ကလေးသူငယ်တွေကို စစ်စိတ်ဝင်အောင် စစ်ကျွန်ဖြစ်အောင် စစ်စရိုက်ဝင်အောင် အာဏာရှင်စိတ်မွေးအောင် စိတ်ဓါတ်စစ်ဆင်ရေးနဲ့  ၀ါဒမှိုင်းရိုက်သွင်းတဲ့ မင်းအောင်လှိုင်။
ကလေးသူငယ်တွေကို စစ်စိတ်ဝင်အောင် စစ်ကျွန်ဖြစ်အောင် စစ်စရိုက်ဝင်အောင် အာဏာရှင်စိတ်မွေးအောင် စိတ်ဓါတ်စစ်ဆင်ရေးနဲ့  ၀ါဒမှိုင်းရိုက်သွင်းတဲ့ မင်းအောင်လှိုင်။
ကမ္ဘာ့ကြက်ခြေနီနေ့  (World Red Cross Day – May 8) ရက်နေ့ ဆိုရင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးကနေ ရှေးဦးသူနာပြုပြိုင်ပွဲတွေ စစ်ရေးပြပြိုင်ပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့  ကျင်းပပြုလုပ်ပြီး ထူးချွန်သူ ပြိုင်ပွဲအနိုင်ရရှိသူများကို ဆုချီးမြှင့်လေ့ရှိပါတယ်။ ထို့ အတူ စံပြကြက်ခြေနီ ဂုဏ်ပြုမှုတွေလည်း ကျင်းပပြုလုပ်လေ့ရှိပါတယ်။
ဒါပေမယ့် ဒီနှစ်မှာ နေရာတကာ ပါလေရာ ငပိချက်လုပ်နေကြတဲ့ မင်းအောင်လှိုင်တို့ က မေလ ၄ ရက်နေ့ က နေပြည်တော်မှာ ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနဲ့  ကင်းထောက်မောင်မယ် တွေ့ ဆုံဂုဏ်ပြုပွဲမှာ ကြက်ခြေနီလူငယ်တွေကို ဂုဏ်ပြုဆုတွေ ပေးခဲ့ပါတယ်။
စစ်တပ်ရေးရာနဲ့  မဆိုင်တဲ့ သီးသန့် ကင်းလွတ်ရာ အသင်းအဖွဲ့ ဖြစ်သင့်တဲ့ ကြက်ခြေနီလို ရှေးဦးသူနာပြုအသင်းကြီးမျိုးကို ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ဆုချီးမြှင့်တာတွေ လုပ်ပြလိုက်တာဟာ လက်နက်ကိုင်အဖွဲ့ များအားလုံး တပ်မတော်လက်အောက်မှာ ရှိရမယ်ဆိုတဲ့ အာဏာရှင်လုပ်ရပ်ဟာ လက်နက်ကိုင်အဖွဲ့ မဟုတ်တဲ့ ကြက်ခြေနီအသင်းကိုပါ ပါဝင်နေအောင် သွတ်သွင်းပြလိုက်ပါဘဲ။
ဒီပွဲမှာ မင်းအောင်လှိုင် ကိုးကားပြောဆိုတဲ့ “ယနေ့  လူငယ်၊ နောင်ဝယ် လူကြီး” ဆိုတဲ့ စကားကို မင်းအောင်လှိုင်တို့ ကို နမူနာပြပြီး “ယနေ့  လူလည်၊ နောင်ဝယ် လူချီး” လို့  ဆိုရမလို ဖြစ်နေပြီ။ လူကြီးနေရာ ရယူထားကြတဲ့ သမ္မတကြီးတို့  ကာချုပ်ကြီးတို့ က လူလည်တွေ ဖြစ်ကြတဲ့ လူချီးတွေ မို့ လို့ ပါ။
ဒီပွဲကျင်းပပြီးတော့ ဒီကလေးလူငယ်လေးတွေကို စစ်တပ်ဆိုင်ရာ လက်နက်တွေ ခင်းကျင်းပြသခဲ့ရုံသာမက စစ်သမိုင်းပြတိုက်ကိုပါ ခေါ်ဆောင်ပြသခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ရိုးသားဖြူစင်ကြတဲ့ ပညာရည်ထူးချွန်သူကလေးသူငယ်တွေ၊ လူမှုရေးနဲ့  ရှေးဦးသူနာပြုအတတ်ကျွမ်းကျင်သူ ကလေးသူငယ်တွေ၊ ကင်းထောက်လူငယ် ကလေးသူငယ်တွေကို စစ်စိတ်ဝင်အောင် စစ်ကျွန်ဖြစ်အောင် စစ်စရိုက်ဝင်အောင် အာဏာရှင်စိတ်မွေးအောင် စိတ်ဓါတ်စစ်ဆင်ရေးနဲ့  ၀ါဒမှိုင်းရိုက်သွင်းလိုက်တာပါဘဲ။ မင်းအောင်လှိုင်တို့ လုပ်ရပ်ဟာ ကမ်းကုန်အောင် မိုက်ရိုင်းလွန်းပါတယ်။
No comments:
Post a Comment