Wednesday, August 27, 2008

တိုင်းပြည်မှာ တစ်ခုခုဖြစ်မယ့် နိမိတ်။


















မနေ့ က ခောတ်ပြိုင်သတင်းမှာ ပါလာတဲ့ မူဆယ်ရပ်တော်မူ ဘုရားမျက်နှာတော်မှာ ပျားစွဲတယ်ဆိုတာ သတင်းဖတ်ရတာရော ဓါတ်ပုံပါတွေ့ ရတော့ တိုင်းရေးပြည်ရေး တစ်ခုခုတော့ ထူးထူးခြားခြား ထပ်ဖြစ်ဦးမယ်လို့  ယူဆပါတယ်။

ခောတ်ပြိုင်သတင်းမှာ ရေးထားတာကတော့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ်ရှိတဲ့ မဟာသန္တိသုခ ရပ်တော်မူဘုရားရဲ့  မျက်နှာတော်မှာ သြဂုတ် (၂၀) ရက်မှစပြီး ပျားများ ထူးဆန်းစွာလာရောက်စွဲနေတာကြောင့် ဒေသခံလူထုအကြား အံ့ဖွယ်ဖြစ်ရပ်အဖြစ် သွားရောက်ဖူးမြော် ကြည့်ရှုသူများဖြင့် စည်ကားနေတယ်လို့  ဆိုပါတယ်။

တောင်ပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ အဆိုပါ ရပ်တော်မူဘုရားဆင်းတုဟာ ဥာဏ်
တော်(၈၁) ပေရှိပြီး အမိုးအကာမရှိ လေတိုက်ခြင်း၊ မိုးရွာခြင်း ခံနေရသည့်ကြားမှ ပျားများ
လာရောက်စွဲနေတာကြောင့် ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့  မူဆယ် ဒေသခံတဦးက ပြောကြားကြောင်း သိရှိရပါတယ်။

အလားတူ ဘုရားမျက်နှာတော်မှာ ပျားစွဲတဲ့ အဖြစ်အပျက်ဟာ ကျန်ခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီး မကြာခင်လေးမှာ ဖြစ်ခဲ့ဖူးပါတယ်။

ပုဂံမြို့ မှာရှိတဲ့ မင်္ဂလာဘုရားနားက ဘုရားတစ်ဆူ၏ မျက်နှာတော်ပေါ်တွင် ပျားများ ပျားအုံဖွဲ့ ကာနေတာ တွေ့ မြင်ခဲ့ရခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာသာသနာနဲ့  သံဃာတော်တွေကို ဒိဌိနအဖနဲ့  အရိုင်းအစိုင်းများကနေ မိုက်မိုက်ရိုင်းရိုင်းစော်ကားမှု ဖြစ်ပွားပြီးနောက်၊ တွေ့ မြင်ရသော ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်တွင် ပျားအုံစွဲခြင်းဖြစ်ပါတယ်။

အဲ့ဒီအချိန်ကာလတုန်းက ပျားအုံဖွဲ့ ခြင်းနှင့် ပတ်သက်ပြီး အချို့ သောမိတ်ဆွေတွေကို ထင်မြင်ချက်လေးတွေ မေးကြည့်ခဲ့တုန်းကဆိုရင် မိတ်ဆွေတစ်ဦး ပြောပြခဲ့တာကတော့ “လူကြီးသူမတွေကတော့ ဘုရားဆင်းတုတော်တွေမှာ အပင်ပေါက်တာ ပျားအုံဖွဲ့တာတွေကို ကြည့်ပီး တိုင်းပြည်ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြတာ ကြားဖူးတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆင်းတုတော်မှာ ပျားစွဲတာဟာ စားဝတ်နေရေး ဘေးဆိုက်မယ်လို့ ကောက်ယူကြလို့ပဲ၊” လို့  ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ နာဂစ်မုန်တိုင်းဘေး ဒုက္ခ ဒီနှစ်ထဲမှာ ကြုံတွေ့ ခဲ့ရလို့  ပြည်သူတွေ အသက်ဆုံးရှုံးကြရပါတယ်။ ဆန်စပါးထွက်ရာ အဓိကဒေသဖြစ်တဲ့ ဧရာဝတီဒေသမှာ ဖြစ်ခဲ့လို့  တစ်တိုင်းပြည်လုံး စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်ပါတယ်။

အခြား မိတ်ဆွေတစ်ဦးပြောပြခဲ့တာကတော့ - “တိုင်းပြည်ရဲ့  လက်ရှိအုပ်ချူပ်နေတဲ့ အကြီးအကဲသေမယ်” လို့  ပြောကြားခဲ့ပါတယ်။ အခု မူဆယ်က ရပ်တော်မူဘုရား မျက်နှာမှာ ပျားစွဲတာ ထပ်ဖြစ်တယ်ဆိုတော့ နအဖခေါင်းဆောင် သန်းရွှေကလည်း မီးစာညွန့် ကျိုးချိန်ဖြစ်နေပြီဆိုတော့ အလားအလာ သူ့ အတွက် မကောင်းဖူး ထင်တယ်။

နောက် မိတ်ဆွေတစ်ဦး ပြောကြားခဲ့တာကတော့ - “ရှေးကျမ်းများ အဆိုအရ ပျားအုံခြင်းတည်းဟူသော နိမိတ်သည် ကျနော်တို မြန်မာပြည်အတွက် ယခုနှစ်အတွင်း ဘေးဆိုးရန်ဆိုး အသွယ်သွယ်မှ ကင်းလွတ်ပြီး ငြိမ်းချမ်းသာယာသော အခြေအနေကို အမြန်မကြာရလိမ့်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သလို၊ မြန်မာပြည်သူပြည်သားတွေအနေနဲ့  လက်တွေ့ မှာလည်း ဒီလို နမိတ်ပြတာလို့  မိတ်ဆွေတစ်ဦးက အခုလို ပြောကြားတိုက်တွန်းခဲ့ပါတယ် - “ပျားအုံတွေ ဘယ်လောက်ပဲ ဖွတ်ခံရဖွတ်ခံရ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပျား မရှိပါဘူး။ ညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်ကြစမြဲပါ။ အခု ဘုရားဆင်းတုမျက်နှာတော်မှာ ပျားအုံဖွဲ့ တယ်ဆိုတော့ ဘုရားသားတော်တွေကို ညီညီညွတ်ညွတ်နဲ့  ပြန်လည်တည်ဆောက်ကြလော့လို့  ဗျာဒိတ်တော်ပေးနေတယ်လို့  ယူဆပါတယ်” လို့  ဆိုပါတယ်။

(ဒါကြောင့် တိုင်းပြည်မှာ ပြည်သူပြည်သားတွေကို ညဉ်းပမ်းနှိပ်သူ မှန်သမျှ အမြန်ကျဆုံးပါစေ။

တိုင်းသူပြည်သားများ ဘေးမသီ ရန်မခဘဲ လိုရာဆန္ဒများ အမြန်ပြည့်ဝကြပါစေ။

ပြည်သူပြည်သားတွေ အာဏာရှင်ကို အမြန်တွန်းလှန်တိုက်ထုတ်နိုင်ကြပါစေ။

သာသနာတော်စောင့် နတ်ကောင်းနတ်အပေါင်းတို့ မှ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။

သာသနာတော်ကို ထိပါးစော်ကားတဲ့ မိစ္ဆာဒိဌိများ အမြန်ကျဆုံးပါစေလို့ ။)

ယခု မူဆယ်မြို့ က ရပ်တော်မူဘုရား မျက်နှာတော်မှာ ပျားစွဲတာ ဘာဖြစ်မလည်းဆိုတာ ကြည့်ကြရင်းနဲ့  ကဲ - မြန်မာပြည်သူပြည်သားအပေါင်းတို့ ရေ - နိမိတ်ကလည်း အဘက်ဘက်က ပြနေပြီ။ ကိုယ်တိုင်ကလည်း အားလေးထည့်ပြီး တွန်းလိုက်ကြစို့ ၊ အာဏာရှင် အမြန်ပြုတ်ကျအောင်။