Wednesday, August 6, 2008

ကိုယ့်တိုင်းပြည်ကို ချစ်ကြပါ။ ကိုယ့်လူမျိုးကို တန်ဖိုးထားကြပါ။

(၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း အသက်စွန့် လွှတ်ခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။)

ကိုယ့်တိုင်းပြည်အတွက် အသက်ကိုပေးရတယ်ဆိုတာ အင်မတန်မှ ကြည်နူးစရာကောင်းတယ်။ အင်မတန်မှသင့်တော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ တိုင်းပြည်ကို အားလုံးထက် ပိုပြီးတော့ ချစ်ရမယ် ။ မိမိရဲ့ မိဘများထက်လဲ ပိုပြီးချစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်က ဒီမိသားစု၊ ဒီမိဘအားလုံးကို မွေးထုတ်လိုက်တဲ့ တိုင်းပြည်ပဲ။ အားလုံးရဲ့ ကျေးဇူးရှင်ပဲ ဖြစ်တယ်။

ပြည်သူလူထု အားလုံးရဲ့ ကျေးဇူးရှင် ဖြစ်တဲ့ နိုင်ငံကို အမြဲပဲ အထွတ်အမြတ်ထားရမယ် ။
ဒီနိုင်ငံအတွက်ဆိုရင် ဘာပဲစွန့်ရ စွန့်ရ စွန့်နိုင်တဲ့ သတ္တိရှိရမယ် ။ လူတိုင်းလူတိုင်းအတွက် အစွန့်နိုင်ဆုံး၊ တန်ဘိုး အရှိဆုံးအရာကတော့ မိမိရဲ့ အသက်ပဲ ။ အဲ့ဒီတော့ ကိုယ့်ရဲ့ တန်ဘိုးအရှိဆုံး အသက်ကို စွန့်လွှတ်သွားတဲ့ ဒီမိုကရေစီရဲဘော်တွေကို ထောက်ထားသောအားဖြင့် ကျမတို့ဟာ ဒီမိုကရေစီ အောင်မြင်တဲ့အထိ ချီတက်သွားရမယ် ။

(ဒေါ်အောင်ဆန်းစုကြည်၊ ၁၅-၁-၁၉၈၉) (လပွတ္တာ၊ ဒီချုပ်ရုံး)။