Wednesday, April 30, 2008

စင်ကာပူမှ မျိုးချစ်ပြည်သူတစ်ဦးရဲ့  ရင်ဖွင့်ပြောဆိုချက်။

မနက် ၁၀နာရီကျော်ထဲက ရောက်နေခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်စမှာတော့ အားလုံးက ပုံမှန်လေးပဲ ရှိပါသေးတယ်။ ကျောင်းသားတွေ မဲဘယ်လိုပေးလို့ ရမလဲ သွားမေးတော့ ပတ်စ်ပို့ ရယ် စတူးဒန့် ပတ်စ်ရယ် စလစ်စာရွက်လေးရယ်ကို ပေါင်းပြီး သူတို့ ကိုပေး၊ ပြီးရင် အထဲကနေ မဲပေးဖို့ ခေါ်ပါတယ်။

အထဲရောက်တဲ့အခါမှာ ဘာကိုစပြီး ပြသနာရှာလဲဆိုတော့ မောင်ပျင်းဝတ်ထားတဲ့ NO အကျီကို ချွတ်ခိုင်းပါတယ်။ အဲဒီဟာနဲ့ ဆို ပေးလို့ မရဘူးတဲ့ ကျွန်တော်လည်း ပြန်မေးပါတယ်။ မဲပေးတဲ့အခါ ဘယ်အကျီမ၀တ်ရဘူးဆိုတဲ့ ဥပဒေပါလား၊ ဘယ်နားမှာ ပြဌာန်းထားလဲ ကျွန်တော်ကို ပြပါလို့ ပြောတော့ ငနဲသားက ဒီကလူတွေကို ဥပဒေ ဥပဒေနဲ့ မင်းတို့ လာလာပြီး စကားကပ်မပြောနဲ့ .၊ ငါတို့ တွေ ဘာဥပဒေမှ မသိဘူး နားလည်းမလည်ဘူး၊ အေး အထက်က ခိုင်းထားလို့ အဲတိုင်းလုပ်နေတယ် ချွတ်ဆိုချွတ်။



ကဲဗျာ သံရုံးဝန်ထမ်းပါးစပ်က ဥပဒေကို နားမလည်ဘူးတဲ့ အဲစကားကြားတော့ ကျွန်တော် ရယ်ရယ်မောမောနဲ့ ဘဲ ဟုတ်ပါပြီဗျာ အဲလောက်လည်း ဒေါသမကြီးပါနဲ့ ဆိုပြီး ချွတ်လိုက်ပါတယ်။ အကျယ်အကျယ် မဖြစ်ချင်တာရယ် ၊ အဲလူရဲ့ ညံ့ ဖျင်းမှုကို မြင်မိတာရယ်ပေါင်းပြီး ချွတ်လိုက်ပါတယ်။

(၁၂) နာရီဝန်းကျင်လောက်မှာတော့ လူတွေက အရမ်းများလာပါပြီ။ NO အကျီတွေဝေ ဦးထုပ်တွေဝေနဲ့ အားလုံး စည်စည်ကားကား ပျော်ပျော်ပါးပါးဝတ်ထားကြတာ .. ကြည်နူးစရာပါ။ ရေသန့် တွေ လှူသူကလှူ ဝေသူကဝေနဲ့ . ကျွန်တော်တို့ ကျောင်းသားတွေလည်း ပါဝင်လှူဒါန်းကြပါသေးတယ်။ ပြီးတော့ ဘယ်လိုအခြေအနေမှန်း မသိသေးတဲ့သူတွေကိုလဲ ရှင်းလင်းပြကြနဲ့ . တဦးကိုတစ်ဦး ရိုင်းပင်းကူညီကြပါတယ်။

အားလုံးစည်းကမ်းရှိရှိနဲ့ .. ညီညီညာညာ ပလက်ဖောင်းပေါ်မှာဘဲ စီတန်းနေထိုင်ကြ ၊ မုန့် တွေစားကြရင်း မဲပေးဖို့ ကိုသာ စောင့်နေကြတာပါ။

သံရုံးရဲ့ ပြူတင်းပေါက်တစ်နေရာမှာ မနက်မိုးလင်းထဲက ကင်မရာတစ်လုံးကို ထရိုင်ပေါ့နဲ့ ထောက်ပြီး တောက်လျှောက် မှတ်တမ်းတင်နေတာကို သတိထားမိပါတယ်။

