သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်၊ ယင်လပ်၊ ဂျူလီယာတို့  အသွင်တူ ပေါင်းဘက်ကြသူများ။
သိန်းစိန်၊ ရွှေမန်း၊ မင်းအောင်လှိုင်၊ ယင်လပ်၊ ဂျူလီယာတို့  အသွင်တူ ပေါင်းဘက်ကြသူများ။
သြစတြေးလျနိုင်ငံ ၀န်ကြီးချူပ်ဟောင်း ဂျူလီယာ ဂေးလ်လာ့ဒ်။
သြစတြေးလျနိုင်ငံ ၀န်ကြီးချူပ်ဟောင်း ဂျူလီယာ ဂေးလ်လာ့ဒ်ဟာ ၀န်ကြီးချူပ်နေရာကို ရိုးသားစွာ ရရှိခဲ့သူ မဟုတ်ပါဖူး။ သူမနဲ့  နိုင်ငံရေးတစ်ပါတီထဲ အတူတူဖြစ်တဲ့ ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေဆဲ (ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း တရားဝင် ခံရသူ) မစ္စတာ ကယ်လ်ဗင် ရပ်ဒ်ကို အကောက်ကြံကာ ပါတီတွင်း အကြံတူသူများနဲ့  စားသောက်ဆိုင်မှာ အများသူငှာ မသိအောင် မကြာခဏ လျှို့ ဝှက်စွာ ဆွေးနွေးတိုင်ပင် လက်ဝါးရိုက်ပြီး ကယ်လ်ဗင် ရပ်ဒ်ကို နောက်ကျော ဒါးနဲ့ ထိုးခဲ့တဲ့တဲ့သူပါ။
ဂျူလီယာ ဂေးလ်လာ့ဒ်ဟာ သူမရဲ့  အပေါင်းအပါတွေနဲ့  ပါတီတွင်း အစည်းအဝေးကြီးမှာ ၀န်ကြီးချူပ် ကယ်လ်ဗင် ရပ်ဒ်ကို ပါတီခေါင်းဆောင်နေရာကနေ ဖြုတ်ချခဲ့မှုကြောင့် ဂျူလီယာ ဂေးလ်လာ့ဒ်ဟာ သြစတြေးလျနိုင်ငံရဲ့  ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခြင်း မခံရဘဲနဲ့  ၀န်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတစ်ခုတဲအတွင်း ယုတ်မာစွာနဲ့  အာဏာသိမ်းခဲ့မှု မှတ်တမ်းပါဘဲ။ နောက်တစ်ကြိမ် ရွေးကောက်ပွဲကြမှသာလျှင် အရှက်မရှိ မျက်နှာပြောင်တိုက်ခဲ့တဲ့ သူမဟာ ရွေးကောက်ပွဲအရ အနိုင်ရပါတီဖြစ်လို့  ဒုတိယသက်တမ်းအနေနဲ့  ၀န်ကြီးချုပ် ဆက်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် နောက်တစ်ကြိမ်မှာတော့ ရှုံးနိမ့်မှာကို သိသိကြီးမို့  ရှုံးနိမ့်ရင် နိုင်ငံရေးလောကကနေ လုံးဝထွက်ခွာပါမယ်ဆိုပြီး အရှက်ပြေ ပြောခဲ့ပြီး ပြည်သူလူထုက ရွေးကောက်ခြင်း မပြုတော့လို့  ဂျူလီယာ ဂေးလ်လာ့ဒ် ပြုတ်ကျသွားခဲ့ပါတော့တယ်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာဟာ ၀န်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သူ သက်ဆင် ရှင်နာဝါထရာရဲ့  ညီမဖြစ်ပြီး၊ အကိုဖြစ်သူရဲ့  ကြွယ်ဝချမ်းသာမှုနဲ့  သက်ဆင်ကို သစ္စာခံခဲ့ကြတဲ့ ထိုင်းနိုင်ငံ နိုင်ငံရေးသမားကြီးများ စီးပွားရေးသမားကြီးများရဲ့  ကျောထောက်နောက်ခံနဲ့  ၀န်ကြီးချူပ် ဖြစ်လာခဲ့သူပါ။
