Tuesday, August 26, 2008

နအဖမှ သက်သေပြပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစာငတ်ခံဆန္ဒပြနေတာ မဟုတ်ပါဖူးလို့  နအဖမှ ငြင်းဆိုလိုက်ကြောင်း သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေတာ မဟုတ်ဖူးဆိုတာ နအဖအနေနဲ့  သက်သေပြလိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာပြည်သူလူထုအား မြန်မာ့ရုပ်မြင်သံကြားမှနေ တိုက်ရိုက်စကားပြောခွင့်ပေးဖို့ လိုပါတယ် (သို့ မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချူပ်ကနေ လွှတ်ပေးဖို့ ပါ။ ဒီနှစ်ချက်သာလျှင် နအဖအနေနဲ့  သက်သေပြရမှာ ဖြစ်ပါတယ်။

နအဖအနေနဲ့  ဒီလိုမှ မလုပ်ပြနိုင်ဖူး သက်သေမပြနိုင်ဖူးဆိုရင် နအဖပြောသမျှတွေကို ပြည်သူလူထုက လုံးဝယုံကြည်မှာ မဟုတ်ပါဖူး။

နအဖအနေနဲ့  ဒီအချက်နှစ်ချက်ထဲက တစ်ချက်နဲ့ မှ သက်သေမပြနိုင်ဖူးဆိုရင် ပြည်သူလူထုတော်လှန်မှုနဲ့  ရင်ဆိုင်ရမယ်ဆိုတာ အထူးသတိပေးလိုက်ပါတယ်။