(၁) နာရီဝန်းကျင်မှာတော့ ထမင်းစားချိန်ဆိုတဲ့ အကြောင်းပြချက်နဲ့ သံရုံးက ခေတ္တပိတ်ပေမယ့်၊ မဲပေးလိုတဲ့လူတွေကတော့ သံရုံးရှေ့ မှာ တန်းစီတုံးပါ ခင်ဗျာ။ အဲလိုနဲ့ (၂) နာရီဝန်းကျင်ထိ တံခါးပြန်မဖွင့်ဘဲ ဘာမှဆက်မလုပ်တော့ ဒီသံရုံးကလူတွေ အစားကြီးလှချည်လားဆိုပြီး တီးတိုးတွေပြောနေသံကိုလည်း ကြားရပါတယ်။ (၂) နာရီခွဲကျော်မှာတော့ အိုပီဘီအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ အကိုတစ်ယောက်နဲ့ သံရုံးကသူနဲ့ စကားပြောကြပါတယ်။ မီဒီယာတွေရောက်လာတဲ့အတွက် မှတ်တမ်းတင်မှုတွေလုပ်ဖြစ်ပါတယ်။ သံရုံးထဲကနေလည်း နောက်ထပ်ကင်မရာကိုင်ပြီး ရိုက်နေတဲ့သူကိုလည်း အပြင်ကလူတွေ အမိအရမှတ်တမ်းတင်နိုင်ပါတယ်။

သံရုံးထဲကသူက ဘာပြောလဲဆိုတော့ မင်းတို့ တွေ ဒီလိုဆက်ပြီး NO အကျီတွေဝတ်ထားသ၍ လုံးဝမဲပေးခွင့်မပြုဘူး။ ဒါနိုင်ငံတော်ပုန်ကန်တာပဲဆိုပြီး အချေအတင် ပြောကြပါတယ်။ အဲဒီနောက်မှာတော့ အနည်းငယ် တင်းမာမှုတွေ ရှိလာပါတယ်။ နိုင်ငံခြားသတင်းဌာနတွေက ဆက်သွယ်လာမှုတွေကိုလည်း သက်ဆိုင်သူတွေက ပြန်လည်ဖြေနေတာကိုလဲ ကြားသိရပါတယ်ခင်ဗျ။

ထို့ နောက်မှာတော့ ရဲဝန်ထမ်းအင်အား များလာပါတယ်။ အဲဒီအချိန်မှာ မြန်မာတွေအားလုံးဟာ နိုင်ငံသားတွေဖြစ်ကြကြောင်းကို မိမိတို့ နဲ့ ပါလာတဲ့ ရဲရဲတောက်ပတ်စ်ပို့ တွေကို ကိုယ်စီကိုင်ကာ သက်သေပြကြတာကတော့ .. ကြက်သီးမွှေးညင်း ထဖွယ်ပါ။ တစ်အောင့်အကြာ (၃) နာရီကျော်လောက်မှာတော့ ဘုန်းဘုန်းတွေကြွှလာပါတယ်။ မီဒီယာတွေက အင်တာဗျူးတွေလည်း လုပ်ပါတယ်။ ဘုန်းဘုန်းတွေက မဲပေးဖို့ လာတာမဟုတ်ဘဲ တင်းမာမှုတွေ ငြိမ်သက်အောင်သာ လာရောက်ကြည့်ရှုတဲ့သဘောပါ။

(၃) နာရီ (၄၅) မိနစ် အချိန်လောက်မှာတော့ ရေသန့်တွေ ပေါင်မုန့် အစရှိသည်တို့ ကို ထပ်မံဝေပါတယ်။ အားရစရာပါ။ လှူတဲ့သူတွေကလှူ ဝေတဲ့သူတွေကဝေ စားတဲ့သူတွေက စားနဲ့ . အားလုံးညီညီညွတ်ညွတ်ပါ။ (၄) နာရီခန့် မှာတော့  စပါယ်ရှယ်ရဲတွေပေါ့နော် ၊ သူတို့ တွေ ဟန်ရေးလာပြပါတယ်။ အဖြူဝတ် ရဲမေတွေလည်း ပါလာပါတယ်။ နေပြင်းပြင်းအောက်မှာ ကိုယ်ဝန်ဆောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေကလည်း အပူကို ပဓာနမထားပဲ ကြုံတောင့်ကြုံခဲ ဆင်နွှဲနေတာ အားရဖို့ ကောင်းသလို ကရုဏာလည်း သက်မိပါတယ်။

အဲလိုနဲ့ သံရုံးဖက်က ကလိမ်စေ့ငြမ်းဆင်ပြီး ကလီကမာဇာတ်တွေခင်းကာ မဲမရှိဘူး အကြောင်းပြတဲ့အချိန်မှာတော့ဖြင့် အပြင်ကလူအုပ်က တင်းမာလာပါတယ်။ ဒါပေမယ့် ဦးဆောင်တဲ့သူတွေက နိုင်နင်းစွာနဲ့ ဖြေရှုင်းနိုင်သလို၊ အပြင်က လူအုပ်ကလည်း စည်းကမ်းရှိစွာနဲ့ ပါဝင်တာမို့ အားလုံးဟာ စည်းကမ်းရှိစွာနဲ့ ဆက်လက်နေခဲ့ပါတယ်။

