မြန်မာပြည်အရေးအတွက် ဆက်လက်ချီတက်။
သာသနာ့ဥသျှောင်ဆရာတော်များနှင့် မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် မိုင်ပေါင်း သုံးထောင်ကျော် လမ်းလျှောက်ခဲ့သော ကိုအေသင်နှင့် အဖွဲ့အား သာသနာ့ဥသျှောင်က ဆရာတော်များက နယူးဂျာစီနှင့် နယူးယောက် ပြည်နယ် နှစ်ခု အစပ် ၀ါရှင်တံတားတွင် ကြိုဆိုခဲ့သည်။
ထို့ နောက် ဆရာတော်များ ဦဆောင်ကာ ဘရုတ်ဝေး လမ်းမကြီးအတိုင်း နံနက် (၇) နာရီ (၃၀) မိနစ်အချိန်ကစပြီး ၀ါရှင်တန်တံတာက စတင်လျှောက်ခဲ့သည်။ အမေရိကန် ကျောင်းသူ ကျောင်းသားများနှင့် အမေရိကန်လူထုကလည်း လမ်းဘေးတလျှောက် ဒီမိုကရေစီ ရရှိရေး လမ်းလျှောက်နေမူကို အားပေးခဲ့ကြသည်။
နေ့ လည်ပိုင်း( ၂ ) နာရီအချိန်တွင် သာသနာဥသျှောင် ဌာနချုပ်သို့  ပြန်ရောက်ရှိခဲ့သည်။
သြဂုတ်လ (၅) ရက်နေ့ တွင်လည်း သာသနာဥသျှောင်အဖွဲ့ ကြီး၏ အစီစဉ်ဖြင့် ဆက်လက် လမ်းလျှောက်ချီတက်မည်ဖြစ်ကြောင်း သိရှိရသည်။