အောက်ခြေစစ်သားတွေကျတော့။
ဆော်ဒီမင်းသားကိုယ်တိုင် တိုက်လေယာဉ်မောင်းပြီး
IS အဖွဲ့ကို ဗုံးကျဲခဲ့တယ်။
ဂျော်ဒန်ဘုရင်ကိုယ်တိုင်လည်း
တိုက်လေယာဉ်မောင်းပြီး
IS အဖွဲ့ကို ဗုံးကျဲတော့မယ်။
အဘတွေရဲ့ မိသားစုတွေထဲက
ဘယ်သူထွက်မလဲ....??။
ဖိုးလပြည့်
ကျော်နေဝင်း
ဇွဲနေဝင်း
အေးနေဝင်း
နောက်ထပ်ကောင်တွေအများကြီး
ထွက်တိုက်ပါ့လား
လိုအပ်သေးရင် လွှတ်တော်ထဲက
ပြည်သူမရွေးပဲ မျက်နှာပြောင်တိုက် ထိုင်နေသူတွေပါ ခေါ်သွားလိုက်။
အညတရ စစ်သည် ဗိမ္မာန်မှာပဲ....
လက်သီးလက်မောင်းတန်းပြီး
လေကျယ်နေတဲ့ ကောင်တွေရယ်။
သေနေတဲ့ပုံလေးပြပြီး မျက်ရည်ထိုးခံမနေကြနဲ့။
ဇ ရှိရင်ထွက်ချလိုက်လေ
ကိုယ်တိုင်ကျ ဆယ်သက်စားမကုန်အောင်
ချမ်းသာနေပြီး
အောက်ခြေစစ်သားတွေကျတော့
အသုဘစရိတ်တောင်မရှိဖြစ်နေသူတွေရဲ့
အလောင်းကို ခုတုံးလုပ်ပြီး
အာဏာတည်ဆောက်ချင်သူတွေ
အရင်ထွက်တိုက်ကြစမ်း...!!
နားညည်းလွန်းလို့...ပါ။
(Ti Ti Yadanar စာမျက်နှာမှ ပြန်လည်မျှဝေပါသည်)။
No comments:
Post a Comment