ဒဂုံတက္ကသိုလ်မှ ယနေ့ အခြေအနေ အနေအထားများ။
ယနေ့ ဒဂုံတက္ကသိုလ်ကျောင်းတွင် နအဖမှ လုံခြုံရေးတင်းကျပ်စွာချထားပါသည်။ ယမန်နေ့ က တက္ကသိုလ်ပါမောက္ခကိုယ်တိုင် ယနေ့ တွင် အနက်ရောင်မ၀တ်ကြရန် ပြောဆိုတားမြစ်ခဲ့ပါသည်။
သို့ သော် ယနေ့ တွင် အချို့ သော ကျောင်းသားကျောင်းသူများမှ အနက်ရောင်အ၀တ်အစားများ ၀တ်ဆင်ပြီး ကျောင်းတက်ကြရာ ကျောင်းဝင်းအတွင်းသို့ ဝင်ခွင့်ပေးခဲ့သော်လည်း အဆိုပါ ကျောင်းသူကျောင်းသားများ၏ အမည်နှင့် ခုံနံပါတ်များအား မှတ်ယူထားပါသည်။
ဒဂုံတက္ကသိုလ်ကျောင်းဝန်းအတွင်းတွင် အရပ်ဝတ်နျင့် လုံခြုံရေးတွေများ များပြားစွာ တွေ့ရပြီး ဆိုင်ကယ်များ စက်ဘီးများနှင့် လှည့်လည်လျက်ရှိပါသည်။
အချို့ ကျောင်းသားများသည် အနက်ရောင်အား အပေါ်မှ ၀တ်ဆင်ရုံသာမက အောက်ခံအ၀တ်အစားအားလည်း အနီရောင်ဝတ်ကြသည့်အပြင် ယောပုဆိုးများပါ ၀တ်ဆင်ကြပါသည်။
အနက်ရောင် အနီရောင်ဝတ်ထားသူများအား နအဖဘက်တော်သားများမှ နောက်မှ တကောက်ကောက် လိုက်ကြည့်ကြပါသည်။
အချို့ သော ကျောင်းအဆောင်များထဲသို့  နအဖဘက်တော်သားများမှ ခြိမ်းခြောက်စာများ ၀င်ရောက်ပေးကာ လက်မှတ်ထိုးခိုင်းပါသည်။
ယနေ့ တွင် ရှစ်လေးလုံး အနှစ် (၂၀) ပြည့်မြောက်နေ့  အထိမ်းအမှတ်နေ့  ဖြစ်သောကြောင့် အချို့ ကျောင်းသားကျောင်းသူများ ကိုယ်တိုင် ကျောင်းမတက်ကြသကဲ့သို့ ၊ ကျောင်းလာတက်ကြသူများအားလည်း ဆရာဆရာမများမှ ကျူတိုရီယယ်၊ ပရက်တီကယ်ပြီးသည်နှင့် ကျောင်းမှ အတင်းပြန်ခိုင်းပါသည်။
ထို့ အပြင် ယနေ့ တွင် ကျောင်းသူတစ်ဦးနှင့် ဆရာတစ်ဦး ပြသနာဖြစ်ပွားပါသည်။ ဖြစ်ပွားမှုမှာ - အဆိုပါကျောင်းသူမှာ ကျောင်းသားကဒ်ပြား မေ့ကျန်ခဲ့သဖြင့် မချိတ်ဆွဲထားမိရာ၊ ကျောင်းဝင်းအတွင်းလှည့်လည်စောင့်ကြည့်နေသော ဆရာနှင့် တွေ့ ချိန်တွင် ဆရာမှ ကျောင်းသားကဒ် ဘာလို့ မချိတ်ထားတာလည်းဟု မေးပါသည်။ မေ့ကျန်ခဲ့သည်ဟု ပြန်လည်ဖြေဆိုရာတွင် ခုံနံပါတ်အား မေးမြန်းပါသည်။ အဆိုပါ ကျောင်းသူမှ မိမိ၏ ခုံနံပါတ်အား အမှန်အတိုင်းပြောပြသော်လည်း အမှန်ပြောပါ - မင်းတို့ ကျောင်းသားကျောင်းသူတွေက ကလိမ်ကကျစ်တွေချည်းဘဲဟု ၄င်းဆရာက ပြန်ပြောပါသည်။
ယခုကဲ့သို့  ကျောင်းသားကျောင်းသူများအား ထိပါးစော်ကားသည့်အတွက် အဆိုပါ ကျောင်းသူမှာ ဒေါသထွက်ကာ ပြန်ပြောမိသဖြင့် ကျောင်းရုံးခန်းသို့  ခေါ်ဆောင်သွားခံရကာ ပါမောက္ခ၏ မေးမြန်းမှုကို ခံရပါသည်။ အမှန်အတိုင်း ရှင်းပြပြောဆိုသော်လည်း ပါမောက္ခ ကိုယ်တိုင်ကပင်လျှင် ဆရာဘက်မှ လိုက်ကာ အဆိုပါ ကျောင်းသူအား နောင် ဒီလိုမလုပ်ရန် ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းပါသည်။ ၄င်းနောက် ယခုကိစ္စအား မည်သူကိုမျှ ပြန်မပြောပြရန် ပါမောက္ခက တားမြစ်ပိတ်ပင်ပါသည်။
ယခုအခါတွင် ဒဂုံတက္ကသိုလ်မှ အဆိုပါ ပါမောက္ခနှင့် ဆရာအချို့ မှာ ကျောင်းသားကျောင်းသူများအပေါ် တပည့်သားသမီးသဖွယ် ကာကွယ်စောင့်ရှောက် နားလည်ပေးမှု မထားရှိသည့်အပြင် မိမိတို့  နာမည်ကောင်းရရေး၊ ရာထူးတိုးမြင့်ရေး၊ အထက်အုပ်ချူပ်သူများနှင့် အဆင်ပြေချောမွေ့ ရေးတို့ အတွက် ဦးစားပေးနေကာ၊ ဆရာဆရာမတို့ ၏ စစ်မှန်သော ဆရာ့တာဝန်ဝတ္တရားတို့ ဖြစ်သည့် ၀ါသနာ၊ စေတနာ၊ အနစ်နာတည်းဟူသော နာသုံးနာ လုံးဝမရှိတော့ဘဲ ဖားတာ၊ ၀ါးတာ၊ အနိုင်ကျင့်တာဆိုသည် အချက်သုံးခုကို အစားထိုးကျင့်သုံးနေကြပါသည်။
ယနေ့ အခြေအနေနှင့် ယခုလို ဖြစ်ပွားမှုအား ကြားသိကြသော ကျောင်းသား ကျောင်းသူများမှာ မကျေနပ်မှုများ ပေါ်ပေါက်နေကြပါသည်။