ထို့ နောက်မှာ နိုင်ငံတော်သီချင်းကို နှလုံးသားနဲ့ သံပြိုင်သီဆိုပြီးတော့ .. ကိုယ့်နိုင်ငံသီချင်းကို ကိုယ်တိုင်သီဆိုနိုင်ရက်နဲ့  ကိုယ့်နိုင်ငံက ဘာသာစကားကိုပြောနိုင်ရက်နဲ့ မဲမပေးရမှုကို၊ နိုင်ငံတော်သီချင်းကို ဖြောင့်အောင်မဆိုနိုင်တဲ့သူတွေ ရှေ့ မှာတင် သံပြိုင်သီဆိုပြရင်း
ပင်နီဆူလာပလာဇာကို တန်းစီပြီး လျှောက်လှမ်းကာ ညီညာတဲ့ တနင်္ဂနွေကို စည်းကမ်းရှိရှိနဲ့ အောင်မြင်စွာ အများမြင်အောင်ပြသနိုင်ခဲ့ပါတယ်။

မဲပေးရ မပေးရတာထက် မီဒီယာတွေ နဲ့ အများအမြင်မှာတော့ စင်ကာပူက မြန်မာတွေ .. အားလုံးက နိုးပဲဆိုတာ သိသွားတဲ့ အကျိုးအမြတ်တော့ ရခဲ့ပါတယ်။

သက်ဆိုင်ရာရဲအာဏာပိုင်တွေက ဦးဆောင်သူတွေထဲက တချို့ ကို စစ်ဆေးဖို့ ခေါ်တဲ့အခါမှာ ညီညီညာညာ ကျန်အဖွဲ့ သားတွေပါ အတူလိုက်သွားပါတယ်။

ဖုန်းတွေကိုပါ စစ်ဆေးတယ်ထင်ပါတယ်။ ဖုန်းတွေဆက်လို့ မရဘဲ ဖုန်းပိတ်ထားသလို ဖြစ်နေကြောင်း တွေ့ရပါတယ်။

ဟုတ်ကဲ့။ ကျွန်တော်တစ်သက်မှာ ပထမဆုံးပါဝင်နိုင်ခဲ့တဲ့ မဲပေးပွဲကတော့ ဒီလောက်ပါပဲ။ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းမြောက်သလို စည်းကမ်းတင်းကြပ်ပါတယ်ဆိုတဲ့ စင်ကာပူမှာ ဒီလိုလှုပ်ရှားနိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်မိပါကြောင်း ပြောကြားရင်း ရပ်နားလိုက်ပါတယ် ခင်ဗျာ။

(ရေးသားသူ - မောင်ပျင်း) ။

အပြည့်ဖတ်မည်...

မစိုးရိမ်ဆရာတော်ဘုရားကြီးအတွက် အထူးကြေကွဲဝမ်းနည်းကြောင်း မှတ်တမ်း။

သာသနာ့ဥသျှောင် အဖွဲ့ ကြီး၏ နာယကဆရာတော်ကြီး ဦးကောဝိဒ ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း (ဓါတ်ပုံမှတ်တမ်း)။

နစ်နေမန်းနှင့်တစ်ကွ မြန်မာပြည်သူအပေါင်းမှ အထူးကြေကွဲ ၀မ်းနည်းရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။








































အပြည့်ဖတ်မည်...

နစ်နေမန်း မဲပေးပါတယ်။

နစ်နေမန်းမှ မဲပေးခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာနိုင်ငံတွင် မွေးဖွားသူ မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် နအဖ၏ အတုအယောင် အလိမ်အညာ ပြည်သူ့ မဲဆန္ဒခံယူပွဲအား အသဲကြားမှ မဲတစ်ပြား (ကန့် ကွက်မဲ) ပေးလိုက်ပါသည်။

နအဖအမည်ခံ အာဏာရှင်အုပ်စုနှင့် ၄င်းတို့ လုပ်ဆောင်နေသော လုပ်ရပ်မှန်သမျှကို ပြတ်ပြတ်သားသား ကန့် ကွက်လိုက်ပါသည်။

ကျွန်ုပ်၏ ရင်တွင်းမှလာသော ဆန္ဒမဲသည် အာဏာရှင်အတွက် ထာဝစဉ် ကန့် ကွက်မဲသာ ဖြစ်ပါကြောင်း။ ထိုကန့် ကွက်မဲသည် အာဏာရှင်အတွက် ထာဝရ တည်စေသောဝ်။

အပြည့်ဖတ်မည်...

Tuesday, April 29, 2008

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သာသနာ့ဥသျှောင်အဖွဲ့ နှင့် မျိုးချစ်မြန်မာများမှလည်း ကန့် ကွက်ကြ။



အပြည့်ဖတ်မည်...

