Wednesday, August 27, 2008

အလင်းရောင် လက်ဖြာည (သို့မဟုတ်) လေးဖြူနဲ့ IC ရဲ့ နာဂစ်ရန်ပုံငွေပွဲ။

သြဂုတ် ၂၄ - ၂၅ ရက်နေ့ က ရန်ကုန်မြို့ ၊ သုဝဏ္ဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီးမှာ နာဂစ်ဒုက္ခသည်တွေကိုကူညီဖို့ အတွက် နာမည်ကျော် IRON CROSS တေးဂီတအဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမယ့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ စတိတ်ရှိုးပွဲကို ကျင်းပခဲ့ပါတယ်။


















ပရိုဂျက်တာပေါ်မှာ မြစ်ပြင်ကျယ်တွေ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တံငါတွေ၊ ဆော့ကစားပြေးလွှားနေတဲ့ ကလေးငယ်ပုံ ရိပ်တွေက လှုပ်ရှားသက်ဝင်ပြသခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လျှပ်စီးလျှပ်လက်ရောင်တွေထပြီး မုန်တိုင်းဒီရေတွေတက်လာတဲ့ ပုံတွေ တခုတခုပြီး ပြသခဲ့ပါတယ်။ ပြီးတော့ ငိုကြွေးနေတဲ့ကလေးငယ်တွေ၊ ဒုက္ခရောက်နေတဲ့ လူကြီးလူငယ်တွေရဲ့ပုံတွေက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။







































ဘယ်တော့မှ စတိတ်ရှိုးမဆိုတော့ပါဘူးလို့ ကြေညာထားတဲ့ အဆိုတော်ကြီး လေးဖြူ တကိုယ်တော်ဖျော်ဖြေသီဆိုဖြော်ဖြေခဲ့ပါတယ်။ “ခင်ဗျားတို့နဲ့အတူ နာဂစ်လေဘေးဒုက္ခသည်တွေအတွက် ကုသိုလ်ပြုရတာ အရမ်းပျော်ရွှင်ပါတယ်။ အားလုံး မင်္ဂလာပါ”လို့ လေးဖြူ နှုတ်ခွန်းဆက်ပြီးချိန်မှာတော့ ပရိသတ်ရဲ့ လှုပ်ရှားမှုတွေက လေးဖြူ သီဆိုတဲ့ ရော့ခ် သီချင်းတွေမှာ နစ်မျောခုန် ပေါက်ကြတယ်။ အဆိုတော်လေးဖြူက “ဒီညလေးကိုတော့ ဘယ်လိုမှမေ့လို့ရတော့မှာမဟုတ်ပါဘူး” သီဆိုပြီးတဲ့နောက် ပရိသတ်ရဲ့  ပွဲတောင်းမှုကြောင့် သီချင်းနှစ်ပုဒ်နဲ့  ထပ်မံဖြော်ဖြေခဲ့ပါတယ်။
အဆိုတော် လေးဖြူက နောက်ဆုံးပွဲသိမ်းသီချင်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော နာမည်ကြီး သီချင်းဖြစ်တဲ့ “အလင်းရောင်” သီချင်းကို ဖျော်ဖြေတော့ ပရိသတ်ကလည်း သီချင်းကို သံပြိုင်အော်ဟစ်သီဆိုခဲ့ကြပါတယ်။ တချို့ပရိသတ်တွေက မီးခြစ် ကိုခြစ်ပြီး မီးတောက်လေးတွေကို ဝှေ့ယမ်းပြီး လွမ်းလွမ်းဆွေးဆွေးအားပေးခဲ့ကြပါတယ်။



(ဗွီဒီယိုမှတ်တမ်းအား မြန်မာမျှားနတ်မောင်မှ ရရှိပါသဖြင့် အထူးကျေးဇူးတင်ရှိပါသည်)။