Tuesday, August 12, 2008

(၁၃) သြဂုတ် ဆန်ပြသနာနေ့  မမေ့ကြနဲ့ ။

သြဂုတ်လ (၁၃) ရက်နေ့ သည် ရခိုင်တစ်မျိုးသားလုံးနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး မမေ့အပ်သောနေ့ တနေ့ ဖြစ်ပါတယ်။ မဆလ ဗိုလ်နေ၀င်း စစ်အစိုးရ.လက်ပါးစေတပ်သားများက ငြိမ်ချမ်းစွာ ဆန္ဒပြလာသော လူအုပ်ကြီးကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သောနေ့ ဖြစ်ပါတယ်။ ၄င်းနေ့ ကို (၁၃) သြဂုတ်ဆန်ပြသနာနေ့  လို့  ခေါ်တွင်ပါတယ်။ ရခိုင်ပြည် စစ်တွေမြို့  ကုန်တန်းလမ်း မြဆန်စက်ရှေ့ တွင် ပြည်သူ (၃၀၀) ခန့်  ပစ်သတ် ခံရပြီး မသေမရှင် လူအချို့ ကို အရှင်လတ်လတ် မီရှိးခဲ့သောနေ့  ဖြစ်ပါတယ်။