အထူးသတိပေးချက်။

အပြည့်ဖတ်မည်...

သြစတြေလျမှာလည်း နအဖသံရုံးရှေ့ မှာ ကန့် ကွက်ဆန္ဒပြကြပြီ။



အပြည့်ဖတ်မည်...

ပြည်ပရောက် မြန်မာပြည်သူတွေကတော့ နေရာတိုင်းမှာ “NO” နေကြပြီ။











အပြည့်ဖတ်မည်...

မန္တလေးမှ ဆရာတော်တစ်ပါး မိန့် ကြားချက်။

အပြည့်ဖတ်မည်...

Monday, April 28, 2008

ဒီလိုကြက်ခြေခတ်တယ်ဟေ့ ။ ဒီလိုကန့် ကွက်တယ်ဟေ့။



(Irrawaddy မှ ပုံအား ရယူပါတယ်)။

အပြည့်ဖတ်မည်...

ပြည်သူတွေက ကြောက်ရမှာလား၊ နအဖတွေက ကြောက်ရမှာလား။

Read this doc on Scribd: baaw0804

အပြည့်ဖတ်မည်...

နစ်နေမန်းမှ ပြည်သူများသို့ တင်ပြချက်။

နစ်နေမန်း၏ ဘလော့များမှာ -

http://www.niknayman-niknayman.blogspot.com/
http://www.niknayman.blogspot.com/
http://www.koniknayman.blogspot.com/

တို့ ဖြစ်ပါတယ်။ ဘလော့ (၃) ခုလုံးအား တွဲဘက် လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။

ထို့ အပြင် အီးမေးလ်လိပ်စာများမှာလည်း -

niknayman.niknayman@gmail.com
niknayman@gmail.com
koniknayman@gmail.com

တို့ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ မိတ်ဆွေများအနေနဲ့  မည်သည့်ဘလော့ကိုမဆို ကြည့်ရှူနိုင်ပြီး၊ အီးမေးလ်လိပ်စာ (၃) ခုထဲမှာ ကြိုက်ရာ အီးမေးလ်လိပ်စာဖြင့် စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်။

နစ်နေမန်း၏ ဘလော့များအား တင်ပြမည့် သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ဗွီဒီယို အစရှိသည့် အမျိုးအစားများအပေါ် အခြေခံကာ ဘလော့သုံးခုအား အဆင်ပြေတွဲဘက်နိုင်ရန်အတွက် ပြန်လည်ပြင်ဆင် လုပ်ဆောင်သွားပါမယ်။

နစ်နေမန်း၏ လုပ်ဆောင်ချက်များသည် တိုင်းပြည်အကျိုး ပြည်သူ့ အကျိုးကို ဦးတည်ကာ၊ အာဏာရှင်စနစ် တိုက်ဖျက်ရေးကိုသာ အဓိက လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ မည်သည့် ပြည်သူတစ်ဦးတစ်ယောက်၏ ပုဂ္ဂို လ်ရေးကိုမှ ထိခိုက်စေသည့် ရည်ရွယ်ချက်မရှိပါ။ (မှတ်ချက် - အာဏာရှင်အုပ်စုနှင့် အမျိုးသားသစ္စာဖောက်များကိုမူ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ဖျက်မည် ဖြစ်သည်)။

နစ်နေမန်းအပါအ၀င် အာဏာရှင်အား တော်လှန်နေကြသော သတင်းမီဒီယာများ၊ ဘလော့ပိုင်ရှင်များ၊ ဖိုရမ်များ၊ အီးမေးလ်အုပ်စုများ၊ အဖွဲ့ အစည်းများအား ပြည်သူများမှ ဆထက်တံပိုး ၀ိုင်းဝန်းပံ့ပိုး ကူညီကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။

နစ်နေမန်း၏ ဘလော့များနှင့် သတင်းဆက်သွယ်ဆောင်ရွက်မှုများတွင် မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးပါရန်ကိုလည်း လေးစားစွာ ကမ်းလှမ်းကြိုဆို ဖိတ်ခေါ်အပ်ပါတယ်။

နစ်နေမန်း မွေးဖွားခြင်းသည် ပြည်သူပြည်သားများအားလုံးအကျိုးအတွက် ဖြစ်သလို၊ မြန်မာနိုင်ငံတော်ကြီး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြသော သတင်းမီဒီယာများ၊ ဘလော့ပိုင်ရှင်များ၊ အဖွဲ့ အစည်းများ၊ သတင်းရေးရာဆောင်ရွက်နေကြသူများနှင့် ညီအကိုမောင်နှမသဖွယ်၊ တော်လှန်တိုက်ပွဲဝင် ရဲဘော်ရဲဘက် စိတ်ဓါတ်အရင်းခံကာ အပြန်အလှန် လက်တွဲရန် ဖြစ်ပါတယ်။

နစ်နေမန်းအား ၀ိုင်းဝန်းကူညီကြသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါတယ်။

တိုင်းပြည်နှင့် လူမျိုးအတွက် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြသော မည်သူ့ မဆို၊ မည်သည့်အဖွဲ့ အစည်းမဆို နစ်နေမန်းမှ လေးစားလျက်ရှိပါကြောင်း ပြောကြားအပ်ပါတယ်။

နစ်နေမန်း (ကိုနစ်)။

အပြည့်ဖတ်မည်...

