Wednesday, May 28, 2014

ပြည်သူတွေက “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အလိုကျ” ရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်လို့  ဆန္ဒပြုနေကြတာပါ။

“လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ရန်မသင့်” လို့  ပြောနေရေးနေကြတယ်ဆိုတော့ - လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အလိုကျ ရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုရော ပြင်ဆင်ရန် မသင့်ဖူးလားလို့  ပြန်မေးချင်ပါတယ်။

ပြောတဲ့ထဲမှာပါတဲ့ “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်” ရယ် “လူပုဂ္ဂိုလ်တစ်ဦးအလိုကျ” ဆိုတာရယ်မှာ အဲ့ဒီလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆိုတာ ဘယ်သူတွေပါလည်း။ ဘယ်သူက ပြည်သူက ချစ်ခင်လေးစားတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့  ဘယ်သူက ပြည်သူက မုန်းတီးရွံရှာတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆိုတာကိုရော သိပါရဲ့ လား။

ပြည်သူတွေက “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အလိုကျ” ရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်လို့  ဆန္ဒပြုနေကြတာပါ။

စားဝတ်နေရေး မပြေလည်လို့  ဒီဆိုင်းဘုတ်တွေကိုင်ရတယ်ဆိုရင် ပြောပါ။ ဒီဆိုင်းဘုတ်တွေ ကိုင်တဲ့အစား သမအာဇီဝနဲ့  ရိုးသားစွာ တောင်းစားတာကမှ သိက္ခာရှိဦးမယ်။ သိသိကြီးနဲ့  ကိုင်တယ်ဆိုရင်တော့ ကိုယ့်ကြောင့် ကိုယ့် မိသားစု မျိုးဆက် သိက္ခာ မကျပါစေနဲ့ ။

ထပ်ပြောပါဦးမယ် - ပြည်သူတွေက “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အလိုကျ” ရေးဆွဲခဲ့တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်လို့  ဆန္ဒပြုနေကြတာပါ။



No comments: