Wednesday, August 27, 2008

တိုင်ကြားပါ။

တနင်္သာရီတိုင်းတိုင်းမှူး (ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ်) က တနင်္သာရီတိုင်းအတွင်း ဖြစ်ပျက်နေသော အကြောင်းအရာအမျိုးမျိုး၊ ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလွဲသုံးစားမှုများ၊ လမ်းတံတားခ ပိုမို ကောက်ခံနေမှုများ၊ အနိုင်ကျင့်မှု အမျိုးမျိုးကို တိုက်ရိုက်တိုင်ကြားဖို့ အတွက် တနင်္သာရီတိုင်းအတွင်း နေထိုင်သူတွေကို ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၅၉-၂၂၂၁၂ နဲ့  ၀၅၉-၂၂၂၁၄ ကို တိုင်ကြားဖို့  အသိပေးကြေညာထားတယ်လို့  သိရှိရပါတယ်။

အလွဲသုံးစားလုပ်တယ်ဆိုတာ ပြည်သူပိုင်ပစ္စည်း၊ အများသူငှာအတွက် လှူဒါန်းထားသောပစ္စည်းများကို မိမိအကျိုးအတွက် လိမ်လည် သိမ်းပိုက် အသုံးချတာတွေပါ အကျုံးဝင်ပါတယ်။

အကျင့်ပျက်မှုများကတော့ လာဘ်စားတာတွေ၊ မိန်းမ အပျိုအအို အရွယ်ရောက်ရောက် မရောက်ရောက် ကာယအိနြေ္ဒပျက်ပြားစေရုံမက လိင်ပိုင်းဆိုင်ရာ အဓမ္မကျင့်တာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ရောင်းချတာတွေက အစ ပါဝင်တယ်။

အနိုင်ကျင့်မှုတွေကတော့ မြောင်းဖောက်လမ်းဖောက်လုပ်ငန်းတွေမှာ ခြိမ်းခြောက်ခိုင်းစေတာတွေ၊ အချိန်မရှိ ညဉ့် နက်သန်းကောင်မှာ လူအိပ်ချိန်မှာ ၀င်ရောက်ရှာဖွေတာတွေ၊ တိကျတဲ့ ဥပဒေဘောင်အတွင်းက စာရွက်စာတမ်းတွေ မပါဘဲ ခေါ်ဆောင်သွားတာတွေ၊ ခိုင်မာတဲ့ အပြစ်တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးတာတွေ၊ လက်လွတ်စပယ် ရိုက်နှက်ထိုးကြိတ်တာတွေ၊ အုပ်စုဖွဲ့  လက်နက်ပြ အာဏာနဲ့ ခြိမ်းခြောက်တာတွေ၊ လူတစ်ဦးချင်းစီရဲ့  ရသင့်ရထိုက် ရှိသင့်ရှိထိုက်တဲ့ လူသားအခွင့်အရေးတွေကို ကန့် သတ်ချူပ်ချယ်မှုလုပ်တာတွေပါ ပါဝင်ပတ်သက်တယ်။

ဒီအတွက် ဒါတွေ ကျူးလွန်ရင် ဘယ်သူဘဲဖြစ်ဖြစ် အရေးယူခြင်းခံရအောင် တိုင်ကြားကြပါ။

ပြည်သူများ တိုင်စရာရှိရင် တိုင်ကြပါ။ အကျင့်ပျက်သူများ၊ အလွဲသုံးစားလုပ်သူများ၊ အနိုင်ကျင့်သူများ ဘယ်သူတွေလည်း ဆိုတာ သိကြမှာပါ။ တနင်္သာရီတိုင်းအတွင်းက မည်သူမဆိုကို တိုင်စရာရှိရင် မခွဲခြားဘဲ အရေးယူပေးဖို့ လေးပါ သေသေချာချာ တိုင်ပါ။

တိုင်းမှူး မကောင်းရင်လည်း တိုင်းမှူး၊ တိုင်းမှူး မိန်းမ မကောင်းရင်လည်း တိုင်းမှူးမိန်းမ ချန်တော့ မထားနဲ့ ။ ဒီအထဲမှာ ကြံ့ ဖွတ်တို့ ၊ စွမ်းအားရှင်တို့ ၊ ရဲတို့ လည်း ပါပါတယ်။ ဌာနဆိုင်ရာများ ၀န်ထမ်းများဆိုတော့ သူတို့ က ထိပ်ဆုံးက ပါပါတယ်။

တိုင်ပါ။ ကျူးလွန်တဲ့သူက ထိပ်ဆုံးကသူ ဖြစ်နေရင်လည်း တိုင်သာတိုင်ပါ။ အောက်ခြေက သာမန်ဝန်ထမ်းအလုပ်သမားတွေလောက်ဘဲ အရေးယူခံတာမျိုးက မဖြစ်သင့်ပါဖူး။

တစ်ခုလေးတော့ သတိပေးလိုပါတယ်။ တိုင်ရင်တော့ နာမည်ရင်း၊ နေရာလိပ်စာ တိတိကျကျနဲ့ တော့ မတိုင်မိပါစေနဲ့ လို့ ဗျာ။ ကျူးလွန်တဲ့သူကို အရေးယူပေးဖို့  တိုင်ပါတယ်ဆိုမှ တိုင်တဲ့သူ ဒုက္ခရောက်တာ သာဓကတွေ ရှိလို့ ပါ။

ကျူးလွန်သူက တနင်္သာရီတိုင်းတိုင်းမှူးနဲ့  ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ်လက်အောက်ကသူတွေ၊ ကြံ့ ဖွတ်တို့  ရဲတို့  စွမ်းအားရှင်တို့ ဖြစ်နေလို့  အရေးယူပေးဖို့  တိုင်ရင်တော့ ပိုပြီး သတိထားပေါ့ဗျာ။

ဒါပေမယ့် တိုင်တော့ တိုင်ကြည့်လိုက်ပါ။ ကြေညာထားသလို လက်တွေ့ အရေးယူ မယူလေး သိရတာပေါ့ဗျာ။ ကျူးလွန်နေတာကို အရေးယူပါမယ်လို့  ကြေညာထားသူကိုယ်တိုင်က အရေးမယူရင် အရေးယူမခံရရင်တော့ အရေးယူမယ့်သူကိုယ်တိုင်က ကျူးလွန်နေသူဖြစ်ပါကြောင်း ပြသတာ ဖြစ်ပါလိမ့် မယ်။