မြန်မာ့ယဉ်ကျေးမှုအတွင်းမှာ ဒါတွေဖြစ်နေတာ တရားခံဘယ်သူလည်း။

















အုပ်စုလိုက်လိင်ဆက်ဆံမှုတဲ့။ ယခင်ခေတ်အဆက်ဆက်မှာ မကြားဖူးတဲ့ ဒီလိုမျိုး ဆိုးရွားလှတဲ့အခြေအနေတွေ ကျွန်တော်တို့ ရဲ့ မြန်မာ့ယဉ်ကျေးမှုအတွင်းမှာ ဖြစ်ပေါ်လာနေတာ ကြားသိရတော့ အင်မတန်ကို တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပါတယ်။

ဘယ်ဘက်ဘက်ကကြည့်ကြည့် လားလားမှ မသင့်တော်တဲ့ ဒီလိုပျက်စီးမှုတွေ ကျွန်တော်တို့ နိုင်ငံမှာ ပိုမိုဖြစ်လာရင် ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ လူမျိုးဟာ လျင်မြန်စွာဘဲ ယဉ်ကျေးမှုနိမ့်ပါးတဲ့၊ အရှက်တရားကင်းမဲ့တဲ့၊ လူ့ တန်ဖိုးမရှိတဲ့ တိရစ္ဆာန်တွေလို ဖြစ်သွားလိမ့်မယ်။

လူ့ အသိုင်းအ၀ိုင်းတစ်ခုလုံးက လက်မခံတဲ့ ဒီလိုမျိုး သိက္ခာတရားကင်းမဲ့တြဲ့ ပုမူမှုတွေ ဘာကြောင့်ပေါ်ပေါက်လာရတာလည်းဆိုတာ အရင်းဇစ်မြစ်ကို အခြေခံအကြောင်းရင်းတွေကို ထုတ်ဖေါ်ရှာဖွေ သုံးသပ်ဖို့ လိုပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ အုပ်ချူပ်သူမကောင်းလို့ ဘဲလို့  လိုရင်းတိုရှင်းနဲ့  ပြတ်ပြတ်သားသားပြောရမှာ ဖြစ်တယ်။ ပျက်စီးတဲ့သူ ပျက်စီးတာဘဲ အုပ်ချုပ်သူကြောင့် မဟုတ်ဖူးလို့  တာဝန်မဲ့စကားပြောလို့ မရပါဖူး။

ဒီလို အုပ်စုလိုက် လိင်ဆက်ဆံမှုတွေ ဘာလို့ ဖြစ်လာရတာလည်း။ ဒီလိုဖြစ်ရတာ ဘာသာတရား ယဉ်ကျေးမှုနိမ့်ပါးလာလို့ ၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာလို့ ၊ စီးပွားရေးကြပ်တည်းမှုတွေ တနေ့ တခြား ပိုမိုလာလို့ ၊ ငွေကြေးချမ်းသာသူအသိုင်းအ၀ိုင်းနဲ့  အာဏာလက်ဆုပ်ကိုင်ထားသူတို့ ရဲ့ အသိုင်းအ၀ိုင်းမှ သားသမီးများရဲ့ ပယောဂတွေပေါ်မှာ မူတည်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ဘာသာတရားကို မှန်မှန်ကန်ကန်နဲ့  မြင့်မားတိုးတက်အောင် လုပ်တာမျိုးမရှိဘဲ ဟန်ပြ ဘုရားသွားကျောင်းတက် စိတ်ထားမဖြူစင်တဲ့အလှူတွေ လုပ်နေကြတဲ့၊ တိုင်းပြည်ကို အုပ်ချူပ်နေကြတဲ့သူကြီးများရဲ့  ရှေ့ ဆောင်လမ်းမှားတွေ၊ စစ်မှန်တဲ့ ဘာသာတရား ပြန့် ပွားရေးအတွက် ရိုသေကိုင်းရှိုင်း ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားသားတော်တွေကို ဖိနှိပ်နှိမ်နင်းမှုတွေကြောင့် စစ်မှန်တဲ့ ဘာသာတရား ညှိုးမှိန်လာတယ်။

