ကိုပါကြီးရဲ့  အလောင်း အစစ်အမှန် ဟုတ်ရဲ့ လား။
ကိုပါကြီးရဲ့  အလောင်း အစစ်အမှန် ဟုတ်ရဲ့ လား။
မတရား နှိပ်စက်ညဉ်းပမ်းအသတ်ခံရလို့  သေဆုံးခဲ့တဲ့ ကိုပါကြီးရဲ့  အလောင်းကို တူးဖော်တော့ ကိုယ်ခန္ဓာ အပေါ်ပိုင်းကို စတွေ့ရပြီး၊ ညာဘက်လက်က ရင်အုပ်ပေါ်မှာ တင်ပြီးတော့ ထားပါတယ်။ ပုဆိုးအဆင်းကွက်ကြား၊ အင်္ကျီလည်ကတုံးနဲ့ ဆိုတော့ သံသယရှိစရာဘဲ။
အသတ်ခံရပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့တာ တစ်ကျော်အချိန်ကာလမှာ ဒီလို အခြေအနေ ရှိပါဦးမလား၊ ဒီလိုအ၀တ်အစားတွေ မြင်တွေ့ နိုင်ပါဦးမလား။
ကိုပါကြီးရဲ့ အလောင်းကို ပြန်ဖော်ဖို့  သတင်းစထွက်လာပြီးနောက်မှာ ကိုပါကြီးအလောင်းကို တိတ်တဆိတ် ပြန်ဖော်ပြီး ယခုလို လူသိရျင်ကြား ပြန်မဖော်ချင် ပြန်မြုပ်ထားခဲ့တဲ့ သတင်းကလည်း ထွက်ခဲ့တယ်။
ကိုပါကြီးရဲ့  အလောင်းအစစ်အမှန် ဟုတ်ရဲ့ လား၊ လူမသိအောင် တိုးတိုးတိတ်တိတ် ပြန်ဖော်ပြီး လိုအပ်တာတွေ ပြင်ဆင်ထားပြီး ပြန်မြုပ်ထားခဲ့ပြီး အခုမှ ပြန်ဖော်သလို လုပ်တာလား။
ကိုပါကြီးအလောင်းကို မော်လမြိုင်သို့  သယ်ဆောင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုတာ ဘယ်လောက်အတိုင်းအတာထိ ယုံကြည်စိတ်ချရမှာလည်း။
No comments:
Post a Comment