မည်သည့်နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေမဆို ပြည်သူလူထုအများစု၏ ဆန္ဒဖြင့် ပြင်ဆင်ပိုင်ခွင့် ရှိသည်၊ ဖြည့်စွက်ပိုင်ခွင့် ရှိသည်၊ ပယ်ဖျက်ပိုင်ခွင့် ရှိသည်။
မည်သည့်နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေမဆို ပြည်သူလူထုအများစု၏ ဆန္ဒဖြင့် ပြင်ဆင်ပိုင်ခွင့် ရှိသည်၊ ဖြည့်စွက်ပိုင်ခွင့် ရှိသည်၊ ပယ်ဖျက်ပိုင်ခွင့် ရှိသည်။
အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် တိုင်းသူပြည်သားများ၌ အခြေတည်သည်။
အစိုးရသည် နိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒကို ပေးအပ်ထားသည့်တာဝန်အတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက်ပေးရသော ၀န်ထမ်းသာ ဖြစ်သည်။
လွှတ်တော်အမတ်များသည် ပြည်သူလူထု၏ ဆန္ဒကိုသာ ရပ်တည်ပြောဆိုပေးရသော ကိုယ်စားလှယ်များသာ ဖြစ်သည်။
ထို့ အတွက် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပိုင်ခွင့် ဖြည့်စွက်ပိုင်ခွင့် ပယ်ဖျက်ပိုင်ခွင့်သည် နိုင်ငံသားတိုင်း၏ အခွင့်အရေး ဖြစ်သည်။ နိုင်ငံသားတိုင်း၌ ဤအခွင့်အရေး အပြည့်အ၀ရှိသည်။
နိုင်ငံသူ နိုင်ငံသားများ၏ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပိုင်ခွင့် ဖြည့်စွက်ပိုင်ခွင့် ပယ်ဖျက်ပိုင်ခွင့်ဆန္ဒကို မည်သူမျှ ပိတ်ပင်တားဆီးပိုင်ခွင့် မရှိစေရ။
No comments:
Post a Comment