မြန်မာ့ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားစေရမယ်ဆိုပြီး စာရွက်ပေါ်နဲ့  ပို့ စတာတွေပေါ်လောက်သာရှိတဲ့ ဘန်းပြအာဘော်တွေကို လုပ်နေကြပြီး မြန်မာရိုးရာယဉ်ကျေးမှုနဲ့  ခေတ်ကာလတိုးတက်မှုကို မှန်မှန်ကန်ကန် တွဲဖက်ဆောင်ရွက်စေတာမျိုး မဟုတ်ဘဲ၊ ပျက်စီးမှုကို ဦးတည်စေတဲ့ ခေတ်ပျက် သရုပ်ပျက်ယဉ်ကျေးမှုတွေကို မျက်စိမှိတ် မမြင်ချင်ယောင်ဆောင်ရုံသာမက၊ အားပေးအားမြောက်ပြုနေကြတဲ့ အုပ်ချုပ်သူတွေရဲ့  ဖောက်ပြန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် စစ်မှန်တဲ့မြန်မာ့ယဉ်ကျေးမှုတွေ လူမှုရေးလမ်းကောင်းညွန်ပြမှုတွေ တဖြည်းဖြည်းခေါင်းပါးလာကြတယ်။ လောကနီတိလို့ ခေါ်တဲ့ စောင့်ထိန်းသင့်တဲ့ လူကျင့်ဝတ်တွေ အလေးမထားကြတော့ဖူး။

အုပ်ချုပ်သူလူတန်းစားရဲ့ ပြည်သူပိုင်အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုတွေကြောင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင် ကြွယ်ဝချမ်းသာနေကြပြီး၊ ပြည်သူတွေရဲ့  ပညာရေး စားဝတ်နေရေး ကျန်းမာရေး အစရှိတာတွေ ချွတ်ခြုံကျရတယ်။ စုတ်ပြတ်သတ်နေတဲ့ ပြည်သူတွေရဲ့ နေ့ စဉ်ဘ၀မှာ အသက်ရှင်သန်ရေးအတွက် ထွက်ပေါက်မှားတွေကို ရောက်ကုန်အောင် အုပ်ချူပ်သူလူတန်းစားက ဖန်တီးနေတယ်။

ငွေကြေးကြွယ်ဝချမ်းသာဖို့ နဲ့  အာဏာတည်မြဲရေးအတွက် အသုံးချဖို့  လိုအပ်နေတဲ့ ငွေကြေးတွေကို အလွယ်တကူရဖို့အတွက် ဘိန်းဘုရင်ခွန်ဆာနဲ့ နောက်လိုက်ဘိန်းထုတ်လုပ်သူတွေကို ဖိတ်ခေါ်လက်ခံခဲ့တဲ့ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်တွေ၊ မူးယစ်ဆေးထုတ်လုပ်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ နောက်ကွယ်ကနေ ကြိုးကိုင်ချယ်လှယ် ဆောင်ရွက်နေကြတဲ့ ဗိုလ်ချူပ်ကြီးများရဲ့  ပါဝင်လုပ်ကိုင်မှုတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ နိုင်ငံရေးအသိစိတ်ဓါတ်နိုးကြားမှုတွေ မပေါ်ပေါက်ဖို့  မူးယစ်ဆေးဝါး အပျော်အပါးတွေမှာ လမ်းကြောင်းလွှဲပေးဖို့  အုပ်ချုပ်သူအသိုင်းအ၀ိုင်းက သူတို့ ရဲ့  သားသမီးတွေကို မူးယစ်ဆေးဝါးဖြန့် ချီကြတယ်။၊ လူငယ်ဂိုဏ်းဂဏတွေ ဖွဲ့ ကြပြီး အာဏာပါဝါပြကြတယ်။ သရုပ်ပျက်ဝတ်စားဆင်ယင်မှု အပျော်အပါးလိုက်စားမှု မူးယစ်ဆေးဝါးသုံးစွဲကြတာတွေ သူတို့ သားသမီးတွေက လုပ်ချင်သလို လုပ်နေကြတယ်။

အဲ့ဒီလို အကြောင်းရင်းတွေကြောင့် ပေါ်ပေါက်လာရတ၊ဲ့ လူ့ အသိုင်းအ၀ိုင်းက လက်မခံလောက်တဲ့၊ မြန်မာရိုးရာယဉ်ကျေးမှုနဲ့  ဖီလာဆန့် ကျင်တဲ့ ဒီလို အုပ်စုလိုက် လိင်ဆက်ဆံမှုတွေဟာ အုပ်ချူပ်သူအာဏာရူးတို့ ရဲ့  လုပ်ရပ်တွေအပေါ် အဓိကအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာဘဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံ အစစအရာရာတိုင်းမှာ ဖြစ်နေ ပျက်နေတာတွေဟာ အဓိက တရားခံ
ဟာ အုပ်ချူပ်သူ အာဏာရူးတို့ ဖြစ်တယ်ဆိုတာ သိနေကြတယ်ဆိုရင် သူတို့ ကို ဆက်လက်တည်တံ့စေမယ့်ဟာတွေ မှန်သမျှ တိုက်ဖျက်ဖြစ်ရမယ်ဆိုတာ အထူးအထွေပြောနေစရာတော့ မလိုပါဖူး။

(နစ်နေမန်း)။

အပြည့်ဖတ်မည်...

