Friday, August 8, 2008

နှစ် (၂၀) ပြည့်မြောက် ရှစ်လေးလုံးအရေးတော်ပုံကြီး အထိမ်းအမှတ် ကျင်းပခြင်း (မလေးရှားနိုင်ငံ)။


၈.၈.၀၈ နေ့တွင် ကျရောက်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ၏ အနှစ် (၂၀) ပြည့် အခမ်းအနား အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲရုံးခန်းနှင့် ဂျိုဟိုး နယ်မြေ မေမြန်မာ စတိုး တို့တွင် ယနေ့နံနက် (၁၀:၀၀) အချိန်၌ တပြိုင်နက်ကျင်းပပြုလုပ်ကြပါသည်။



(သတင်းအပြည့်အစုံဖတ်ရန်အတွက် ပို့ စ်အား အကျယ်ချဲ့ ကြည့်နိုင်ပါသည်)။



အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား မှ ဥက္ကဌ ဦးကျော်ကျော် နှင့် အလုပ်အမှုဆောင်များ နယ်မြေအသီးသီးမှ အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အခမ်းအနားအစီအစဉ်အဖြစ် ရှစ်လေးလုံးအရေတော်ပုံ၌ အသက်စွန့်ပေးလှူသွားကြသော ဒီမိုကရေစီသူရဲကောင်း ရဟန်း ၊ ရှင် ၊ လူ ၊ ကျောင်းသား ၊ ပြည်သူအပေါင်းတို့အား ရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းကာ ဒီမိုကရေစီသူရဲကောင်းများ ကောင်းရာသုဂတိရောက်စေကြောင်းနှင့် မိမိတို့၏တရားမျှတ သော ဒီမိုကရေစီတိုက်ပွဲ အောင်မြင်စေကြောင်း ဆုတောင်းမေတ္တာပို့သကာ ရေစက်ချအမျှ ပေးဝေပါသည်။

အဆိုပါအခမ်းအနား၌ ရှစ်လေးလုံးအရေးတော်ပုံအတွင်း ဖြစ်ပျက်ခဲ့သော သမိုင်းပုံရိပ်များအား ဆောင်းပါး ပန်းချီ ၊ ကာတွန်း ၊ ကဗျာ ၊ ဓါတ်ပုံများနှင့် ပြသထားပြီး စစ်အစိုးရ၏ မတရားဖမ်းဆီးခံထားရသော ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များ ၊ အခြားအဖမ်းဆီးခံ ထားရသောတော်လှန်ရေးရဲဘော်များ နှင့် ရဟန်းတော်များ၏ဓါတ်ပုံများကိုလည်း တနေကုန်ခင်းကျင်း ပြသထား ပါသည်။ ဂျိုဟိုနယ်မြေရှိ မေမြန်မာစတိုး မှ ပြပွဲအား ၎င်းနယ်မြေ၌ လာရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများ လေ့လာနိုင်ရန်အတွက် နောက်နှစ်ရက်ခန့် ဆက်လက်ပြသထားမည်ဟု နယ်မြေတာဝန်ခံ ကိုသိန်းအောင် မှ ပြောကြားပါသည်။

ထို့နောက် အခမ်းအနားအစီအစဉ်အား နေ့လည် (၁:၀၀) နာရီအချိန်တွင်အောင်မြင်စွာဖြင့်ရုပ်သိမ်းလိုက်ပါ သည်။