တိုင်းပြည်အနာဂါတ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုက်ပွဲခေါ်သံအပေါ် လိုက်ကြစို့ ။
သြဂုတ်လ (၂၇) ရက်နေ့  မနက်ဖြန်က စပြီး အင်္ဂါဂြိုလ်ဟာ စတင်ပြီး အတောက်ပဆုံး အထွန်းလင်းဆုံးဖြစ်မှာ ဖြစ်ပါတယ်။ ဒီအင်္ဂါဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ ထွန်းလင်းတောက်ပမှာဖြစ်လို့  ကောင်းကင်မှာ လနှစ်စင်းအပြိုင် မြင်ရသကဲ့သို့  တွေ့ ရှိရမယ်လို့  နက္ခတ်ဗေဒပညာရှင်တွေက ပြောကြားပါတယ်။ ကမ္ဘာကြီးနဲ့  အနီးကပ်ဆုံးနေရာကို ရောက်ရှိလာမှာ ဖြစ်တယ်လို့  ပြောပါတယ်။
ဒီ့အတွက် တိုင်းပြည်ရဲ့  အနာဂတ်ခေါင်းဆောင် အပြောင်းအလဲ နိမိတ်အနေနဲ့ လည်း ထူးထူးခြားခြား ဖြစ်ပါတယ်။ ယခုဆိုလျှင် ကျွန်တော်တို့ ရဲ့  ပြည်သူလူထုခေါင်းဆောင် (အင်္ဂါနေ့ သမီး) ဒေါ်အောင်ဆန်းစုကြည်ကလည်း နအဖအာဏာရှင်ကို အစာငတ်ခံဆန္ဒပြကာ အမိမြန်မာပြည်နဲ့  ပြည်သူပြည်သားတွေ လွတ်လပ်ဖို့ အတွက် ဦးဆောင်တိုက်ပွဲဝင်တဲ့ ခြေလှမ်းတစ်လှမ်း တိုးလှမ်းလိုက်ပါပြီ။
ဒီ့အတွက် ကျွန်တော်တို့  ပြည်သူပြည်သားများအားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  တိုက်ပွဲစသံအပေါ်မှာ နားထောင်ကြည့်နေရုံ မကြည့်ဘဲ၊ မိမိတို့ စွမ်းအားရှိသမျှ နည်းလမ်းပေါင်းစုံနဲ့  အာဏာရှင်ကို ရဲရဲဝန့် ဝန့်  တိုက်ပွဲဝင်ကြပါစို့ လို့  နှိုးဆော်အပ်ပါတယ်။ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး တစ်ကျော့ပြန်သာမက အာဏာရှင်အား ဆန့် ကျင်တော်လှန်နေကြတဲ့ ပြည်တွင်းပြည်ပ အင်အားစုများပါ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အတူတကွ အာဏာရှင်အား အမြစ်ဖြုတ် မောင်းထုတ်ကြပါစို့ ။
ပြည်သူအင်အားသည်သာ အဓိကဖြစ်တဲ့အတွက် အာဏာရှင်ဟာ ကြာရှည်တောင့်ခံနိုင်မှာ မဟုတ်ဖူးဆိုတာနဲ့  စစ်တပ်အတွင်းမှ အခြေအနေအကြောင်းကြောင်းကြောင့် စောင့်ဆိုင်းနေကြတဲ့ အောက်ခြေအကြပ်တပ်သားရဲဘော်များဟာလည်း အာဏာရှင်ဗိုလ်ချူပ်ကြီးတွေကို ဆန့် ကျင်တွန်းလှန်ကြမှာ မလွဲမသွေဆိုတာ သမိုင်းသက်သေရှိပြီးသား ဖြစ်ပါတယ်။ မြန်မာပြည် လွတ်မြောက်ရေးတိုက်ပွဲ စတင်ကြပါစို့ ။