တားမြစ်ပိတ်ပင်ထားသော အင်တာနက်များအား ကျော်ကြည့်နည်းများ။

မြန်မာနိုင်ငံအတွင်းရှိ အင်တာနက်သုံးသူများအတွက် အထူးအသုံးဝင်နိုင်ပါသည်။

ဖိုင်များဒေါင်းလုပ် လုပ်ရန်အတွက် -

http://www.mediafire.com/?dxh0tvwz4mv

http://www.mediafire.com/?atexv93bd9t

(ပေးပို့ လာသော ကိုမျိုးချစ်အား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

NO NO NO NO NO NO NO NO NO NO




























အပြည့်ဖတ်မည်...

ဂျပန်နိုင်ငံ နအဖသံရုံးရှေ့  မဲဆန္ဒပေးပွဲ (ဗီဒွီယို)။

အပြည့်ဖတ်မည်...

သာသနာ့ဥသျှောင်အဖွဲ့ ကြီး၏ ကြေညာချက်။


အပြည့်ဖတ်မည်...

Sunday, April 27, 2008

စင်ကာပူမှာလည်း မျိုးချစ်မြန်မာတွေက “NO” တဲ့ဗျို့ ။






အပြည့်ဖတ်မည်...

နယူးဇီလန်နိုင်ငံမှာလည်း သာသနာ့ဥသျှောင် (နယူးဇီလန်) မှ ဦးဆောင်ပြီး ကန့် ကွက်ကြ။









Read this doc on Scribd: Sasanamoli Globle Action Day 26042008


(ဓါတ်ပုံနှင့်သတင်းပေးပို့ လာသူ TZM အား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Saturday, April 26, 2008

နအဖရဲ့  မဲစာရွက်မှာ ဒီလို ကန့် ကွက်ကာ ကြက်ခြေခတ်ခဲ့ကြတယ်။

မဲစာရွက်အစစ်ပုံစံနှင့် ကန့် ကွက်မဲ ကြက်ခြေခတ်စဉ်။



မဲစာရွက်ပုံစံအား ပြန်လည်ရေးဆွဲထားသောပုံ။

အပြည့်ဖတ်မည်...

နအဖရဲ့  အတုအယောင် မဲပေးပွဲတွင် ဂျပန်ရောက် မျိုးချစ်မြန်မာများ ကန့် ကွက်ရန်ဆောင်ရွက်။

ဂျပန်နိုင်ငံနအဖသံရုံးတွင် မဲပေးပွဲပြုလုပ်ရာ မျိုးချစ်မြန်မာများမှ မဲလာပေးမည့်သူများကို ကန့် ကွက်မဲပေးရန် နှိုးဆော်တိုက်တွန်းစာများ ကပ်ထားစဉ်။ ဂုဏ်ယူလေးစားပါတယ် တိုင်းချစ်ပြည်ချစ် မျိုးချစ်မြန်မာတို့ ။



အပြည့်ဖတ်မည်...

Friday, April 25, 2008

အမျိုးဘာသာနှင့် တိုင်းပြည်အကျိုးသည် မိမိတို့ ကိုယ်ရေးကိုယ်တာများထက် ပဓာနကျသည်။













ကျွန်တော်တို့ ပြည်သူများ ရိုသေကိုင်းရှိုင်းရပါသော ရဟန်းသံဃာတော်များနှင့် ဂုဏ်ယူလေးစားရပါသော လူထုခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် တော်လှန်ရေးသစ္စာ၊ အမျိုးသားရေးသစ္စာဖြင့် တိုင်းပြည်နှင့်လူမျိုးထုကြီး တစ်ရပ်လုံး အာဏာရှင်လက်အောက်မှ အမြန်လွတ်မြောက်စေရန် ကျွန်တော်တို့ ပြည်သူများအားလုံး ကိုယ်စီကိုယ်ငှ တိုက်ပွဲဝင်သွားကြရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။

နစ်နေမန်းအနေဖြင့်လည်း တိုင်းပြည်အရေးနှင့် တော်လှန်ရေးအပေါ် မည့်သည့်အခါမျှ သစ္စာဖေါက်မည်မဟုတ်ကြောင်းနှင့် ရန်သူကို ရန်သူလို ပြတ်ပြတ်သားသား ဆက်ဆံသွားမည်ဖြစ်ပြီး၊ မိတ်ဆွေကို မိတ်ဆွေလို အလေးထားဆက်ဆံသွားမည် ဖြစ်သည်။

လေးစားလျက် - နစ်နေမန်း။

အပြည့်ဖတ်မည်...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အထူးကြေညာချက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အထူးကြေညာချက် (ရ/၄/၀၈)။




































အပြည့်ဖတ်မည်...

