတာ မသိတဲ့ ဘုရင်ရူး ခင်ရွှေ ထိုင်းနိုင်ငံမှာ ဘာထီးဖြူမှန်း မသိတဲ့ ထီးဖြူသွားဆောင်းရတယ်လို့ ။ ဟိုတစ်လောတုန်းကလည်း ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ နိုင်ရင် သမ္မတဖြစ်နိုင်တယ်ဆိုပြီး ရူးခဲ့သေးတာ မှတ်မိသေး။ မင်းရူး ရူးနေတဲ့ ခင်ရွှေ။
ခင်ရွှေ ဆောင်းတဲ့ ထီးဖြူကတော့ “တစ်နှစ်တစ်ခါ ပေါ်လို့ လာ ငါသာ မင်းလောင်း ထီးဖြူဆောင်း” ဆိုတဲ့ စကားထာဝှက်တဲ့ ထီးဖြူဘဲ ဖြစ်လိမ့်မယ်။
ဓါတ်ပုံမှာ ကြည့်ပါဦး၊ ရှေ့ က ဘုရားဆင်းတုတော်မှာတော့ ထီးဖြူ မရှိ၊ ပြိတ္တာ ခင်ရွှေခေါင်းပေါ်မှာတော့ ထီးဖြူနဲ့ ။
မဆောင်းသင့်တဲ့ ထီးဖြူဆောင်းရင်တော့ ပြိတ္တာ ခင်ရွှေတစ်ယောက် ချီးစိမ်းပန်း သေဦးမယ်။ ထီးဖြူဆောင်းနတ်က အကောင်းကြည့်နေမယ်တော့ မထင်ပါဖူး။
No comments:
Post a Comment