ကိုယ့်ကိုကိုယ် မြင်းကျား မဖြစ်စေနဲ့ ။
ကိုယ့်ကိုကိုယ် မြင်းကျား မဖြစ်စေနဲ့ ။ ကိုယ်မှ မဟုတ် ကိုယ့်မျိုးဆက်ပါ ဖြစ်မယ်ဆိုတာပါ။
အာဖရိကတောထဲမှာ မြင်းကျားတွေ အကောင် လေးဆယ် ငါးဆယ်။ တခါတလေ တစ်ရာလောက် ရေသောက်ဆင်းကြပါတယ်။ ခြသေ့င်္ တစ်ကောင်က ဝင်ဆွဲတယ် မြင်းကျားတစ်ကောင်ပါသွားတယ် ။
မြင်းကျားတွေ ခဏထွက်ပြေးတယ်၊ လန့် တယ်၊ နောက်ခဏနေတော့ ဘာမှမဖြစ်သလို အေးဆေးပဲ ရေပြန်သောက်တယ်၊ မိကျောင်းတစ်ကောင်ဆွဲသွားပြန်တယ်။ ပါသွားပြန်ရော။
သူတို့ မြင်းကျားတွေ ဘာလုပ်သလဲ၊ လန့် တယ်၊ ပြေးတယ် ပြီးတော့ အေဆေးပြန်နေကြတယ်။ ရေသောက်တယ် အစာစားတယ် အိပ်တယ်။
သူတို့ အားလုံးပေါင်းပြီး အဲ့ဒီခြင်္သေ့ကို၊ မိကျောင်းကို တစ်ကောင်တစ်ချက် နောက်ခြေနဲ့ ကန်မယ်၊ ရှေ့ ခွာနဲ့  ရှပ်ခုတ်မယ်၊ သွားနဲ့ ကိုက်မယ်ဆိုရင်ကို အတော်တာသွားမှာဗျ။ ဒါပေမဲ့ သူတို့ ဘာလုပ်လဲ၊ ဘာမှ မလုပ်ဖူး။
သူတို့ စိတ်ထဲမှာကိုက ဒါနေ့ စဉ်ဖြစ်နေကြ သဘာဝကိုး၊ ဖြစ်နေပြီ ဘာမှ မထူးခြားတော့ဘူး၊ အေးဆေးပဲ။ ခြသေ့င်္သည် သန်သည်၊ အစွယ်လက်သည်းခြေသည်းပါသည်။ ငါတို့ မြင်းကျားသည် အားနဲသည်။ ခြသေ့င်္ဆိုတာ ကြောက်ရတယ်၊ ငါတို့ အပေါ်မှာပဲ အမြဲရှိတယ် ဆိုတာကို လက်ခံထားလိုက်ကြတာပဲ။ လောလောဆယ် ဟိုကောင်ကြီး ... ငါ့ဘော်ဒါကြီး ခြသေ့င်္ အစားခံရတာတော့ သနားပါတယ်။ ဒါပေမဲ့ ငါ့အလှည့် မဟုတ်သေးလို့ တော်ပါသေးတယ်လေ၊ ဒါသဘာဝပဲ၊ ငါလည်း မသေခင် စားစရာရှိတာ လေးစားမယ်။ ပြီးရင် အိပ်မယ်။ ဒါလောက်ပါပဲ ပြန်မတိုက်ခိုက်ကြဘူး။ တိုက်ခိုက်ဖို့ လည်း မစည်းလုံးဘူး၊ မစဉ်းစားကြဘူး။ အဲ့သလောက်လဲ ဥာဏ်မမှီဘူး၊ ဘာမှကို ပြန်မလုပ်တာ။
ဘာမှပြန်မလုပ်တော့ ဘာဖြစ်တုန်း။ ရှင်းနေတာပဲ တချိန်လုံး ခြသေ့င်္အစားဘဲ ခံနေကြရတာပေါ့။ မြင်းကျားသားစဉ်မျိုးအဆက်ဆက် ခြသေ့င်္အစားခံနေရမှာပဲ။ သူတို့ က တိရိစ္ဆာန်တွေမို့ ပေါ့ ။
မြင်းကျားတွေမှ မဟုတ်ဖူး… ကျွန်တော်တို့လဲ အဲ့ဒီလိုပုံစံ ပေါက်ပေါက်နေလား။
ကိုယ့်တင်မက ကိုယ့်ရဲ့ မျိုးဆက်ပါ အလကားနေရင်း ဘုမသိဘမသိ ကြောက်ရွံ့ နေရတဲ့ ဘ၀မျိုး အခြေအနေမျိုး မမြင်စေချင်ဖူး မဖြစ်စေချင်ဖူးဆိုရင် ကိုယ့်ကိုယ်ကို မြင်းကျားလိုမျိုး မဖြစ်ပါစေနဲ့ ။ နောက်တစ်ခုကတော့ ကိုယ့်အလှည့်ရောက်ရင်တော့ အချိန်နှောင်းတာထက် ဘ၀တစ်ခုလုံး ဆုံးရှုံသွားမယ်ဆိုတာပါ ..... ။
No comments:
Post a Comment