Thursday, April 24, 2008

သတင်းအတိုအထွာ (၂၄-၀၄-၀၈)။

(၁) ရန်ကုန်မြို့ ၊ တာမွေမြို့ နယ် ယုဇနပလာဇာ ရှေ့ တွင် ဆိုင်းဘုတ်ကြီးတစ်ခု ထောင်ထားပါတယ်။ ထောက် ခံ မဲပေးဖို့  တိုက်တွန်းရေးသားထားတာ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်သူတိုင်း အခြေခံဥပဒေကို ထောက်ခံကြဟု ရေးသားထားပါတယ်။

ဖတ်မိသူ ပြည်သူတိုင်းက အော့နှလုံးနာကာ စက်တင်ဘာအတွင်း ရဟန်းသံဃာတွေနဲ့  ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်သူ နအဖနှင့်လက်ပါးစေများမှ တိုင်းပြည်ကို ချစ်လျှင်ဘာလုပ်ပါ ညာလုပ်ပါနှင့် ပြောနေသည်မှာ အလွန်ရီရဖွယ်ကောင်းသော ဟာသပျက်လုံးဘဲဟု တီးတိုးပြောဆိုနေကြကြောင်း သိရှိရပါတယ်။

(၂) သိမ်ဖြူကုန်းဆင်းတွင် စစ်ကား (၄) စီး ချထားပြီး၊ ဒိုင်းတွေ နံပါတ်တုတ်တွေ ကိုင်ထားသော လုံထိန်းများ အပြည့် ပါရှိကြောင်း သိရှိရပါတယ်။ အယောက်အင်အား (၅၀) ခန့် ရှိပါတယ်။ မှောင်နေသောနေရာတွင် စစ်ကားများရပ်ထားခြင်း ဖြစ်ပါတယ်။ တွေ့ ရှိရသူ ပြည်သူများမှ ထိုကဲ့သို့  ဟန်ရေးပြ ခြိမ်းခြောက်ပြနေမှုအား မမှုကာ မိမိတို့ လုပ်သင့်သည်များကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် ပြည်သူတွေအလှည့်ပြန်ရောက်တော့မည့် အချိန်ကို ပါဝင်ရန် အဆင်သင့်ရှိနေကြကြောင်း ပြောဆိုနေကြပါသည်။

အပြည့်ဖတ်မည်...

Statement by Sasana Moli (Thailand)

Read this doc on Scribd: Monk Statement -24 4 08

အပြည့်ဖတ်မည်...

Australia (Melbourne) - New Year & Than Chat

Read this doc on Scribd: Australia Melbourne Thin Gyan 2008




Read this doc on Scribd: Australia

အပြည့်ဖတ်မည်...

Wednesday, April 23, 2008

Urgent Letter to SPDC Embassy in Australia

Regime representatives in Canberra are forcing Burmese passport holders (thousands of Burmese citizens) based in Australia to travel to Canberra and present in person this coming Tuesday 29 April 2008.

Please fax or email the following text (or adapt to suit you) to the Embassy of the Union of Myanmar - the email address is: mecanberra@bigpond.com.

Please forward this request to your friends.

Download the letter in http://www.mediafire.com/?0wbmtgstzpt)



(Source: Australia Burma Network).

အပြည့်ဖတ်မည်...

Let's Protest against SPDC sham referendum in New York

အပြည့်ဖတ်မည်...

Please distribute this leaflet for voters in Burma and abroad

Download Link for leaflet - http://www.mediafire.com/?3e1kckmd014

Download link for Information document - - http://www.mediafire.com/download.php?ijzj5jcgqxj

Download link for the Vote "NO" online - http://www.ipetitions.com/petition/voteno/

Read this doc on Scribd: Leaflet-Online+Vote+Watching+System

အပြည့်ဖတ်မည်...

Tuesday, April 22, 2008

Video: A Song for the “NO” Campaign

အပြည့်ဖတ်မည်...

SPDC has stolen NCGUB's Flag

Read this doc on Scribd: NCGUB flag and SPDC flag

















































အပြည့်ဖတ်မည်...

Junk Letter from SPDC

အပြည့်ဖတ်မည်...

Statement by NLD (21.04.08)



















အပြည့်ဖတ်မည်...

Monday, April 21, 2008

Statement by VBSW

Read this doc on Scribd: steel VBSW-2

အပြည့်ဖတ်မည်...

ီDo it bravely for your conutry

















အပြည့်ဖတ်မည်...

အပြည့်ဖတ်မည်...