Thursday, August 14, 2008

အဲမန်း (Air Mandalay) လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းထား။



















မြန်မာနိုင်ငံတွင် ပုဂ္ဂလိက လေကြောင်း (၃) လိုင်းရှိရာမှ အဲမန်း (Air Mandalay) လေကြောင်းလိုင်းပြေးဆွဲမှုကို ရပ်တန့် လိုက်ရကြောင်း သိရှိရပါတယ်။

ရန်ကုန်မှ မန္တလေးသို့  သွားရန် လက်မှတ်ဝယ်ခိုင်းရာတွင် လေယာဉ်လက်မှတ်ရောင်းဌာနအေးဂျင့် များမှ အဲမန်းက ပျံသန်းမှုကို ရပ်တန့် ထားကြောင်း ပြောဆိုပါတယ်။ အဲရန်ကုန် (Air Yangon) နှင့် အဲပုဂံ (Air Pagan) ဖြင့် သွားလိုပါက ရမည်ဖြစ်ကြောင်း ပြောပြပါတယ်။

အဲမန်းလေကြောင်းလိုင်းဟာ ၁၉၉၄ ခုနှစ်မှ စတင်ပြီး လေကြောင်းလိုင်းပြေးဆွဲခဲ့တာ ဖြစ်ပြီး မြန်မာ၊ စင်ကာပူနဲ့  မလေးရှားတို့ မှ အစုရှယ်ယာနဲ့ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

ယခုလောလောဆယ် လေယာဉ်ပျံသန်းမှုတွေကို ရပ်တန့် ထားတဲ့ အဲမန်းလေး လေကြောင်းလိုင်းဟာ မကြာခင် မြန်မာပြည်ကို စွန့်ခွာတော့မယ်လို့ ကြားရပါတယ်။

ကြားသိရသော အကြောင်းရင်းမှာ ၄င်းတို့ ဆီမှာရှိသော လက်ရှိလေယာဉ်များသည် ကြံ့ ခိုင်မှု အားနည်းလာခြင်းကြောင့် ပျံသန်းရာတွင် အန္တရာယ်ရှိနိုင်သဖြင့် လေယာဉ်အသစ်များ ၀ယ်ယူရန် တင်ပြသော်လည်း၊ နအဖမှ လက်ဝေခံ တေဇပိုင် အဲပုဂံ (Air Pagan) လေကြောင်းလိုင်းအား ယှဉ်ပြိုင်မှာ စိုးရိမ်သည့်အတွက် လေယာဉ်အသစ် ၀ယ်ယူခွင့်မပြုကြောင်း သိရှိရပါတယ်။

ထို့ အပြင် လေယာဉ်အသစ် မ၀ယ်ယူနိုင်ပါက ၀ယ်ယူမယ့်အစား လေယာဉ်ချင်း လဲလှယ်သုံးစွဲဖို့ တင်ပြခြင်းအားလည်း ပယ်ချခံရပါတယ်။ ဒီအပြင် အဲပုဂံတွင်လည်း လေယာဉ်လက်ကျန်မရှိသည့်အပြင် လေယာဉ်အသစ်များ မ၀ယ်နိုင်သဖြင့် လေယာဉ်ပျံသန်းမှု ဆက်လက်ပြုလုပ်ရာတွင် အခက်အခဲရှိနေကြောင်း နီးစပ်ရာ အသိုင်းအ၀ိုင်းမှတစ်ဆင့် ကြားသိရပါတယ်။