ကျူးကျော်စစ်ဆိုလို့  …
ကျူးကျော်စစ်ဆိုလို့  …
ကျူးကျော်လာလို့  ဘင်္ဂလာလီတွေကို မုန်းတီးစွာ တိုက်ပြတယ် ….
ကျူးကျော်နေကြတဲ့ တရုတ်ပြည်ကြီးသားတွေကိုကြတော့ ရှိခိုးဦတင် ခိုက်ပြနေကြတယ် …
ပြည်သူပိုင်လယ်မြေတွေကို ကျူးကျော်လုယူနေကြတဲ့ အဓမ္မ၀ါဒီတွေကြတော့ မြှောက်ထိုးပင့်ကော်နေကြတယ် …
နေရာထိုင်ခင်းကျူးကျော်လို့  မြန်မာပြည်သူပြည်သား ကျူးကျော်သူတွေကိုကြတော့ ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်နေကြတယ် ….
ကျူးကျော်လုပ်ကိုင်နေကြတဲ့ တရုတ်ကုမ္ပဏီ အလုပ်သမားတွေကြတော့ အသည်းအသန် အကာအကွယ်ပေးတယ်။
သြော် … ကျူးကျော်တာခြင်းအတူတူ ကျူးကျော်စစ်ခြင်း မတူ ကျူးကျော်သူတိုင်းကို မတိုက်တဲ့ ကျူးကျော်ခွဲခြားမှုပါလားဗျို့  …
No comments:
Post a Comment