သိန်းစိန် ပူဇေမိ လုပ်နေကြသူများ။
မြန်မာသံရုံးမိသားစုတွေ ဘ၀လည်း ဆိုးရွားလွန်းပါတယ်။ ကျုံ့ ကျုံ့ ရုံ့ ရုံ့ လေးတွေ အောက်မှာထိုင်ပြီး လမ်းညွန်မှုများကို နာယူနေရတာ။ သိန်းစိန်တစ်ယောက် တရုတ်ပြည်ရောက်တော့ ပေကျင်းမြို့ က မြန်မာသံရုံးဝန်ထမ်းတွေကို အခွင့်ရတုန်း သြ၀ါဒချွေဦးမှဆိုပြီး ကဲ ကဲ အောက်မှာထိုင်ကြ၊။ သြ၀ါဒနာယူကြဆိုပြီး ဘုန်ကြီးတရားပေးသလို ပေးနေတာ။ ပြီးတော့ လက်ဆောင်ပစ္စည်းလေးတွေ ပေးကမ်းပြီး တာဝန်ကျေပွန်အောင် ကောင်းကောင်း ထမ်းဆောင်ကြ။ ပေးတာယူ၊ ကျွေးတာ စား၊ ရိုရိုသေသေ ဆက်ဆံ၊ နိုင်ငံတော်လူကြီးတွေကို ခံမပြောနဲ့  လို့  မိန့် ကြားခဲ့လေရဲ့ ။
သေသွားတဲ့ စိုးဝင်း စင်ကာပူမှာ ရောက်တုန်းကလည်း ဒီလိုဘဲ သံရုံးဝန်ထမ်းတွေကို အောက်ဖက်မှာ နားရွက်မလှုပ် မျက်တောင်တောင် မခတ်ခိုင်းဘဲ ထိုင်ခိုင်းပြီး၊ အာဏာရှင် အာဏာရူးတို့ ပီပီ ကုလားထိုင်မရှိရင် မထိုင်တတ်တော့တာမို့  ကုလားထိုင်ထက်နေ မိန့် မိန့် ကြီးထိုင်ကာ သြ၀ါဒ အချွေကောင်းခဲ့လို့  မတော်မတန်တာတွေ ပြုလုပ်မိခဲ့လို့ အ၀ီစိလမ်းကို ခပ်မြန်မြန်ကြီး မြန်းသွားခဲ့တာ၊ အခု သိန်းစိန်လည်း တစ်ပုံစံထဲဘဲ လိုက်လုပ်နေတာ ဘယ်တော့ ကြွမလည်း၊ ဘယ်တော့ စိုးဝင်းနောက် လိုက်မလည်းတော့ မသိဘူး။
မသူတော်ချင်း သီတင်းလွေ့ လွေ့ ဆိုတာလိုဘဲ နိုင်ငံတော် လူသတ်သမားကြီး တစ်ဦးဖြစ်တဲ့ နအဖ၀န်ကြီးချူပ်နဲ့  မြန်မာပြည်သူတွေဆီက အေးဓါးမြတိုက်နေတဲ့သူတွေဆိုတော့ မထူးဆန်းတော့ပါဘူး။ ခေါင်းပေါ်တင်ပြီး ကိုးကွယ်ထားရင်တောင် ကောင်းမယ်လို့  စဉ်းစားနေကြမယ့်သူတွေပါ။ ညအိပ်တိုင်းတောင် သန်းရွှေ ပူဇေမိ၊ မောင်အေး ပူဇေမိ၊ သိန်းစိန် ပူဇေမိတွေ နှုတ်ပါးစပ်က အဟုတ်မှတ်ပြီး ရွတ်ဖတ်နေကြမှာပါ။