ယင်လပ် ရှင်နာဝါထရာ ၀န်ကြီးချူပ်ဖြစ်လာပြီး တာဝန်ယူနေတဲ့ သက်တမ်းတစ်လျှောက်မှာ အကိုဖြစ်သူ သက်ဆင် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဆက်လက်တည်တံ့ လည်ပတ်တိုးပွားဖို့ အတွက် လက်ရှိရရှိထားတဲ့ ၀န်ကြီးချုပ်တာဝန်ကို အခွင့်ကောင်းယူပြီး ဆောင်ရွက်ခဲ့ပါတယ်။
အထူးသဖြင့်ကတော့ လာဘ်စားမှုအပါအ၀င် အခြားသော ပြစ်မှုကြီးများကြောင့် ထိုင်းနိုင်ငံကနေ ပြည်ဝင်ခွင့် မပေးတဲ့ အကိုဖြစ်သူ သက်ဆင် ရှင်နာဝါထရာ ထိုင်းနိုင်ငံကို ပြန်လာခွင့် ရရှိရေးအတွက် သူမရဲ့  ၀န်ကြီးချုပ်လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး တိုင်းပြည် မတည်ငြိမ်အောင်၊ အကိုဖြစ်သူ သက်ဆင် ရှင်နာဝါထရာကို ထောက်ခံအားပေးကြသူတွေ အခွင့်သာအောင် ဆောင်ရွက်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ထိုင်းနိုင်ငံ တရားဥပဒေရဲ့  ဆုံးဖြတ်ချက်အရ ယင်လပ် ရှင်နာဝါထရာဟာ ၀န်ကြီးချုပ်တာဝန်ကနေ ဖယ်ရှားခံခဲ့ရပါပြီ။
ဝန်ကြီးချုပ်ရာထူးကို ရရှိဖို့  တစ်ပါတီထဲ ခေါင်းဆောင်ဖြစ်သူ လက်ရှိ ၀န်ကြီးချူပ်ကို အကောက်ကြံခဲ့တဲ့ ဂျူလီယာ ဂေးလ်လာ့ဒ်လို လူမျိုးရယ်၊ ၀န်ကြီးချူပ်တာဝန်နဲ့  ရာထူးလုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ပြီး ပြည်နှင်ဒဏ်သင့်ထားသူ အကိုဖြစ်သူအတွက် ကိုယ်ကျိုးချခဲ့တဲ့ ယင်လပ် ရှင်နာဝါထရာလို လူမျိုးတွေဟာ မြန်မာပြည်က သိန်းစိန်တို့  ရွှေမန်းတို့  မင်းအောင်လှိုင်တို့ လို ပြည်သူလူထုက မှန်ကန်စွာ ရွေးကောက်တင်မြှောက်ခြင်း မခံရဘဲ လိမ်မှုညာမှု ယုတ်မာမှုအမျိုးမျိုး ပြုလုပ်ကာ နေရာ အာဏာ ရယူထားကြတဲ့ အသွင်တူတွေနဲ့  ပေါင်းဘက်ကာ မြန်မာနိုင်ငံရဲ့  အသွေးအသားတွေကို ၀ါးမြိုဖို့  ၄င်းတို့  ၀န်ကြီးချုပ်သက်တမ်းတွေအတွင်းမှာ အသည်းအသန် ဆောင်ရွက်ခဲ့ကြပေမယ့် ယခုတော့ သွားရှာကြပါပြီ။ သို့ သော်လည်း အစိုးရခေါင်းဆောင် ၀န်ကြီးချုပ်ဘ၀တွေနဲ့  မဟုတ်တော့ပေမယ့် နောက်ကွယ်မှာ စီးပွားရေးသမားကြီးများအဖြစ်နဲ့  မြန်မာပြည်သူပိုင် အဖိုးတန် မြေတွေ သယံဇာတတွေ လုပ်ငန်းတွေကို ဆက်လက်လုပ်နေမှာကိုတော့ မြင်တွေ့ ရမှာမို့  မြန်မာပြည်သူလူထုအနေနဲ့  မျက်စိဒေါက်ထောက် သတိမပြတ် ကြည့်နေရမှာ ဖြစ်ပါတယ်။
သိန်းစိန်တို့ ကတော့ ယင်လပ်ကလေး ပြုတ်သွားရှာပြီ၊ အကိုဖြစ်သူ သက်ဆင်ကိုရော ညီမဖြစ်သူ ယင်လပ်ကိုရော မြန်မာပြည်မှာ ဖိတ်ခေါ်ဦးမှလို့  တွေးနေမှာ ….
အကျိုးတူ စီးပွားဘက် အသွင်တူသူတွေကိုး …. ။
No comments:
Post a Comment